Pages

Wednesday, September 26, 2012

ချက်သမ္မတနိုင်ငံ အကူအညီဖြင့် မြန်မာကလေး ၂ ဦး နှလုံးခွဲစိတ်မှု အောင်မြင်

 
ချက်သမ္မတ နိုင်ငံတွင် နှလုံးခွဲစိတ်ကုသမှု ခံယူအောင်မြင်ခဲ့ပြီး ပြန်ရောက်လာသော ကလေး ၂ ဦးနှင့် လိုက်ပါပို့ဆောင်သူများ (ဓာတ်ပုံ – အောင်သက်ဝိုင်း / ဧရာဝတီ)
မြန်မာနိုင်ငံမှလုံးရောဂါဝေဒနာခံစားနေရသောကလေးငယ်၃ဦးကိုချက်သမ္မတနိုင်ငံနိုင်ငံခြားရေး ၀န်ကြီးဌာ
န၏စီစဉ်ပံ့ပိုးမှုဖြင့်၎င်းနိုင်ငံပရက်ဂ်မြို့Motolဆေးရုံတွင်ခွဲစိတ်ကုသပေးခဲ့ရာကလေး၂ ဦး၏ ဆေးကုသမှု
အောင်မြင်ခဲ့ပြီး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။
ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Karel Schwarzenberg က မြန်မာနိုင်ငံသို့ ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၉ရက်နေ့အထိလာရောက်ပြီးနောက်ကျန်းမာရေးအကူအညီ(MEDEVAC)ကို စတင် ပေးအပ်ခဲ့ကြောင်း သိ
ရှိရသည်။
 
ယင်းအကူအညီအရ မြန်မာနိုင်ငံမှ နှလုံးရောဂါ ခံစားနေရသော ကလေးများ ဖြစ်သည့် အသက် ၂ နှစ် အရွယ်မလင်းမြတ်အေး၊အသက်၈နှစ်အရွယ်မောင်နန်ဂျာမွန်ရွှန်းနှင့်မောင်မင်းထက်ဟိန်းတို့ကိုရွေးချယ်ကာ
ချက်သမ္မတနိုင်ငံသို့ခေါ်ယူပြီးခွဲစိတ်ဆေးကုသမှုပေးခဲ့ကြောင်း၊အသက်၈ နှစ်အရွယ်မောင်နန်ဂျာမွန်ရွှန်းနှင့်
မောင်မင်းဟိန်းထက်တို့မှာခွဲစိတ်ကုသမှုအောင်မြင်ကြောင်းထိုင်းနိုင်ငံဆိုင်ရာချက်သမ္မတနိုင်ငံသံအမတ်ကြီး
၏ ဇနီးဖြစ်သူ Mrs. Renata Greplova က ဧရာဝတီသို့ ပြောသည်။
 
“မလင်းမြတ်ဟိန်းကတာ့ခွဲစိတ်မှုထပ်လိုအပ်နေပါသေးတယ်။အဲဒါကြောင့်သူကဆေးဝါးကုသမှု ခံယူနေဆဲပါ။ ကျန်တဲ့ကလေးနှစ်ယောက်ကတော့ခွဲစိတ်မှုအောင်မြင်လို့ဒီကိုပြန်လာနိုင်ပါပြီ။ ချက်သမ္မတ နိုင်ငံအနေနဲ့ မြန်
မာနိုင်ငံကဒီလိုရောဂါဝေဒနာခံစားနေရတဲ့ကလေးတွေကိုချက်သမ္မတနိုင်ငံမှာထပ်ပြီး ကုသမှု ပေးသွားနိုင်
မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။
 
မြန်မာပြည်မှကလေး၃ဦးကို၂၀၁၂ခုနှစ်ဇူလိုင်လ၁၉ရက်နေ့တွင်အထူးလေယာဉ်ဖြင့် ချက်သမ္မတနိုင်ငံသို့
ခေါ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
 
ဆေးကုသမှုအောင်မြင်ပြီးမြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသောမောင်မင်းဟိန်းထက်၏ မိခင် ဒေါ်သန္တာ
ဦးက ချက်အစိုးရနှင့် မြန်မာအစိုးရကို ကျေးဇူးတင်ကြောင်း ပြောဆိုသည်။
 
“ကလေးကလုံးရောဂါ ခံစားနေရတာကြာပြီ။ ကျွန်မတို့ဆို ကလေးအတွက် ဆေးရုံပြေးလိုက်၊ ဆေးကုလိုက်နဲ့ အရမ်းပင်ပန်းခဲ့ရတာ။ အခုတော့ ချက်အစိုးရနဲ့ ဒီကလူကြီးတွေ ဆောင်ရွက်ပေးမှုနဲ့ ကလေးကို ချက်နိုင်ငံမှာ
အောင်အောင်မြင်မြင်ဆးကုနိုင်တာပြောမပြတတ်အောင်ဝမ်းသာပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်
” ဟု ဒေါ်သန္တာဦးက ဆိုသည်။
 
မောင်နန်ဂျာမွန်ရွှန်း၏မိခင်LJA AWN HKAM ကမူ သားဖြစ်သူသည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေခဲ့ရာမှ ယခုကဲ့သို့ ပြန်လည်ကောင်းမွန် လာခြင်းအပေါ် အလွန်ဝမ်းမြောက်ကြောင်း ပြောသည်။
 
ဆေးကုသမှု အောင်မြင်ခဲ့သော ကလေးငယ် ၂ ဦးနှင့် မိခင် ၂ ဦးတို့ကို ထိုင်းနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး၏ဇနီးMr.Renata၊ ထိုင်းနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံရုံး၏ ဒုတိယအကြီးအကဲ Mrs.Andrea Hyniova တို့က ဘန်ကောက် မြို့မှ ရန်ကုန်အထိ ပြန်လည်လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသည်။
 
အောင်သက်ဝိုင်း ပူးပေါင်းရေးသားသည်။
 
ဧရာဝတီ

0 comments:

Post a Comment