Pages

Wednesday, September 26, 2012

တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘောကို စစ်တပ်ထံလွှဲအပ်



တရုတ်နိုင်ငံ၏ ပထမဆုံးသော လေယာဉ်တင် သင်္ဘောကို စစ်တပ်ထံ လွှဲအပ်မှု အခမ်းအနားကို အင်္ဂါနေ့က
အောင်မြင်စွာကျင်းပပြုလုပ်သွားခဲ့သည်။ နှစ်နှင့်ချီပြီးပင်လယ်ပြင်စမ်းသပ်မှုများ ပြလုပ်ပြီးသည့်နောက်သမ္မတ
ဟူကျင်တောင်၊ ဝန်ကြီးချုပ်ဝမ်ကျားပေါင်တို့အပါအဝင်နိုင်ငံအကြီးအကဲများ တက်ရောက်သည့်အခမ်းအနား
၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လက်ထဲသို့ လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်။

ရေတပ်၏ အဓိက ကန်ထရိုက် လက်တွဲဖော်ဖြစ်သော တရုတ် သင်္ဘောကျင်း စက်မှု ကော်ပိုရေးရှင်းက ဂုဏ်
ထူးဆောင်အခမ်းအနားတစ်ရပ်ကျင်းပကာ နိုင်ငံသမိုင်းတစ်လျှောက်ပထမဆုံးသော လေယာဉ်တင်သင်္ဘော

ကို ဂုဏ်ယူစွာ လွှဲအပ်ခဲ့ခြင်း ဖြစ်သည်။


ဗဟိုစစ်ရေး ကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်သော သမ္မတက သင်္ဘောပေါ်တွင် ပြည်သူ့လွတ်မြောက်ရေး တပ်
မတော်၏ အလံကို လွှင့်တင်ပေးခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင် သင်္ဘောတွင် ဦး
စီးမှူးရာထူး ခန့်အပ်ခံရသူ အကြီးတန်းဗိုလ်ကြီး ဇန်ဇန်းကိုလည်း ရာထူးခန့်အပ်စာ ပေးအပ်ခဲ့သည်။ 

"တရုတ်ရေတပ်အတွက်တော့အမြဲတမ်း အမှတ်ရနေမယ့် နေ့တစ်နေ့ပါပဲ။ကျွန်တော်တို့ နိုင်ငံရဲ့ ရေတပ်ဟာ
လေယာဉ်တင်သင်္ဘောပိုင်ဆိုင်တဲ့ ခေတ်သစ်ထဲဝင်ရောက်လာပါပြီ"ဟုဇန်ကသတင်းထောက်များအား ပြော
ကြားခဲ့သည်။


၎င်းက "တပ်မတော်က ပေးအပ်တဲ့ အလံကို သမ္မတဆီကတစ်ဆင့် လက်ခံရရှိခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်
အတွက် သိပ်ကို အားကောင်းတဲ့ တာဝန်သိတတ်မှုကို ခံစားရစေတယ်။ ကျွန်တော့် နှလုံးအိမ်မှာ မြဲမြဲမြံမြံ ကြည်နူးမိစေပါတယ်"ဟုလည်း ဆိုသည်။ 

ဇန်သည် ယခင်က ရေတပ်တွင် ဖရီးဂိတ် စစ်သင်္ဘောကြီးများနှင့် ဖျက်သင်္ဘောများ၏ ဦးစီးမှူး တာဝန်ကို ထမ်းဆောင်ခဲ့ဖူးပြီး ဖြစ်သည်။ လီယာအိုနင်ဟု အမည်ပေးထားသော သင်္ဘောကြီးပေါ်တွင် တင်ဆောင်မည့် တိုက်လေယာဉ် အမျိုးအစားများကို ရေတပ်က အတည်ပြု ဖော်ပြခြင်း မရှိသေးချေ။


လီယာအိုနင်သည် ဆိုဗီယက်ခေတ် လေယာဉ်တင် သင်္ဘောဟောင်း တစ်စင်းအား တရုတ်ကုမ္ပဏီ တစ်ခုက ကြားခံဝယ်ယူကာ အဆင့်မြင့်နည်းပညာများဖြင့် ပြုပြင်မွမ်းမံ တည်ဆောက်ထားခြင်းဖြစ်သည်။တရုတ်သည်
အင်ဂျင်၊ တက်မနှင့် အဓိက မောင်းနှင်မှု စနစ်တို့ မပါဝင်တော့သည့် ရီဂါအမည်ရှိ သင်္ဘောကြီး၏ ကိုယ်ထည်
ကို (၁၉၉၈)ခုနှစ်တွင် ဒေါ်လာသန်း(၂၀) ဈေးပေး ဝယ်ယူကာ ဆယ်စုနှစ် (၁)ခုကျော်ကြာ အချိန်ယူပြီး ခေတ်
မီ တိုက်ခိုက်ရေး ယန္တယားကြီးအဖြစ် ပြန်လည် အသက်သွင်းခဲ့ခြင်းဟု သိရှိရသည်။

Xinhua, (Planet Myanmar Media:

0 comments:

Post a Comment