Pages

Wednesday, September 26, 2012

မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ကြောင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံ၏စီးပွားရေးချွတ်ခြုံကျမှုသည်စီးပွားရေးပိတ်ဆို့မှုကြောင့်မဟုတ်ဘဲစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်
သာဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။အမေရိ
ကန်နိုင်ငံကွန်ဂရက်လွှတ်တော်ကအရပ်သားများကိုပေးအပ်သည့်ဆုများအနက်အမြင့်ဆုံးဖြစ်သည့် Congres
sionalGoldMedalဆုကိုလက်ခံရယူရန်စက်တင်ဘာလ၁၆ရက်နေ့မှစ၍အမေရိကန် ပြည်ထောင်စုသို့ ရောက်
ရှိနေ စဉ်ဒေါ်အောင်ဆန်းစုကြည်က CNN နှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
''မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့တာ Sanction ကြောင့်လို့ မထင်ပါဘူး။ ကမ္ဘာ့ငွေကြေးအဖွဲ့ IMF ရဲ့စစ်တမ်းတွေကိုကျွန်မကိုးကားပြီးပြောလေ့ရှိပါတယ်။မြန်မာ့စီးပွားရေးချွတ်ခြုံကျရတာSanctionကြောင့်မ
ဟုတ်ဘဲစီမံခန့်ခွဲညံ့ဖျင်းခြင်းကြောင့်ပါ''ဟုဒေါ်အောင်ဆန်းစုကြည်ကအင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။
 
သို့သော်မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များသည်စီးပွားရေးပိတ်ဆို့မှု တစ်ခုတည်းကြောင့် ဖြစ်ပေါ်
ခဲ့သည်မဟုတ်သော်လည်းနိုင်ငံရေးအရအရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်ကြောင်းလည်း ငြိမ်းချမ်းရေးနို
ဗယ်ဆုရှင် ဒေါ်အောင်ဆန်းစု ကြည်က အင်တာဗျူးတွင် ဖြေကြားခဲ့ပါသည်။
 
အမေရိကန်သို့တင်သွင်းသည့်မြန်မာ့ထွက်ကုန်များအပေါ်ပိတ်ဆို့ထားသည့်exportsanctionကို ပယ်ဖျက်ပေး
ရန်အတွက်လည်းဒေါ်အောင်ဆန်းစုကြည်က''ရုပ်သိမ်းသင့်ပြီလို့ထင်ပါတယ်။လုံးဝရုပ်သိမ်းတာ မဟုတ်ရင်
တောင်မှလျော့ချတာမျိုး လုပ်လို့ ရပါတယ်။ အဲလိုလုပ်တာကို ကျွန်မအားပေးမှာပါ။ ကျွန်မတို့ ပြည်သူတွေကို သူတို့လုပ်နိုင်တာပြဖို့အခွင့်အရေးပေးရမယ့်အချိန်ရောက်ပြီလို့ထင်ပါတယ်''ဟုအင်တာဗျူးတွင်တိုက်တွန်းပြော
ကြားခဲ့သည်။
 
စက်တင်ဘာလအတွင်းကနိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ရာတွင် မိမိတို့ NLD  အပါအ၀င် ပါတီအဖွဲ့အစည်းများ၏စာရင်းရှိနိုင်ငံရေးသမားများလွတ်မြောက်လာခြင်းမရှိကြောင်းနှင့်အမြန်ဆုံး လွတ်
မြောက်ရန်ထင်ကြောင်း ပြော ကြားခဲ့သည်။
 
ထို့အပြင် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရမှုများနှင့် ပိတ်ဆို့မှုများသည် ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်ခြင်းဟု မယူဆကြောင်း၊ စစ်ဗိုလ်များကို သဘောကျကြောင်းနှင့် ဖခင်တည်ထောင်ခဲ့သော စစ်တပ်ဖြစ်သောကြောင့် လုပ်ရပ်များကိုသဘောမကျလျှင်ပင်မေတ္တာရှိကြောင်းစစ်တပ်အပေါ်ထားသည့်သူမ၏ သဘောထားကို ဖြေ
ကြားခဲ့သည်။
 
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူများမပါဝင်ခဲ့လျှင် ဖြစ်နိုင်မည်မဟုတ်ကြောင်း၊ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင်မဲအပြတ်အသတ်အနိုင်ရခဲ့သော်လည်း၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက်
မည်မျှအနိုင်ရရှိမည်ကို ပြောရန်စောသေးကြောင်းနှင့် လာမည့်ရွေးကောက်ပွဲမတိုင်မီ တကယ့်ဒီမိုကရေစီ တည်ဆောက်ရေးကသာပိုမိုအရေးကြီးပြီးလုပ်ဆောင်ချက်များကသာ၂၀၁၅ခုနှစ်အတွက် ဆုံးဖြတ်ပေးသွား
မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
 
ကွဲကွာနေသော သားကြီးနှင့် ၎င်းတို့အကြား ဆက်ဆံရေးနှင့်ပတ်သက်၍ အင်တာဗျူးတွင် ''ကျွန်မသားနဲ့ ကျွန်မမစိမ်းပါဘူး။အချင်းချင်းနှစ်ပေါင်းများစွာမတွေ့ကြတဲ့လူတွေကိုဒီလိုပဲပြောချင်ကြမယ်လို့ ထင်ပါတယ်''
ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။
 
မြန်မာနိုင်ငံသို့ လာရောက်ရင်း နှီးမြှုပ်နှံမည့်သူများသည် ၎င်းတို့အတွက်အပြင် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။
 
မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများဖြေလျော့မှုကို မိမိအနေဖြင့် အလေးအနက်ထောက်ခံပါကြောင်းနှင့် ပိတ်ဆို့မှုများအဆုံးသတ်ရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း
စုကြည်ကစက်တင်ဘာလ၁၈ရက်နေ့တွင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန်နှင့် တွေ့ဆုံ
ပြီး နောက်ပိုင်းတွင်လည်း ပြောကြားခဲ့သည်။
 
ထို့အတူအမေရိကန်ပြည်ထောင်စုသမ္မတအိုဘားမားကလည်းမြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများအကောင်
အထည်ဖော်မှုကို အမေရိကန်အနေဖြင့် ကူညီမည်ဖြစ်ကြောင်းလည်း ပြောကြားထားပါသည်။
 
အမေရိကန်အပါအ၀င်အနောက်ဥပရောပသမဂ္ဂနိုင်ငံများမှ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ပြန်လည်ဖြေလျော့မှုများ ပြုလုပ်ခဲ့သည်။
 
 
EMG

0 comments:

Post a Comment