Pages

Tuesday, August 14, 2012

Window 8 OS တွင် ပါဝင်လာမည့် စိတ်ဝင်စားဖွယ် Feature ၆ မျိုး


(၁) Boot in Less than 20 seconds

OS တစ်ခုကို Boot တက်ဖို့အတွက် ၂၀စက္ကန့်ထက်မပိုဘူးဆိုတဲ့ Window 8 မှာ ပါဝင်လာမယ့် Feature အမှန်
တကယ်ပါဝင်လာခဲ့ရင် ထင်ထားတာတက်ပိုပြီး စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်
တစ်ခုပါပဲ။


Microsoft ရဲ့ OS developers တွေရဲ့ ထူးခြားတဲ့ တီထွင်ဖန်တီးနိုင်မှုအဖြစ် “Hybrid Boot Mode” ကို Window
8မှာ အသုံးချခွင့် တကယ်ပေးလာမယ်လို့ အင်တာနက်သတင်းတွေ ပေါက်ကြားလာတဲ့ သတင်းတွေအရ
သေချာမှုအတော်လေးရှိနေတာကို တွေ့မြင်နိုင်ပါတယ်။

ဒီ Hybrid Boot Mode ဟာ လက်ရှိသုံးနေတဲ့ ဖွင့်ထားတဲ့ Window OS စနစ်ကို စက္ကန့် ၂၀ထက်မပိုတဲ့အချိန်
အတွင်းမှာ ပိတ်နိုင်၊ ဖွင့်နိုင်မယ်လို့ ဆိုပါတယ်။

ဒီစနစ်ကို ယခု Window 7 မှာဝါ၀င်ပြီးသားဖြစ်တဲ့ Log off နဲပ Hibernate ဆိုတဲ့ Features နှစ်မျိုးကို ပေါင်းစပ်
ပြီး အသစ်တီထွင်ဖန်တီးမှုရဲ့ ရလဒ်လို့ ဆိုနိုင်ပါတယ်။ ဒီ Feature ရဲ့လုပ်ဆောင်ပုံကတော့ Shudown ခလုတ်
ကို နှပ်လိုက်တာနဲ့တစ်ပြိုင်နက် Log off အဖြစ်ဖွင့်ထားသမျှ App တွေအားလုံးကို ပိတ်လိုက်ပြီး Hibernate ဆိုတဲ့ Feature ရဲ့လုပ်ဆောင်ချက်နဲ့ အဆုံးသတ်ပိတ်ထားလိုက်ပါတယ်။

Power ပြန်ဖွင့်ပြီး Window ပြန်တက်တဲ့အချိန်မှာ ဒီ Hybrid Boot Mode ရဲ့လုပ်ဆောင်ချက်ကြောင့် စက္ကန့် ၂၀ထက် နောက်မကျတဲ့ Widnow 8 ရဲ့ Screen Homepage ကိုမြင်တွေ့နိုင်စေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို Screen shot တွေအဖြစ် အင်တာနက်စာမျက်နှာတွေမှာ သတင်းပေါက်ကြားခဲ့
တာကိုလည်း နေရာတော်တော်များများမှာ ရေးသားချက်များကို လေ့လာနိုင်မှာဖ်ြစပါတယ်။

(၂) Two user interface

Window 8 ထွက်လာရင် မျှော်လင့်ချက်တွေများစွာနဲ့ အသစ်ပါဝင်လာမယ့် Features တွေများစွာကို စိတ်လှုပ်ရှားစွာ စောင့်စားနေတဲ့အထဲမှာ ဒုတိယလိုက်နေတဲံ Feature အသစ်တစ်မျိုးကတော့ User Interface(UI) ကို ပုံစံနှစ်မျိုးနဲ့ မြင်တွေ့နိုင်မယ်ဆိုတဲ့ အချက်ပါပဲ။

ပုံစံတစ်မျိုးကတော့ ပုံမှန် Window OS တွေမှာ ပါဝင်နေကြပုံစံမျိုးဖြစ်ပြီး နောက်တစ်မျိုးကတော့ Tablet အခြေခံ Device တွေ၊ Touch စနစ်အသုံးပြုနိုင်တဲ့ Device တွေအတွက် ရည်ရွယ်ထားတဲ့ Touch friendly user interface ဖြစ်ပါတယ်။ Microsoft ရဲ့ Developer တွေ ဖန်တီးနိုင်မှုများစွာထဲမှာ Microsoft ရဲ့ တပင်တိုင်နန်းစံ Internet Explorer Browser ကို Touch အခြေခံဗားရှင်းအဖြစ် ထုတ်လုပ်နိုင်ခဲ့မှုမှာလည်း တစ်ခုအပါအ၀င်ဖြစ်
စေခဲ့ပါတယ်။ အဲ့ဒိ IE Browser အသစ်ပုံစံမှာ Address bar တစ်ခုတည်းကိုပဲ ပြထားမှာဖြစ်ပြီး ကျန်တဲ့ လုပ်ဆောင်ချက်တွေ၊ Tab တွေအားလုံးကို မြင်တွေ့နိုင်မှာမဟုတ်ပါဘူး။

Touch friendly စနစ်အတွက် လုံခြုံမှု စိတ်ချနိုင်စေဖို့အတွက် ယခင် Window OS တွေမှာသုံးတဲ့ Password ပုံစံထက် Ardroid OS တွေမှာ သုံးနေတဲ့ Grid Pattem ပုံစံမျိုးနဲ့ ဖြစ်လာမယ်လို့ ပေါက်ကြားလာတဲ့ အင်တာ
နက် သတင်းတွေမှာ ဆိုထားပါတယ်။ ထူးခြားပြီး ဆန်းသစ်တဲ့ အသွင်အပြင်နဲ့မို့ Window OS ချစ်သူတွေ စွဲမက်စရာ ဖြစ်စေပါလိမ့်မယ်။

(၃) Window Store

Window store ဆိုတာကတော့ Microsoft ရဲ့ Application ထုတ်ကုန်တွေအားလုံးကို Apple store လိုမျိုး Android market လိုမျိုး ရယူအသုံးပြုနိုင်ကြောင်းကို ရည်ညွန်းခြင်းပဲဖြစ်ပါတယ်။ ဒီ Window store ကနေပြီး သင့် Browser ကနေတိုက်ရိုက်ချိတ်ကာ လိုင်စင်နဲ့ ရောင်းချတဲ့ App တွေ၊ လူသုံးအများဆုံး App စာရင်းတွေ
နဲ့ နမူနာအဖြစ်ပေးသုံးတဲ့ Trial version လိုမျိုးကို ဒီ Window store ဥာ တကယ် Window 8 မှာ ပါဝင်လာမယ်
ဆိုရင် သင့်အနေနဲ့ fully download ပေးတဲ့အချိန်အထိ စောင့်ဆိုင်းနေစရာမလိုဘဲ အချိန်မရွေး App store ကနေ ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဘာနဲ့ နမူနာတူလဲဆိုတော့ google ရဲ့ Chrome OS နဲ့ သွားတူမှာဖြစ်ပါတယ် ဒါကြောင့် Tablet တွေလိုမျိုး သိမ်း
ဆည်းစရာနေရာကန့်သတ်ချက်ရှိတဲ့ Device တွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ဘယ် Application ကိုမှ ကွန်ပျူတာရဲ့ Disk space ပေါ်ကို Install လုပ်စရာမလိုဘဲ အသုံးပြုနိုင်စေမှာဖြစ်ပါ
တယ် ။

ဒါကတော့ Window 8 မှာ ပါဝင်လာမယ်လို့ တစ်ပြေးနေတဲ့ Top 6 feature တွေထဲကတတိယမြောက်ရှေ့ပြေး
နေတဲ့ Feature အသစ်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၄) Automatic Maintenance

Microsoft က နောက်ထပ်ထုတ်မယ့် Window 8 မှာ New feature အနေနဲ့ပါဝင်လာမယ့် Feature တစ်ခုက
တော့ “Automatic Maintenance” ဆိုတဲ့ Feature ပဲဖြစ်ပါတယ်။ သူရဲ့ လုပ်ဆောင်ချက်ကတော့ သင့်ကွန်ပျူ
တာ က Hard disk တွေ Net optimization service တွေကို အလိုအလျှောက် စစ်ဆေးကာ လိုအပ်တာတွေကို အလိုအလျှောက်ပြုပြင် ထိန်းသိမ်းဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

Window 7 မှာပါဝင်တဲ့ Disk Cleanup ထက် ပိုမိုအစွမ်းထက်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်
မလိုအပ်တဲ့ ဖိုင်တွေကို အလိုအလျှောက် ဖြေရှင်ေးပးနိုင်စွမ်းရှိတာကြောင့် သင့်ရဲ့ ကွန်ပျူတာကို အမြဲတမ်း
ပေါ့ပါးပြီး လျှင်မြန်နေစေမှာဖြစ်ပါတယ်။ လုပ်ဆောင်အသေးစိတ်အချက်အလက်တွေကို မသိနိုင်သေးပေ
မယ့် Window 7 မှာထက်ပိုပြီး အစွမ်းထက်တဲ့ Disk Cleanup Utility ဖြစ်မယ်ဆိုတာကိုတော့ အားလုံးက မျှော်
လင့်နေကြပါတယ်။

(၅) New Windows Explorer

Window 8 ထွက်တဲ့အခါမှာ Window အားလုံးမှာ မြင်တွေ့နေကျဖြစ်တဲ့ Window Explorer တွေနဲ့မတူတာကို
တော့ ပထမဆုံးမြင်တွေခံစားရမှာသေချာပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေကို အလွယ်တကူသိနိုင်သလို အသုံးပြုရမှာလည်း ပိုပြီး လွယ်ကူရှင်းလင်းနေမှာဖြစ်တယ်လို့ အင်တာနက် သတင်းတွေရဲ့ သတင်းပေါက်
ကြားမှုတွေမျာ မြင်တွေ့နေရပါတယ်။

အဓိကအပြောင်းအလဲအဖြစ် မြင်တွေ့ရမှာကတော့ Explorer ရဲ့ Menu ပုံစံဖြစ်ပြီး နေ့စဉ်နဲ့အမျှ လုပ်ဆောင်
ချက်တွေကို Startcuts အနေနဲ့ မှတ်သားထားပေးမှာဖြစ်ပါတယ်။ ဒီ Menu ပုံစံကို တစ်ချို့ အင်တာနက် စာ
မျက်နှာတွေမှာတော့ Ribbon Menu ဆိုပြီး ခေါ်ဝေါသုံးစွဲကြတာတွေ့နိုင်ပါတယ်။ ဒီ Ribbon Menu Style ကပဲ Window 8 ရဲ့ အသွင်ကို တခြား Window OS ပုံစံတွေကနေ ခွဲထုတ်နိုင်စေမှာဖြစ်ပါတယ်။

အရင် Window တွေမှာ Right click ကနေ အသုံးပြုခဲ့ရတဲ့ တချို့လုပ်ဆောင်ချက်တွေကို Window explorer ရဲ့ Ribbon menu မှာ ထည့်သွင်းတည်ဆောက်ထားတဲ့ Screen shot တွေ၊ အင်တာနက်မှာ ပျံ့နှံနေတာကို မြင်တွေ
့နိုင်ပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်တွေကို ပုံမှန်ကလစ် နှစ်ချက်၊ သုံးချက်နဲ့ အလုပ်လုပ်ခဲ့ရတဲ့ ကြာချိန်တွေ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

(၆) Window Time Machine

Microsoft ရဲ့ Window 8 မှာ ပါဝင်လာမယ်လို့ နာမည်ကြီးနေတဲ့ Feature အသစ်တစ်မျိုးကတော့ Window Time Machine ပဲဖြစ်ပါတယ်။

ဒီ Feature ဟာ သင်မှားဖျက်မိလိုက်တဲ့ ဖိုင်တွေ၊ Data တွေကို Backup အနေနဲ့ ပြန်လည်ရယူနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်အတွက် Window OS သမိုင်းတစ်လျှောက်မှာ Third Party tool တွေ
ကိုပဲ သုံးစွဲခဲ့ကြရပါတယ်။ အခုတော့ Window 8 ကနေစပြီး Third Part Tool တွေကို သုံးစရာမလိုတော့ပါဘူး။

 ဒီ Feature ဟာ Window မှာပါနေကျဖြစ်တဲ့ Restore option နဲ့ ခပ်ဆင်ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်ချက်ကတော့ မတူညီပါဘူး။ Window Time Machine ရဲ့ လုပ်ဆောင်ချက်ဟာ Apple ရဲ့ နောက်ဆုံးထုတ်ဗားရှင်းဖြစ်တဲ့ Mas OS X Lion ရဲ့ Apple Time Machine နဲ့ ခပ်ဆင်ဆင်တူတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ဒီ Feature ကို တခြားအင်တာနက် စာမျက်နှာတစ်ချို့မှာတော့ History Vault ဆိုပြီး ခေါ်ဆိုမှုတွေ ရှိနေပါသေးတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဖျက်မိတဲ့ ပျက်သွားတဲ့ ဖိုင်တွေ အရေးတကြီး Data တွေကို ပြန်လညရယူနိုင်တော့မှာ ဖြစ်ပါတယ်။

  Myanmar Internet Journal

0 comments:

Post a Comment