သြဂုတ် ၉ ရက် နေ့စွဲ နဲ့ အစိုးရကဖွဲ့စည်းကြောင်း ကြေညာခဲ့တဲ့ အမြုတေ စာနယ်ဇင်းကောင်စီ ရဲ့လုပ်ငန်း
တွေကို မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း MJA ကိုယ်စားလှယ်များ မပါဝင်တော့သဖြင့်
ဆိုင်းငံ့ထား
ပြည်ထောင်စုဝန်ကြီး နဲ့ ပြန်ကြားရေးဝန်ကြီးဖြစ်တဲ့ ဦးကျော်ဆန်း နဲ့ MJA
ကိုယ်စားလှယ်တွေ တနင်္ဂနွေနေ့
မနေ့က ရန်ကုန်မြို့၊
သိမ်ဖြူလမ်း၊ဗဟိုပုံနှိပ်တိုက်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဝန်ကြီးက အခုလိုပြောဆို
ခဲ့တာ ဖြစ်ပါတယ်။
အစိုးရရဲ့ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်မှာ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း MJA က လက်မခံနိုင်တဲ့ အချက်တွေ ပါဝင်နေတဲ့အတွက် ပြင်ဆင်ပြောင်းလဲပေးရန်နဲ့ အဲဒီတောင်း
အစိုးရရဲ့ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်မှာ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း MJA က လက်မခံနိုင်တဲ့ အချက်တွေ ပါဝင်နေတဲ့အတွက် ပြင်ဆင်ပြောင်းလဲပေးရန်နဲ့ အဲဒီတောင်း
ဆိုချက်တွေကို ပြင်ဆင်မပေးဘူးဆိုရင် အမြုတေစာနယ်ဇင်းကောင်စီတွင်
မိမိတို့ ပါဝင်တော့မည် မဟုတ်
ကြောင်း သြဂုတ် ၁၁ ရက်နေ့ကကျင်းပခဲ့တဲ့
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာ
ခံမှာ
တရားဝင်ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးကျော်ဆန်းက MJA ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံခဲ့
တာဖြစ်တယ်လို့ဆိုပါတယ်။
MJA ကိုယ်စားလှယ်တွေကလဲ ပြန်ကြားရေးဝန်ကြီးဌာနက အမြုတေစာနယ်ဇင်းကောင်စီနှင့် စပ်လျဉ်းပြီး
MJA ကိုယ်စားလှယ်တွေကလဲ ပြန်ကြားရေးဝန်ကြီးဌာနက အမြုတေစာနယ်ဇင်းကောင်စီနှင့် စပ်လျဉ်းပြီး
နောက်ထပ်
ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်မယ်ဆိုရင် မိမိတို့ကို ကြိုတင် အသိပေးဖို့
ပြောကြားခဲ့
ကြောင်း သိရပါတယ်။
မနေ့ကတွေ့ဆုံပွဲကို မြန်မာနိုင်ငံ
သတင်းစာဆရာများအသင်း နာယက ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဥက္ကဌ ဦးစိုးသိမ်း
(မောင်ဝံသ)၊ ဒုဥက္ကဌ-၁ ဦးကိုကို၊ ဒုဥက္ကဌ-၂ ဦးသီဟစော၊
နိုင်ငံခြားဆက်ဆံရေးမှူး ဦးအောင်လှထွန်း စုစုပေါင်း ၅ဦး
တက်ရောက်ခဲ့ပါတယ်။
RFA (Burmese)
0 comments:
Post a Comment