Pages

Tuesday, August 14, 2012

Facebook မှာ Like လုပ်လို့ အလုပ်ဖြုတ်ခံရ တဲ့ ၀န်ထ မ်း ခြောက်ဦး

သြဂုတ်လ ၁၁ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှာ မှတ်သားစရာသတင်းလေးတစ်ပုဒ်ပါလာပါတယ်။ ဒီသတင်းမှာ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီယားပြည်နယ်မှာ ပြည်ထောင်စုတရားသူကြီးတစ်ဦးက Fac ebook နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုချတဲ့အကြောင်းရေးထားပါတယ်။
ဖြစ်စဉ်ကတော့ ဒေသန္တရ အုပ် ချုပ်ရေး အဖွဲ့ရွေးကောက်ပွဲမှာ အနိုင် ရသွားတဲ့ ရဲမှူးက သူလည်းတာဝန်ယူစတင်ယူရော သူ့ရုံးက ၀န်ထ မ်း ခြောက်ဦးကို အလုပ်က ရပ်စဲလိုက်တယ်။ အဲဒီအခါ မှာ အလုပ်ကရပ်စဲခံရသူတွေက သူတို့ ဟာ ပြို င် ဘက် ကိုယ်စားလှယ်လောင်းရဲ့ Facebook စာမျက်နှာကို Like လုပ်ခဲ့တဲ့ အတွက် လက် စားချေ ခံရ တြာ   ဖစ် တ ယ်ဆိုပြီး တရားရုံးကို ဦးတိုက်လျှောက်ခဲ့တာဖြစ်ပါတယ်။ 
 
သူတို့က Facebook မှာ  like  တာဟာအမေရိကန်အခြေခံဥပဒေ ပထမပြင်ဆင်ချက်  First Amendment  ကပေးအပ်ထားတဲ့ လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးတာဖြစ်တယ်၊ဒါ့ကြောင့်သူတို့ကို အခုလို အရေးယူတာမျိုးမလုပ်သင့်ဘူးလို့ အကြောင်း ပြပါတယ်။
ပြည်ထောင်စုတရားသူကြီး RAYMOND A. JACKSON ကတော့ Facebook မှာ စာပိုဒ်၊ စာကြောင်းရေးသားတာဟာ ပထမ ပြင်ဆင်ချက်နဲ့အကျုံးဝင်ပေမယ့် Like လုပ်တာဟာ တိကျပီပြင်တဲ့ထုတ်ဖော်ပြောကြားချက်မဟုတ်ဘူး။ ဒါ့ကြောင့် ဒါကို အကြောင်းပြပြီး အခြေခံဥပဒေအကာအကွယ်ရယူဖို့အတွက် တရားစွဲဆိုရန်မသင့်ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ တရား လိုများဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို အထက်တရားရုံးတွေကို ဆက်ပြီးအယူခံမယ်လို့ ပြောထားပါတယ်။
ဒီဖြစ်စဉ်ဟာတစ်ဖြေးဖြေးနဲ့ အဓိကသတင်းဖလှယ်ရာမီဒီယာဖြစ်လာတဲ့ Facebook လို အင်တာနက်လူမှုရေးကွန်ယက် တွေအပေါ်က ပြောဆိုမှုတွေကို တည်ဆဲဥပဒေတွေထဲမှာ ဘယ်လို ထည့်သွင်းစဉ်းစားမလဲဆိုတဲ့ ကိစ္စကို ထင်ဟပ်နေတာ ပဲဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံအများစုမှာတော့ Facebook လိုလူမှုရေးကွန်ယက်တွေပေါ်မှာ လွတ်လပ်စွာ ရေးသားခွင့်ကိုကာကွယ်သလို အဲဒီအပေါ်မှာ လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းတွေ၊ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ အရေး အသားတွေကို ဥပဒေအရအရေးယူတာတွေလည်းရှိပါတယ်။ ဒါပေမယ့် Like လုပ်တာကို ဘယ်လိုသတ်မှတ်မလဲဆိုတာက အခုထပ်ပေါ်လာတဲ့ စဉ်းစားစရာကိစ္စတစ်ခုဖြစ်ပါတယ်။
တစ်ချို့ကတော့ Like လုပ်တာဟာ ကြွေးကြော်သံပါတဲ့ တီရှပ်ကိုဝတ်သလို၊ Sticker ကပ်သလို သဘောထားသင့်တယ်လို့ ပြောတယ်။ အမေရိကန် တရားရုံးချုပ်က အခြေခံဥပဒေပထမပြင်ဆင်ချက်ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ အဲဒီကိစ္စတွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အကျုံးဝင်တယ်လို့ ဆုံးဖြတ်ခဲ့ဖူးတာကိုး။ ဒါပေမယ့် ဒီလိုသာ သတ်မှတ်ရင် လူမျိုးရေးခွဲခြားတဲ့ပို့စ်တစ်ခုကို Like လုပ်တဲ့သူတွေကိုရော ရေးတဲ့သူလိုပဲ အရေးယူမလားဆိုတဲ့ မေးခွန်းကလည်း ထပ်ပေါ်လာပြန်ပါတယ်။ ဒါ့ကြောင့်လည်းဒီသတင်းလေးဟာမှတ်သားစရာသတင်းဖြစ်ပြီးအကျိုးဆက်ကိုစောင့်ကြည့်ရမယ်လို့ ပြောတာ
ပါ။
နောက်ထပ် ဒီသတင်းလေးဖတ်ရင်း သတိပြုမိတဲ့ အချက်ကတော့ အဲဒီသတင်းကို ဝါရှင်တန်ပို့စ်က အယ်ဒီတာအဖွဲ့ က သတင်းဆောင်းပါးအဖြစ်ရေးပါတယ်။ ရေးတဲ့အထဲမှာ တရားသူကြီးကိုဝေဖန်ပြီး Facebook နဲ့ အခြားလူမှုရေးကွန်ယက် တွေဟာနည်းပညာအသစ်တွေဖြစ်တဲ့အတွက် ဒါတွေနဲ့သက်ဆိုင်တဲ့ ဥပဒေကြောင်းကိစ္စတွေဟာအချိန်ယူရမယ်လို့အစချီပြီး တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ထောက်ပြ
ထားပါတယ်။
 
 ဒါပေမယ့် အဲဒီစာကြောင်းအဆုံးမှာတော့ ဝါရှင်တန် ပို့စ် သတင်းစာရဲ့ ပူးတွဲဥက္ကဌနဲ့ အမှုဆောင်အရာရှိဟာ Facebook ဘုတ်အဖွဲ့ဝင်လည်းဖြစ်ပါတယ်ဆိုတာကို (Washington Post Co. Chairman and Chief Executive Donald Graham is a member of Facebook’s board.) ဆိုပြီး ဖော်ပြထားပါတယ်။ ဆိုလိုတာကတော့ Facebook နဲ့ သူတို့သတင်းစာဆက်စပ်နေမှုကို ပွင့်လင်းမြင်သာစွာဝန်ခံ ထားတာဖြစ်ပါတယ်။ ဒါဟာ စာနယ်ဇင်းကျင့်ဝတ်အရ အလွန်လေးစားစရာကောင်းတဲ့ အပြုအမူလို့ထင်ပါတယ်။
ကျွန်တော်တို့ဆီမှာလည်း သတင်းဂျာနယ်ထုတ်ဝေသူတွေထဲမှာ စာနယ်ဇင်းအလုပ်တစ်ခုကိုပဲ လုပ်ကိုင်နေသူများပါ သလို အခြားစီးပွားရေးလုပ်ငန်းများကို ပူးတွဲလုပ်ကိုင်နေသူတွေလည်းပါပါတယ်။ သူတို့ရဲ့ ဂျာနယ်တွေက ဒီထုတ်ဝေသူများ၊ ဒါမှ မဟုတ် ဂျာနယ်မဂ္ဂဇင်းရဲ့ အမှုဆောင်အရာရှိချုပ်များရဲ့ အခြားစီးပွားရေးလုပ်ငန်းများနဲ့ပတ်သက်တဲ့သတင်းများ၊သုံးသပ်ချက်များ၊ အယ်ဒီတာ့အာဘော်များကိုရေး
တဲ့အခါဝါရှင်တန်ပို့စ်ကလုပ်သလိုပဲ ၀န်ခံချက်လေးများပါရင်ဘယ်လောက် ကောင်းလေမလဲလို့လည်းတွေး
မိပါတယ်။
 
 Time မဂ္ဂဇင်းကလည်း CNN နဲ့ပတ်သက်တဲ့သတင်းတစ်ခုကိုရေးတဲ့အခါ Time နဲ့  CNN ဟာ Time Warner မိခင်ကုမ္ပဏီတစ်ခုတည်းက ပိုင်ဆိုင်တာဖြစ်ကြောင်း မှတ်ချက်အနေနဲ့ဖော်ပြပေးခဲ့တာကို ဖတ်ရဖူးပါတယ်။ ဘာပဲဖြစ်ဖြစ်ဝါရှင်တန်ပို့စ်အယ်ဒီတာအဖွဲ့ရဲ့မှတ်ချက်ဟာလည်းကျင့်ဝတ်နဲ့ ပွင့်လင်းမြင်သာမှုရှုထောင့်က
နေ လေ့လာမှတ်သားသင့်တဲ့အချက်လို့ ထင်မိပါတယ်။
  Ye Htut  Facebook

0 comments:

Post a Comment