Pages

Tuesday, August 14, 2012

ပြည်ပရောက် ရွှေမြန်မာများနှင့် အမိမြေမှ မိဘပြည်သူများ သိစေရန် အသိပေး တင်ပြချင်း

မလေးရှားနိုင်ငံ၊ကူးလင်းမြို့တွင် ၄-၈-၂၀၁၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မြန်မာပြည်သားများ လုပ်ကိုင်
နေသည့် စက်ရုံ တွင်ပေါက်ကွဲးမူ့ တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

 စက်ရုံ မှာ (ဂတ်စ်)ဖြည့် သည့် လုပ်ငန်း ဖြစ်ပါတယ်။ဖြစ်ပွားချိန်တွင် မြန်မာပြည်သား ၅ ဦး ဒဏ်ရာရရှိခဲ့ပါ
တယ်။ဒဏ်ရာ ရရှိသူများမှာ ဇော်မျိုးခိုင်-မကွေးတိုင်၊ရေစကြိုမြို့နယ်၊အောင်သာရွာ မှဖြစ်ပြီး ကိုဇော်လင်း မှာ ပုဂံညောင်ဦးခရိုင်၊ငါးသရောက်မြို့နယ်၊ထန်းငယ်တောရွာ ကလိုသိရပါတယ်။

ကိုကရင်၊မိုးလွင်၊ကိုထွန်း ဆိုသူ ၃ ဦးမှာ ဘယ်နယ်ကဆိုတာ ဆုံစမ်းနေတုန်းပါ။ကိုဇော်လင်း ဆိုသူမှာ ၈-၈-
၂၀၁၂ ရက်နေ့တွင် ပီနန်း ဆေးရုံးကြီး တွင် သေဆုံးသွားပါတယ်။၁၁-၈-၂၀၁၂ ရက်နေ့တွင် ဇော်မျိုးခိုင် ဆို
သူမှာလဲ အလော့စတား ဆေးရုံ တွင် သေဆုံးသွားပြန်ပါတယ်။ဒီနေ့ ၁၂-၈-၂၀၁၂ ရက်နေ့တွင် ကူးလင်း
ဆေးရုံ တင် ကိုကရင် နှင့် မိုးလွင် တို ထက်မှန်သေဆုံးသွားပြန်ပါတယ်။

သေဆုံးသွားသူ(၄) ဦးအား နာရေးကူညီမူ့အသင်း(ပီနန်း-မလေးရှား)မှ တာဝန်ယူဆောင် ရွက်ပေးမှာ ဖြစ်ပါ
တယ်။ကျန် (၃)ဦး ကိုဘယ်နယ်က ဆိုတာ သူငယ်ချင်းများ ခင်မင်ရင်နှီးသိရှိပါက အမြန်ဆုံး ဆက်သွယ်ပေး
ကြပါ ခင်ဗျာ။

ဆက်သွယ်ရန် ကိုပုပ္ပါး(ခ)ကိုဝင်းသန်းထွန်း (နာရေးကူညီမူ့အသင်း၊ရုံးတာဝန်ခံ)

ဖုန်း-၀၁၂-၄၉၉၉၅၆၁----၀၁၀-၃၉၂၉၅၈၀ သို့ ဆက်သွယ်ပေးကြပါ ခင်ဗျာ။

မိတ်ဆွေ သူငယ်ချင်း အပေါင်းမှ လဲ အများသိစေရန် သတင်းလက်ဆင့်ကမ်း ပေးကြပါ ခင်ဗျာ။

0 comments:

Post a Comment