Pages

Tuesday, August 14, 2012

အခွန်အခပေးချေမှု(GBPS )စနစ်အား CB Bank က ဝန်ဆောင်မှုပေးနေ



လစဉ်ပေးသွင်းရမည့် ဖုန်းဘေလ်နှင့် အစိုးရသို့ ပေးဆောင်ရသည့် အိမ်ခွန်၊မြေခွန်ကဲ့သိုသော ငွေပေးချေမှုများအား သမဝါယမ

ဘဏ်(CB Bank)မှတစ်ဆင့်ပေးသွင်းနိုင်မည့် Giro Billing Payment System( GBPS)စနစ်ကို  အကောင်အထည်ဖော်ဆောင်

ရွက်နေပြီဖြစ်ကြောင်း သိရှိ ရသည်။


 GBPS စနစ်သည် လစဉ်ပေးဆောင်နေကျ ဖုန်းဘေလ်၊ မီတာခတို့ကို ငွေသားဖြင့်မပေးပဲ ဘဏ်စာရင်းဖွင့်ကာ အလိုအလျှောက်

ပေးချေသည့် စနစ်ဖြစ်သည်။ 


“ GBPS ( Giro Billing Payment System)ကို အခု ကျွန်တော်တို့ နိုင်ငံမှာလည်းသုံးနေပါတယ်။ Customer တစ်ယောက်က

လစဉ် ကျွန်တော့် စာရင်းထဲကနေပြီးတော့မီတာဖိုး၊ တယ်လီဖုန်းဖိုး နှုတ်ပေးပါဆိုပြီးတော့ အကြောင်းကြားတာရှိတယ်။အဲဒါကို

အော်တိုလုပ်ပေးမယ်။ ပြီးတော့ သူဟာသူ  ဟန်းဖုန်းကတစ်ဆင့်လွှဲပြောင်း ပေးလို့ရတဲ့နည်းစနစ်ပါ။ သိပ်ထူးခြားတာတော့

မဟုတ်ပါဘူး။နောက်ပိုင်း တိုးတက်လာတဲ့နည်းစနစ်အရ လုပ်ပေးတာဖြစ်ပါတယ်။  တချို့တွေလည်းလုပ်ပေးနေတာ ရှိပါတယ် 

'ဟု CB Bank မှ ဦးဆောင်ညွှန်ကြားရေးမှူး( GBPS) စနစ်အကောင်အထည်ဖော်ရခြင်းနှင့် ပတ်သက် ၍ရှင်းပြသည်။




Giro account စာရင်းတွင် အနည်းဆုံး ငွေစာရင်း ကျပ် (၁ သောင်း)မှစတင်ပေးသွင်းနိုင်ပြီး၊ FEC အနေဖြင့် FEC (၁ ထောင်) မှ

စတင်ပေးသွင်းရမည်ဖြစ်သည်။ ' အခုစနစ်ကတော့ နဂိုလက်ရှိဘဏ်မှ စာရင်းဖွင့်ထားရင် အဲဒီလူက ဘဏ်ကိုStanding

Instruction ပေးရပါမယ်။ ကျွန်တော့်အကောင့်ကနေ လစဉ်ကျသင့်တာကိုဘဏ်စနစ် အရပေးချေပါဆိုပြီး Standing 

Instruction ပေးထားရင် သူ့ကိုယ်စားအင်တာနက်ကနေ တဆင့် ဘဏ်စနစ်ဖြတ်ပေးမှာဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ရင်အွန်လိုင်း

ကနေပြီး ကိုယ့်ဟာကိုယ် ပေးချေတဲ့စနစ် ဖြစ်ပါတယ်။ ''ဟု CB Bankမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 



Giro account စနစ်အား သုံးစွဲခြင်းအားဖြင့် မြန်မာဆက်သွယ်ရေးတွင်အခြားရုံးဋ္ဌာနများတွင် တန်းစီစရာမလိုပဲ အသုံးပြုနိုင်မည်

ဖြစ်ပြီး  CB Bank ကဝန်ဆောင်ခအနေဖြင့် ဝန်ဆောင်မှု တစ်ကြိမ်ပေးတိုင်း ကျပ် (၅ဝဝ)ဖြတ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။



အဆိုပါစနစ်ကို မြန်မာ့စီးပွားရေးဘဏ်နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD) တို့က အကောက်အထည်ဖော်ဆောင်ရွက်လျှက်

ရှိပြီးCB Bank မှတတိယမြောက် အကောင်အထည် ဖော်ဆောင်မည့် ဘဏ်တစ်ခုဖြစ်လာသည်။ မြန်မာ့စီးပွားရေးဘဏ်နှင့် အာရှ

စိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တို့သည်ယင်းစနစ်ကို အွန်လိုင်းဖုန်းဘေလ် စနစ်ဟု ခေါ်ဆိုထားပြီး CB Bank အနေဖြင့်နိုင်ငံတကာသုံးစွဲ

သည့်အမည်ဖြစ်သော GBPS စနစ်ဟု ခေါ်ဆိုသုံးစွဲထားကြောင်းကိုလည်း သိရသည်။ 



အဆိုပါစနစ်အား ဖုန်းဘေလ်တစ်ခုတည်းသာမက လစဉ်ပေးချေရန် လိုအပ်သည့်ဖုန်းဘေလ်၊ မီတာခ၊ အိမ်လခစသည့် ကိစ္စရပ်

များကိုပါထည့်သွင်းဝန်ဆောင် ပေးနေကြောင်းကိုလည်း သိရှိရသည်။



ဥာဏ်ဥာဏ် (မြစ်မခ)



0 comments:

Post a Comment