Pages

Tuesday, August 14, 2012

ရန်ကုန် မော်လမြိုင် ဈေးကြီးများတွင် အီးဒ်အကြို ဈေးဝယ်သူများနှင့် စည်းကားလျက်ရှိ


အီးဒ်အကြိုဈေးဝယ်လာသူ မြန်မာမွတ်စလင် မိသားစု မိုးရာသီ အရောင်းထိုင်း ကာလ ဖြစ်သော်လည်း
အစ္စလာမ် ဘာသာဝင်များ၏ ရမသွာန် ၀ါကျွတ် အိဒ်ပွဲတော် ကြောင့် ရှော့ပင်းစင်တာ များရှိ အ၀တ်အထည် ဆိုင်များ ရွှေဆိုင်များ အရောင်းသွက် လျက်ရှိကြောင်းမွတ်စလင် သတင်းစဉ်မှ သိရှိရသည်။

 မိုးရာသီတွင် ပွဲလမ်းသဘင်နည်းပါးခြင်း၊ စီးပွားရေးတုံ့နှေးခြင်းများကြောင့် အ၀တ် အထည် ဖက်ရှင် များအရောင်းထိုင်လေ့ရှိသည်။

ယခုနှစ် အစ္စလာမ်ဘာသာဝင်တို့၏ အိဒ်ပွဲတော် ကာလကြောင့် မိုးရာသီ ဖြစ်သော် လည်း ရှော့ပင်း စင်တာများတွင် ဈေးဝယ်သူ အစ္စလာမ် ဘာသာဝင်များနှင့် စည်းကား လျက်ရှိ သည်။

အိဒ်နေ့ ဆွလာသ်ဝတ်ပြုရန် လုံချည်၊ ရှပ်အကျီများ၊ ကလေးဝတ် အကျီများနှင့် အမျိုးသမီးဝတ် စုံများ အထူး ရောင်းချရကြောင်းသိရသည်။ “ယခင်နှစ် ဒီလိုအချိန်ဆို အရောင်းတော်တော် ထိုင်းပါတယ်။ ဒီနှစ်တော့ ရမသွာန် ဥပုဒ်လနဲ့ တိုက်ဆိုင်နေတာကြောင့် တစ်လလုံးအရောင်း သွက်ပါ တယ်”ဟု ယုဇန ပလာဇာMr John ဖက်ရှင် ဆိုင်မှ ပြောပါသည်။

“မိဘတွေကကလေးတစ်ယောက်ကိုလေးငါးစုံလောက်ကို ၀ယ်ပေးတာ ။ သမီးမိန်းကလေးတွေ အတွက် ဆို ပိုဝယ်ပေးကြတယ်။ သူတို့အတွက်ကဒီဇိုင်းစုံတယ်လေ”ဟု အထည်ဝယ်လာသူ မြန်မာ မွတ်စလင်အမျိုးသမီး
 Rabia Bi က ပြောပါသည်။

ယုဇနပလာဇာနည်းတူUnited Shopping Centerဂမုန်းပွင့် စသောရှော့ပင်းစင်တာကြီးများတွင်ပရိုမိုးရှင်းမျာ;
လုပ်ကာ အစ္စလာမ်ဘာသာဝင် ဈေးဝယ်သူများကို အပြိုင်အဆိုင်ဆွဲဆောင်နေကြသည်။

လှပ်ပေါ်လော်လီသရုပ်ပျက် အ၀တ်အစားများ အစ္စလာမ်ဘာသာဝင်အများစု ၀တ်ဆင့်လေ့မရှိ သည့်ကိုသိရှိ ထားသည့် ဖက်ရှင် ဆိုင်ပိုင်ရှင် များသည်အလှပြ အရုပ်များ တွင် ယခင်ချိန်များ နှင့်မတူလုံခြုံသော ဖက်ရှင် များဖြင့် ၄င်းတို့၏ ဆိုင်ကိုခင်းကျင်းအလှဆင် ထားကြသည်။

“အခုဆိုဆိုင်တွေမှာ ကြိုးတစ်လုံးတွေ ရင်ပြတ်အကျီတွေ တင်တာသိပ်မတွေ့ရဘူး။ မွတ်စလင် အမျိုးသမီး
တွေ ၀တ်တဲ့ လက်စက၊ လက်ရှည်အကျီတွေ ၊ စကက် အရှည်တွေ ပဲဦးစားချိတ်တာတွေ့ရတယ်“ဟုယုဇန
ပလာဇာမှ အထည်ဝယ်လာသူ မြန်မာမွတ်စလင် အမျိုးသမီးRabia Bi က ပြောပါသည်။
အိဒြေ္ဒရနေသော ဖက်ရှင်ဆိုင်က အရုပ်မလေးများ
အိဒြေ္ဒရနေသော ဖက်ရှင်ဆိုင်က အရုပ်မလေးများ


အီးဒ်ပွဲတော် ကြောင့် ရန်ကုန် ရွှေဈေးကွက်တွင် ရွှေဈေးအနည်းငယ်မြင့်တက်သွားကြောင်းသိရသည်။ “အီးဒ်
ပွဲတော်ကြောင့် တချို့တွေက ရွှေအသစ်လုပ်ကြတယ်။ တချို့တွေက ရွှေထည် အဟောင်းနဲ့ အသစ်လည်းကြ
တယ်။ ဒါကြောင့် ယခင်လထက် ရွှေဈေးက အနည်းငယ်မြင့် တက်သွားပါတယ်” ဟု ရွှေဘုံသာလမ်းသဘာဝ
ရွှေဆိုင် ပိုင်ရှင်က ပြောပါသည်။

“ရမသွာန် လ ဆိုနယ်ကရော မြို့ပေါ်ကမွတ်စလင်တွေ အောက်ဈေး၊နဲ့ အပေါ်ဈေးတွေမှာ ဈေးလာဝယ်ကြ တယ်။ ထူးခြားတာ က ရွှေလာဝယ်တဲ့သူ တော်တော်များ တယ်။ ဒါကထုံးစံလိုဖြစ်နေပြီး။ ဒီဘက်လူတွေမ
လေးရှား၊ စင်ကာပူ၊ ယိုးဒယားမှာအလုပ်လုပ်ကြတာများတယ် သူတို့ကအိဒ်းမှာ မိသားစုဝင်တွေ သုံးဖို့  ငွေပို
ပို့ ပေးကြ တယ်။ ” ဟုမော်လမြိုင်မြို့ မွတ်စလင်များ အိဒ်းအကြို ရှော့ပင် ထွက်နေပုံကို ၄င်းက ပြောပါ သည်။
ပြည်တွင်းအထည်ချုပ် လုပ်ငန်းများ သည်အီးဒ်ပွဲတော် ၀ယ်လိုအား လိုက်မှီရန် ရမသွာန်လမတိုင်ခင် နှစ်လ ကြိုတင် ရှပ် အကျီ ဖက်ရှင်အသစ်များကို ချုပ်လုပ်သိုလှောင် ထားကြသည်။

အထည်ချုပ် လုပ်ငန်းရှင် တစ်ဦ၏ ပြောပြချက်အရ ၀ါကျွတ် အီဒ်ပွဲတော်ကာလ သည် တစ်နှစ်ပတ်လုံးတွင် ရှပ်အကျီ အမှာစာ အမြင့်မားဆုံးရရှိသော ကာလဖြစ်ကြောင်း သိရ သည်။ “ အီးဒ်မှာက မွတ်စလင်အမျိုးသား
တော်တော်များများက ရှပ်အကျီဝယ်ဝတ်ကြပါတယ်။ ဒါကြောင့် ၀ယ်လိုအားများတာ ပါ” ၄င်းက ပြောပါ
သည်။


မော်လမြိုင်မြို့ရှိ အောက်ဈေးနှင့် မြိုင်ရတနာ ဈေးများရှိ ဖက်ရှင်ဆိုင် နှင့် ရွှေဆိုင်များတွင် အစ္စလာမ်ဘာ
သာဝင်များနှင့် ပြည့်နှက်နေကြောင်း မြိုင်ရတနာဈေးတွင် ဟန်းဖုန်းဆိုင်ဖွင့်ထားသူတစ်ဦးကပြောပါသည်။

 မင်္ဂလာဈေး အနီးက ဖက်ရှင်ကြော်ငြာများ


အစ္စလာမ် ဘာသာတွင် ရမသွာန်ဥပုသ် လကုန်တွင်ကျရောက်သောအိးဒ်ဒွလ်ဖိသ်ရ် နှင့် အသား ဒါနပြုသော အိဒ်ဒွလ်ဘက္ကရီနေ့ဟူ၍ ဘာသာရေးပွဲတော်နှစ်ရက်ရှိ ပါသည်။

ရမသွာန် ဥပုသ် လကုန် ၌ကျင်းပသောအီဒ်ဒွလ်ဖိသ်ရ်နေ့တွင် အစ္စလာမ်ဘာသာဝင်များသည် အစား အ သောက် မျိုးစုံပြု လုပ်ကာလူမျိုး ၊ဘာသာမရွေး အိမ်နီးနားချင်းများ မိတ်ဆွေ အပေါင်းအသင်းများကိုဒါ
နပြု ကျွေးမွေးကြသည်။

နိုင်ငံတော်အစိုးရမှ အသားဒါနပြုသောအိဒ်ဒွလ် ဘက္ကရီနေ့ တစ်ရက်တည်းကိုသာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်။


မွတ်စလင် သတင်းစဉ်

0 comments:

Post a Comment