Pages

Tuesday, August 14, 2012

တိုးလိုးတန်းလန်း မြောင်းကြီး တာဝန်ယူမယ့်သူ မရှိသေး

ရေမြောင်းအားတွေ့ရစဉ်

ကျနော်/ကျမတို့သည် ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ မင်းရဲကျော်စွာရိပ်သာ၊ တိုက်
အမှတ် ၅၊ ၆၊ ၇၊ ၈ တို့တွင် နေကြသည့် ဝန်ထမ်း မိသားစုများ ဖြစ်ပါသည်။


ထိုတိုက် လေးတိုက်မှာ ဝင်းအတွင်းတွင် ရှိပြီး အပြင်သို့ ထွက်သော အပေါက် နှစ်ခု ရှိပါသည်။ဆက်လက်တူး
ဖော်ခြင်း မပြုတော့ဘဲ တပိုင်းတစနှင့် ရပ်တန့်ထားခဲ့ပါသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က ဇော်ဂျီလမ်းဖက်သို့ ထွက်သော ထွက်ပေါက်အား စည်ပင်မှ မြေတူးစက်ဖြင့် ရေ
မြောင်း လာရောက် တူးဖော်ပါသည်။ ထို့ကြောင့် ဝင်းအတွင်းသို့ ကားအဝင်အထွက်များ ရပ်ဆိုင်းကာ ယာ
ယီတံတား ထိုးပြီး လူများသာ ဝင်ထွက်နိုင်ရန် ပြုလုပ်ခဲ့ရသည်။


သို့ရာတွင် ထိုရေမြောင်းမှာ ဆက်လက်တူးဖော်ခြင်း မပြုတော့ဘဲ တပိုင်းတစနှင့် ရပ်တန့်သွားခဲ့ပါသည်။

တူးလက်စ ရေမြောင်းထဲတွင် တနေ့ထက်တနေ့ အမှိုက်များ၊ ရေဆိုးများနှင့် ပြည့်လျှံလာကာ အနံ့အသက်
ဆိုးများဖြင့်ခြင်ပေါက်ဖွားရာ နေရာကြီးလည်း ဖြစ်ခဲ့ပါသည်။ တံတား အခိုင်အမာ ပြုလုပ်ရန် အတွက်လည်း
ထိုရေမြောင်းအား မည်သို့ ဆက်လက် လုပ်ကိုင်မည်ကို မသိသောကြောင့် တံတားအသစ်လည်း မပြုလုပ်
နိုင်ခဲ့ပါ။ မီးဘေး အန္တရာယ် ကျရောက်ခဲ့ပါကလည်း ကားဝင်ထွက်ရန် အပေါက် တခုတည်း ရှိသဖြင့် များစွာ အခက်ကြုံနိုင်ပါသည်။


ထိုကိစ္စနှင့် ပတ်သက်ပြီး လွန်ခဲ့သော တနှစ်ခန့်က သက်ဆိုင်ရာဌာနများသို့ စာဖြင့် အကြောင်းကြားခြင်း၊ လူ
ကိုယ်တိုင် သွားရောက်တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သော်လည်း မည်သူကမှ ယနေ့အထိ တာဝန်ယူ ဆောင်ရွက်
ပေးခြင်း မရှိသေးကြောင်း ထပ်မံတင်ပြအပ်ပါသည်။

မဇ္ဈိမသတင်း


0 comments:

Post a Comment