Pages
Saturday, August 18, 2012
အင်္ဂလန်အခြေစိုက် Globe Education Consultancy နှင့် CROWN Education တို့ အစီအစဉ်ဖြင့်ပေးအပ်မည့် အင်္ဂလန်ပညာသင်ထောက့်ပံ့ကြေး
 အင်္ဂလန်နိုင်ငံ အခြေစိုက် Globe Education Consultancy နှင့်   CROWN Education တို့ ၏ စီစဉ်ဆောင်ရွက်
မှု့ ဖြင့် အင်္ဂလန်တွင် MBA, BA, Degree Foundation ပရိုဂရမ်များကို သင်ယူမည့်ကျောင်းသူကျောင်းသား
များ ကုန်ကျစရိတ်စရိတ်သက်သာစွာဖြင့် ပညာသင် ယူနိုင်ရန် ၀န်ဆောင်မူ့ ပေးမည့်ရှင်းလင်းပွဲကို August 22, 2012 (Wednesday), ညနေ (၃) နာရီမှ (၅) နာရီအထိ Summit Parkview Hotel, Meeting Room တွင် ရှင်း
လင်းပြောကြားသွားမည်ဖြစ်ပြီး  August 23-24  ရက်များတွင် တစ်ဦးချင်းစီ ဆွေးနွေးပေးမည့်အစီအစဉ် ရှိ
ကြောင်းသိရသည်၊၊
ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမူဝါဒများအပေါ် အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်များမှ
မြန်မာနိုင်ငံအား ပိုမိုစိတ်ဝင်စား လာကြပြီး ပညာသင်ထောက်ပံ့ကြေးများ ပိုမိုကမ်းလှမ်းလာကြသည်၊၊
 မြန်မာနိုင်ငံမှ ထူးချွန်သည့် ကျောင်းသား ကျောင်းသူများအတွက် Globe Education Consultancy (UK) နှင့် ချိတ်ဆက်ထားသည့် တက္ကသိုလ်များမှ မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ အတွက်ပညာသင်
ထောက်ပံကြေးပမာဏမြင့်မားစွာပေးအပ်မည့် အစီအစဉ်များကိုအဆိုပါ ဆွေးနွေးပွဲတွင်ရှင်းလင်းတင်ပြသွား
မည်ဖြစ်သည်၊၊
ပညာသင်ထောက်ပံ့ကြေးတွင် အကြုံးဝင်မည့်ဘာသာရပ်များမှာ MBA ၊ BA (Hons) Business Studies ၊ BA (Hons) Business Administration ၊ Degree Foundation နှင့် International Foundation Programme အတွက် ဖြစ်
ပြီး၊ MBA တက်ရောက်မည့်သူများ အနေဖြင့် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုမှ ဒီဂရီတစ်ခုရရှိ ထားရ မည်
ဖြစ်ပြီး၊ IELTS 6.0 ရရှိထားရမည်ဖြစ်သည်။
 (၁)နှစ်ကြာတက်ရောက်ရမည့် MBA တွင် အထူးပြုဘာ သာရပ်များအနေဖြင့် General Management ၊ Finance ၊ Marketing နှင့် International Business ဟူ၍ လေ့လာသင်ယူနိုင်ပါသည်။ MBA ကျောင်း လခမှာ
 ပေါင် ၈,၉၅၀ကျသင့်မည်ဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေးဖြင့် တက်ရောက်ပါက မြန်မာငွေ (၅၈) သိန်းခန်
ထားသူများအနေဖြင့် BA (Hons) ဘွဲ့ကို (၂)နှစ်ဖြင့်ရယူနိုင် မည်ဖြစ်ပြီး ပညာသင်ထောက့်ပံ့ကြေးများလည်း
လျှောက်ထားနိုင်သည်၊၊
အဆိုပါဆွေးနွေးပွဲတွင် iGCSE/ GCE’A’ Level  များဖြေဆိုစရာမလိုပဲ အင်္ဂလန်ထိပ်တန်းတက္ကသိုလ်ကြီးများ
သို့တက်ရောက်နိုင်မည့် ပညာရေးလမ်း ကြောင်းများနှင့် CROWN Education နှင့်ချိတ်ဆက်ထားသည့် အင်္ဂလန်တက္ကသိုလ်များထဲမှ မြန်မာနိုင်ငံမှ ကျောင်းသား၊ကျောင်းသူများအတွက် နေထိုင်ခွင့် (၁) နှစ် စီစဉ်
ပေးမည့် တက္ကသိုလ်များ၊ အင်္ဂလန်ထိပ်တန်းတက္ကသိုလ်ကြီးများဖြစ်သော University of Bristol, University of Surrey, University of Lancaster, University of Royal Holloway စသည့် အင်္ဂလန်ထိပ်တမ်းတက္ကသိုလ်ကြီးများ
သို့ ဝင်ခွင့်အကြောင်းများကိုပါ ရှင်းလင်းဆွေးနွေးသွားမည်ကြောင်းသိရသည်၊၊
ပညာသင်ဆုလျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ သင်ယူလေ့လာနိုင်မည့် စိတ်ဝင်စားဖွယ် ဘာသာရပ် များအကြောင်း၊  ဆွေးနွေးပွဲကို သြဂုတ်လ (၂၂)ရက်၊ (Wednesday) ညနေ (၃)နာရီမှ (၅)နာရီအ
ထိ၊ Summit Parkview Hotel တွင် ရှင်းလင်းပြောကြားမည်ဖြစ်ပြီး One-to-One Consulting ကို  CROWN Education  ရုံးခန်းသစ် -----------
အမှတ် (၂၇၀), (ဒဂုန်စင်တာ (၂) နှင့်  ဓနလှိုင်တာဝါကြား) အခန်း (9A), တွင် သြဂုတ်လ (၂၃၊ ၂၄) ရက်များ
တွင်ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ပါသဖြင့် ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ တို့တွင် ဆက်သွယ်စုံ စမ်းစာရင်းပေးတက်ရောက်နိုင်ပါသည်၊၊
သစ်ထူးလွင်
0 comments:
Post a Comment