လိုင်ဇာမြို့ အပြင်ဖက်မှာရှိတဲ့ ယူနန်ပြည်နယ်ကို ၀င်ရောက်သည့် ကချင်ဒုက္ခသည် အများအပြား ကူးခဲ့သောတံတား |
တရုတ်နိုင်ငံရွှေလီခရိုင်နောင်တောင်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံက
စစ်ပြေးဒုက္ခသည်တချို့ ကေအိုင်အိုရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လည်ရွှေ့ပြောင်းနေကြ တယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူ တစ်
ယောက်က ပြောပါတယ်။"တချို့ကတော့ ကိုယ့်ရပ်ကိုယ့်ရွာပေါ့ တရုတ်ပြည်ဘက်ကနေ ဗမာပြည်ဘက်
ပြောင်းနေကြတယ်။ အဲဒီနယ်
စပ် မန်ဝိန်းကြီးဘက်ကိုပေါ့။ ဆန့်သလောက်ပေါ့။ ရွာက
ကြီးတော့ကြီးတယ်။ ဒါပေမဲ့ နေရာထိုင်ခင်းက ကျမ
တို့လည်း မသိဘူး။ တချို့က
တာဆူနေတာပါ။ အဆင်သင့်ဖြစ်ဖို့ ပြောင်းရွှေဖို့ ရှိတယ်။
မန်ဝိန်းကြီးတို့ဘာတို့ပေါ့။ အဲဒီဘက်မှာက ကိုယ့်သဘောနဲ့
ကိုယ်ပြောင်းကြတာလေ။ အဲဒီ လနသကြာ ဘက်
မှာကျတော့ လူစုပြီးတော့
ပြောင်းမှဖြစ်မှာ။ အခုလောလောဆယ် ကတော့ မိုးတွေကလည်း ရွာနေတယ်။ ဒါပေမဲ့
စခန်းတွေကလည်း တနေရာထဲမှ မဟုတ်တာ စခန်းက တနေရာနဲ့ တနေရာဝေးနေကြတယ် ၆
စခန်း
လုံးဆိုတော့။"အဲဒီဒေသမှာ ဒုက္ခသည်စခန်း ၆ ခုရှိပြီး လူဦးရေ ၅၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။
အခုလောလောဆယ် မြန်မာပြည်ဘက် ပြန်နေသူ ရာဂဏန်းလောက်ရှိပြီလို့ သိရပါတယ်။ သူတို့အားလုံးမြန်
အခုလောလောဆယ် မြန်မာပြည်ဘက် ပြန်နေသူ ရာဂဏန်းလောက်ရှိပြီလို့ သိရပါတယ်။ သူတို့အားလုံးမြန်
မာပြည်ဘက်ပြန်တဲ့အခါ နေရေးထိုင်ရေး အတွက် ကေအိုင်အို အဖွဲ့က မန်စီမြို့နယ် အင်ပါဘာ ကျေးရွာအနီး
မှာ ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
နောင်တောင်းဒေသအတွင်းမှာရှိနေတဲ့ ဒုက္ခသည်တွေကတော့ မန်စီမြို့နယ်၊ မန်ဝိန်းကြီးဒေသနဲ့ နမ့်ခမ်းမြို့
နောင်တောင်းဒေသအတွင်းမှာရှိနေတဲ့ ဒုက္ခသည်တွေကတော့ မန်စီမြို့နယ်၊ မန်ဝိန်းကြီးဒေသနဲ့ နမ့်ခမ်းမြို့
နယ် အတွင်းကသူတွေ များတယ်လို့ သိရပါတယ်။
သူတို့ကို ယူနန်ပြည်နယ် တရုတ်အာဏာပိုင်တွေက မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ မရှိတော့တဲ့ အတွက် သူတို့
သူတို့ကို ယူနန်ပြည်နယ် တရုတ်အာဏာပိုင်တွေက မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ မရှိတော့တဲ့ အတွက် သူတို့
ကို ပြန်ခေါ်ဖို့ ကေအိုင်အို အဖွဲ့နဲ့
လွန်ခဲ့တဲ့လကတည်းက ညှိနှိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
RFA (Burmese)
0 comments:
Post a Comment