Pages

Saturday, August 18, 2012

ဒုတိယအကြိမ်ရှင် သန်လာသော ကမ္ဘာကြီးမှ တမန်တော်နူးဟ်(အ)၏ သားစဉ်မြေးဆက်များနှင့် ပြန်လည်စည်ကားလာ ခြင်း



တမန်တော်နူးဟ် (အလိုင်ဟိစ္စလာမ်) အကြောင်း

တမန်တော်နူးဟ်(အ)၏ ဖခင်အမည်မှာ အဗ္ပဒွလ်လဟတ်က် ဖြစ်သည်။ ၄င်းတမန်တော်၏ အမည်ရင်းမှာ အ
ဗ္ပဒွလ်အဗ္ဗာရ် ဖြစ်သည်။ သို့သော်လည်း အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံသဖြင့် လွန်မင်းစွာ ငိုကြွေး
ခြင်းကြောင့် “နူးဟ်” ဟုအမည်တွင်ခဲ့လေသည်။ နူးဟ်ဟူသော အာရ်ဗီဝေါဟာရ၏ အဓိပ္ပာယ်မှာ ငိုကြွေးခြင်း
ဟု အဓိပ္ပာယ်ရသည်။
တမန်တော်နူးဟ်(အ)သည် မိမိ၏ အွမ္မသ်အမျိုးသားများအား အလ္လာဟ်အရှင်မြတ်၏ တရားလမ်းမှန်ဖက်သို့ 
မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည့် အချိန်တွင် မုန်တိုင်းများ တိုက်ခတ်စေပြီး၊ ပြစ်ဒဏ်ချမှတ်ရန်အလ္လာဟ်အ
ရှင်မတ်ထံ တောင်းခံမှပြုလေသည်။

တမန်တော်နူးဟ်(အ)၏ တောင်းခံချက်အရ၊ ၄င်း၏အွမ္မသ်အမျိုသားများအပေါ် အလ္လာဟ်အရှင်မြတ်ထံ
တော်ပါးမှ ပြင်းထန်သော မုန်တိုင်းကြီး တိုက်ခတ်လေသည်။ ထိုအခါ တရားလမ်းမှန်ကို ကျောခိုင်း၍ အလ္လာဟ်အရှင်မြတ် အမိန်တော်အားဖီဆန် ခဲ့သူအပေါင်းတို့သည် အပြစ်ဒဏ်သင့်ကာ သေကြေနစ်မြုတ် ပျက်ဆီးခဲ့ကြကုန် လေသည်။

အဆိုပါ အပြစ်ဒဏ်မုန်တိုင်းကြီး ငြိမ်သက်သွားပြီးနောက်ပိုင်းတွင် ဤကမ္ဘာကြီးသည် ဒုတိယအကြိမ် ပြန်
လည်စည်ကားလာခဲ့သည်။ တမန်တော်နူးဟ်(အ)တွင် သားတော် သုံးပါး (၁)ဆားမ် (၂)ဟားမ် နှင့် (၃) ယာဖိစ်ဇ်ရှိခဲ့သည်။

ဒုတိယကမ္ဘာမှာ တမန်တော်နူးဟ်(အ)၏ သားစဉ်မြေးဆက်မှ ပြန်လည်စည်ကားလာ ခြင်းကို အကြောင်းပြု၍ တမန်တော်နူးဟ်(အ)အား “အာဒမ်စာနီ” (ဝါ) ဒုတိယ အာဒမ်(လူသားများ၏ ဒုတိယဖခင်) ဟူ၍ တင်စားခေါ်
ဆိုကြသည်။

ကမ္ဘာကျော်အပြစ်ဒဏ်မုန်တိုင်းကြီး တိုက်ခတ်ပြီးနောက် နှစ်ပေါင်း(၆၀)တိတိ တမန်တော်နူးဟ်(အ)သည် ဒွန္နယာလောက၌ သက်တော်ထင်ရှားနေထိုင်တော် မူခဲ့သည်။ ထိုနောက် သက်တော်(၉၅၀)အရွယ်တွင် ဝဖားသ်ပြု အရှင့်အမိန့်ကို ခံယူခဲ့လေသည်။

Credit by: Myanmarwind Blog( Islamic Hostory)

0 comments:

Post a Comment