Pages

Saturday, August 18, 2012

ရိုဟင်ဂျာများ ၏ ပညာရေး မြင့်တင်ပေး မည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြား


သမ္မတဦးသိန်းစိန်ဗွီအိုအေမြန်မာပိုင်းနှင့်သီးသန့်တွေ့ဆုံအင်တာဗျူးစဉ် နိုင်ငံတော် သမ္မတကရိုဟင်ဂျာများ
အတွက် ပညာရေး မြင့်တင်ပေးဖြစ်ကြောင်းပြောကြား လိုက်သည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအ
တွက်  ဆောင်ရွက်ရန် နည်းလမ်း နှင့် စပ်လျဉ်း၍ ဗွီအိုအေသတင်းထောက်ကမေးမြန်းရာတွင် သမ္မတဦး
သိန်းစိန်က အခုကဘာ အရေးကြီးလဲ ဆိုတော့ပညာရေးက အရေးကြီးတယ်။


ဟိုဘက်ပိုင်းမှာဘင်္ဂလီတွေနဲ့ ပတ်သတ်ပြီးတော့စာသင်ကျောင်းတို့ ဘာတို့ ထိထိရောက်ရောက် မရှိဘူး။ များသော အားဖြင့် ဘာသာရေးတွေနဲ့ ပတ်သတ်ပြီးတော့ သင်တဲ့ကျောင်းတွေ ပဲရှိတယ်။ အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေး ကိုကျွန်တော်တို့ ထိထိရောက်ေ ရာက် ဖြစ်အောင် ပညာရေး စနစ် ကိုကျွန်တော်
တို့က ထူထောင်ပေးမယ်။ပညာတတ်တယ် ဆိုရင်အတွေးအခေါ်ရှိလာမယ်။ မှားတယ်မှန်တယ် ဆိုတာကို
ခွဲခြား တတ်လာ မယ်။ ဟုဖြေကြားခဲ့ သည်။

ပြည်တွင်း မီဒီယာများ အမျိုးသားရေးရှေ့တန်းတင် ဖေါ်ပြမှု နှင့်ပတ်သက်ပြီးမေးမြန်း ရာတွင် သမ္မတဦးသိန်း
စိန်က ရခိုင် ပဋိပက္ခ အစပိုင်းတွင်း လူမျိုးရေးစိတ်၊ အခြေခံရေး သား ခဲ့ကြောင်း၊ နောက်ပိုင်း တွင် လူသား
ချင်းစာနာမှု ၊ လူ့အခွင့်အရေးကို အလေးထား လာကြကြောင်းဖြေကြားခဲ့ သည်။ပြဿနာအစ တုန်းကတော့ လူမျိုးရေး စိတ်ဓာတ် နဲ့ ပြည်တွင်း မီဒီယာတွေ ကရေးပါတယ် သို့သော်လဲနောက် ပိုင်းမှာ ပြည်တွင်း မီဒီယာ
တွေ ကသူတို့ သိလာပါတယ်။

ဒါတွေက လူသားချင်းစာနာမှု အမြင်နဲ့ မြင်ရ မယ်။ လူ့အ ခွင့် အရေးကို ကျွန်တော်တို့ထိခိုက် လို့မရဘူးဆို တဲ့အမြင်တွေ သူတို့ရှိ လာပါ တယ်။ ဟု ၄င်းမေးခွန်းကို ဖြေကြားခဲ့သည်။

သမ္မတကြီးက ယနေ့ချိန်သည် ကမ္ဘာရွာဖြစ်နေပြီးဖြစ်၍ လူမျိုးရေးခွဲခြားခြင်းမပြုရန် ၊ လူသားအမြင်၊ လူ့အ
ခွင့်အရေးအမြင်ထားရှိရန် ရခိုင်ပါတီအကြီးအကဲ များနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့ကြောင်း ယင်းအင်တာ
ဗျူးတွင် ပြောကြားခဲ့သည်။

ယင်းအင်တာဗျုးတွင် သမ္မတ က နိုင်ငံတကာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် လက်ခံရေးကို တုန့်ဆိုင်းနေသော လက္ခဏာ ပြသခဲ့သည်။

VOA

0 comments:

Post a Comment