သည်။
တာဝန်ရှိသူများက ကလပ်အနီးရှိ ထရန်စဖော်မာကို မိုးကြိုးပစ်ချရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဟု ဆိုသည်။
ထိုစဉ်က ကလပ်ထဲတွင် လူအများအပြား ရှိနေခဲ့ပြီး ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်သည့် ဖူးခက်
ဒေသ ဖြစ်ခြင်းကြောင့် ထိုင်းနိုင်ငံသား မဟုတ်သူများလည်း ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့က သေဆုံးသူ အရေအတွက် (၄)ဦးဟု ပြောဆိုထားသော်လည်း မည်သည့် နိုင်ငံသားများ ဖြစ်သည်
ကိုမူ တိတိကျကျ မပြောနိုင်သေးချေ။ ဒဏ်ရာရသူများတွင်မူ နိုင်ငံခြားသားများ ပါဝင်နေကြောင်း အတည်ပြု
ထားသည်။
ထိုင်းနိုင်ငံရှိ နိုက်ကလပ်များ၏ လုံခြုံရေး အားနည်းချက်သည် (၂၀၀၉)ခုနှစ်က မီးလောင်မှုအတွင်း သိသိ
သာသာ ပေါ်ထွက်လာခဲ့သည်။ ထိုစဉ်က ဘန်ကောက်ရှိ ဆန်တီကာ ကလပ်တွင် နှစ်သစ်ကူးနေ့ အစောပိုင်း
၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ(၆၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယခုမီးလောင်မှု ဖြစ်ပွားရာတိုက်
ဂါးကလပ်သည် ဖူးခက်ရှိ ပါတွန်ကမ်းခြေ ဧရိယာအနီးတွင် တည်ရှိပြီး ပြည်တွင်းပြည်ပ ဧည့်သည်များဖြင့် စည်ကားနေလေ့ရှိကြောင်း သိရှိရသည်။
BBC, Planet Myanmar Media:
0 comments:
Post a Comment