Pages

Saturday, August 18, 2012

ကိုယ်ပိုင်သံစဉ် အင်္ဂလိပ်သီချင်းတွေ ပြင်ဆင်နေတဲ့ ချမ်းချမ်း


ကိုယ်ပိုင်သံစဉ် အင်္ဂလိပ်သီချင်းတွေ ပြင်ဆင်နေတဲ့ ချမ်းချမ်း

အဆိုတော်များစွာထဲမှ ဆွဲငင်အားကောင်းကောင်းနဲ့ သီဆိုနိုင်သူလို့ သတ်မှတ်ခြင်းခံရတဲ့ အဆိုတော်ချမ်း
ချမ်းက သူမရဲ့ မြန်မာအင်္ဂလိပ် သီချင်းခွေတစ်ခွေ စီစဉ်နေတာကို လတ်တလောသူမမှာ အနုပညာလှုပ်ရှား
မှုတွေအကြောင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
ခုစီစဉ်ထားတဲ့ စီးရီးကို အင်္ဂလိပ်လိုရော မြန်မာလိုရော ထည့်ဆိုမယ့် စိတ်ကူးက ဘယ်လိုရခဲ့တာပါလဲ။

အဲဒါက အဓိကခေတ်က နည်းနည်းပြောင်းလာပြီ။ လူတွေရဲ့ စိတ်ကူးစိတ်သန်းတွေ ခံယူချက်တွေ ပြောင်း
လာပြီဆိုတော့ နည်းနည်းလေးပိုပြီးတော့ နည်းနည်းလေးမြှင့်မလားပေါ့။ မြှင့်မလားဆိုတာ တခြားကြောင့်
တော့လည်း မဟုတ်ပါဘူး။ 

ကိုယ်လည်း ကိုယ့်နိုင်ငံအတွက် ဂုဏ်ရှိစေမယ့် အရာမျိုးပေါ့။ သူများနိုင်ငံကပဲ အင်္ဂလိပ်သီချင်းတွေဆိုပြီး
တော့ သွားနေကြတာ၊ အောင်မြင်နေကြတော့ ကိုယ့်နိုင်ငံကရော အဲ့လိုမျိုးတွေ မလုပ်နိုင်ဘူးလားပေါ့။ အရှေ့ကလူတွေက လုပ်ပြသွားမှ နောက်ကဆက်ပြီးတော့ ကြိုးစားမယ့် မျိုးဆက်သစ်တွေက အားရှိမှာေ
ပါ့နော်။ အစ်မတို့ဘက် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ဒါမျိုးလေးချပြလိုက်လို့ရှိရင် လုပ်ရဲတဲ့သတ္တိလေးတွေ ပေါ်လာအောင်လို့ ကိုယ့်ထဲကစပြီး မစွန့်စားဘူးဆိုရင် နောက်ကလူတွေလည်း စွန့်စားရဲမှာမဟုတ်ဘူးလေ။ အဲ့ဒီအတွက် ကြိုးစားကြည့်တဲ့ သဘောလေးပါပဲ။

နိုင်ငံတကာပွဲတွေ သွားဆိုတဲ့အခါ ကိုယ်ပိုင်အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့သီချင်းတွေရှိတော့ အားသာ

ချက်တွေ ရှိနိုင်တာပေါ့နော်။ 

အဲ့ဒါကတော့ အဓိကအားဖြင့်တော့ အင်္ဂလိပ်သီချင်းဖြစ်တဲ့အတွက်ကြောင့် Own Tune တွေဖြစ်လာမယ်။ ပြီးတော့ သူများနိုင်ငံမှာဖျော်ဖြေတဲ့အခါကျတော့ ကိုယ့်စကားသူများကို ဂလိုဘယ်လည်း မထိုးဖောက်နိုင်

သေးတဲ့အတွက်ကြောင့် တစ်ကမ္ဘာလုံးက ကိုယ့်စကားနားမလည်နိုင်တဲ့အတွက်ကြောင့် အရင်ဆုံးအနေနဲ့ အင်္ဂလိပ်သီချင်းဆိုထားတာတော့ တစ်ကမ္ဘာလုံး နားလည်နိုင်တာပေါ့။ ဒါလေးကတော့ အောင်မြင်မှုအတွက် အချက်တစ်ချက်လို့ ပြောလို့ရတာပေါ့။

အစ်မအရင်က ကော်ပီသီဆိုတာများခဲ့ပြီး အခုအခွေမှာတော့ ကိုယ်ပိုင်သံစဉ်တွေပဲလား။ အဲဒီအပေါ် ခံစား

ချက်ပြောပါဦး။ 

ဟုတ်တယ်။ ကိုယ့်မုဒ်နဲ့ကိုယ် ဆိုလို့ရတာပေါ့။ ကီးကအစ ကိုယ့် rate နဲ့ကိုယ် ဘယ်လောက်ဆိုနိုင်မလဲ။ F, E, Flat ထိဆိုနိုင်တယ်ဆိုရင် rate ထဲမှာဝင်တဲ့သီချင်းမျိုး ကိုယ့်ဘာသာရေးလို့ရတယ်။ ဘယ်နေရာမှာ ဆွဲချင်တယ်။ ဘယ်နေရာမှာ အော်ချင်လဲ၊ ဘယ်နေရာမှာ ရစ်ချင်တယ်။ အဲဒါမျိုးကျတော့ ကိုယ့်မူပိုင်ဟန်ရှိတာပေါ့နော်။ ကော်ပီကျတော့ ဒီနားမှာဆိုထားပြီးတော့ ကိုယ်က ပြင်လိုက်လို့ရှိရင် လိုက်မဆိုနိုင်လို့ ကောင်းမှမကောင်းတာ ကြည့်ပါလား။ အဲလိုမျိုးတွေဖြစ်လာပြီးတော့ သူရဲ့ ပုံစံကရှိပြီးသား သွားပြောင်းရင် ပျက်တာများတယ်ဆိုတဲ့အခါကျတော့ ကိုယ့် rate မဟုတ်တဲ့အခါကျတော့ ကိုယ့် rate မဟုတ်တဲ့အခါ စကားလုံးအခက်အခဲရှိတဲ့အခါကျတော့ သီချင်းက အမြဲပျက်တယ်ဆိုတော့လေ ကောင်းဖို့က အရမ်းခဲယဉ်းတယ်။ အရင်ဆုံး Original ကိုမကြားဘဲနဲ့ မြန်မာသံအရင်ထွက်ပြီးမှ Original ကြားမှသာ အဆင်ပြေမှာ၊ နို့မို့ဆို အဆင်မပြေဘူးလေ။ အခုကလည်း လူတွေအားလုံးက ခေတ်မီနေကြတော့ Original ဆို အမြဲနားထောင်ပြီးသားတွေ ဖြစ်နေတဲ့အခါကျတော့ အဲ့ဒါကြောင့်။

နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး စီးရီးထုတ်ဖို့က အခြေအနေဘယ်လိုရှိပါသလဲ။ 


အဲဒါက အစ်မမလုပ်ဖြစ်တာ့ဘူး။ မလုပ်ဖြစ်တော့ဘူးဆိုတာ။ ဟိုဘက်က သူတို့ရဲ့လိုချင်တဲ့ စာချုပ်နဲ့က
အစ်မနဲ့အဆင်မပြေဘူးပေါ့။ သူတို့က ဒီနှစ်ထဲလုပ်ချင်တယ်။ အစ်မရဲ့ ဒုတိယအခွေ စာချုပ်ချုပ်ထားတာလဲ။ မပြီးသေးဘူးပေါ့။ 

အစ်မလုပ်လို့ မရဘူးဆိုတော့။ ညှိလို့မရဘူးဖြစ်နေတယ်။ ဟို ဘယ်လိုခေါ်မလဲ။ သူတို့လက်ခံထားတဲ့ ရာခိုင်
နှုန်းနဲ့ အစ်မတို့လက်ခံထားတဲ့ ရာခိုင်နှုန်းနဲ့မတူဘူးညီမ။ သူတို့က စီးပွားနည်းနည်း ဆန်တဲ့အခါကျတော့ အ
လုပ်လုပ်လို့ အဆင်မပြေဘူး။ အဲဒါနဲ့ အစ်မလည်း မလုပ်ဖြစ်တာ သေချာလည်း စဉ်းစားတယ်ပေါ့။ သုံး၊ လေး၊ ငါးခါလောက် စဉ်းစားတဲ့အခါကျတော့လည်း အဖြေက အဲ့ဒီတစ်မျိုးပဲထွက်တယ်။ လက်တွဲလို့က အဆင်မပြေ
ဘူး။ သူတို့က မြန်မာနိုင်ငံရဲ့ ဂီတလောကရဲ့ ဈေးကွက်ကိုလည်း မသိဘူးဆိုတော့ သိပ်အဆင်မပြေဘူးပေါ့။

ပြည်တွင်းမှာ နိုင်ငံတကာအဆိုတော်တွေရဲ့ရှိုးတွေလာလုပ်ကြတော့မယ်။ ပြည်တွင်းအဆိုတော်တစ်ဦးအနေနဲ့ ဒီအပေါ် ဘယ်လိုထင်မြင်သုံးသပ်ပါသလဲ။ 


အမှန်တိုင်းပြောရရင် ပြည်ပကနေ လာပြီးဖျော်ဖြေဖို့ အကြိမ်ကြိမ် ကြိုးစားကြတယ်ပေါ့။ မအောင်မြင်ခဲ့ဘူး။ မအောင်မြင်ဘူးဆိုတာ ချက်ချင်းကြီး။ ဒီပွဲကို လာကြည့်ဖို့အတွက် လက်ခံဖို့အတွက် ၀င်ငွေပမာဏနဲ့လည်း အရမ်းခြားတယ်။ နိုင်ငံခြားကနေ ခေါ်ယူရတဲ့အတွက် စရိတ်အရမ်းထောင်းတဲ့အတွက်ကြောင့် ကာမိအောင် ပွဲစရိတ်ကို ပြန်ယူရတဲ့အခါ လူတွေကလာမကြည့်နိုင်ဘူး။ အရမ်းပမာဏများတော့ သာမန်လူတန်းစားနဲ့ အားပေးချင်တဲ့လူတွေ မကြည့်နိုင်တဲ့အခါကျတော့ ဒီမှာက နိုင်ငံခြားပွဲသွင်းဖို့ အဆင်မပြေဘူးလို့ အစ်မထင်တယ်။ အဲ့ဒီအတွက် ဟိုမှာပဲ သွားသွားကြည့်ကြတာများတာပေါ့။ နိုင်ငံခြားပွဲတွေဆိုရင် .. ။

ဒီလမှာသွားမယ့် အမေရိကန်ခရီးစဉ်ကို ရက်ရွေ့လို့ရတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲ။


အစ်မတို့အဖွဲ့ပေါင်း ဘောလုံးငါးဖွဲ့ပေါ့။ သွားမယ့်ဆိုမယ့်ပွဲက အရမ်းများတယ်။ တစ်လအတွင်းမှာ လေးပွဲ
ဆက်တိုက်၊ ငါးပွဲဆက်တိုက်ဖြစ်နေတော့ အဲ့ဒီကလူတွေက အဲ့ဒီလောက်ထိလည်း အားလပ်မနေကြဘူး။ အဲ့လောက်ထိ လက်မှတ်က ပေါပေါလောလောလည်း မဟုတ်တဲ့အခါကျတော့ ကြည့်ဖို့အတွက် သူတိုအချိန်
မပးနိုင်ဘူး။ အရမ်းလည်းများသွားတယ်ဆိုတဲ့အခါကျတော့ အစ်မတို့က မဆိုတော့ဘဲ နောက်ဆုတ်လိုက်
တာ၊ နောက်နှစ် သို့မဟုတ် ဒီနှစ်ကုန်ပိုင်းလောက် သွားဖြစ်မယ်။

အခုလိုအောင်မြင်မှုရနေချိန်မှာ ကိုယ်လုပ်ချင်ပေမယ့် မလုပ်ဖြစ်သေးတဲ့ အရာတွေရှိရင် ပြောပြပေးပါလား။ ဂီတနဲ့ ပတ်သက်ပြီးပေါ့။ 


အစ်မလုပ်ချင်တဲ့အရာလေးက Own Tune အခွေလေးပေါ့နော်။ Own Tune တွေပဲစုပြီးတော့ Own Tune တစ်

ခွေလောက် Own Tune ၆ ပုဒ်လောက်ဖြစ်ဖြစ်၊ ၇ ပုဒ်ဖြစ်ဖြစ် တစ်ခွေလောက်ထုတ်ချင်တယ်။ အဲ့ဒါလည်း ပရိုဂျူဆာတွေက များသောအားဖြင့် မြန်မြန်ထွက် မြန်မြန်ရောင်းဆိုတဲ့ သဘောမျိုးဖြစ်နေတော့ တော်တော်
များများက အဲ့လိုမျိုး ကော်ပီတွေလုပ်ကြတာများတယ်။ ကော်ပီတွေက ပိုနားဝင်လွယ်တယ်ပေါ့။ 

အဲ့ဒါလေးတစ်ခုတော့ တိုက်ဖျက်ချင်တယ်။ အခုတော့ ခိုးကူးကလည်း ပရိုဂျူဆာတွေကို ထိတ်လန့်စေတာအ
မှန်ပဲ။ ပရိုဂျူဆာတွေက ဘယ်လိုဖြစ်လဲဆိုရင် Own Tune ကိုဝယ်မယ်ဆိုရင် ကော်ပီထက် ပိုဈေးကြီးမယ်။ 

အလိုက်ထက် သံစဉ်စာသားကအစ ကောင်းရဲ့သားနဲ့ ခိုးကူးခံရတယ်ဆိုရင် သူတို့အများကြီး နစ်နာတယ်
ပေါ့နော်။ အစစအရာရာ ကော်ပီထက်ပိုပြီးတော့ နစ်နာတယ်ဆိုတော့ အဲ့ဒါကြောင့် ဈေးကွက်စီးပွားရေးရော အကုန်လုံးပြောင်းလဲနေတာ ခိုးကူးကြောင့်လို့ ပြောလို့ရတယ်။ အဲဒါကတော့ အစ်မသိပ်ပြီးတော့ ဘ၀င်မကျ
ဘူး။ အားလုံးတိုက်ဖျက်နိုင်အောင် လုပ်နိုင်မယ်ဆိုရင် ပိုအဆင်ပြေတာပေါ့နော်။

သိပ်ချစ်တယ် အရမ်းမုန်းတယ်၊ ဗီစီဒီကရော ဘယ်အခြေအနေထိ ရောက်နေပြီလဲ။


အခုနောက်ပိုင်း ပရိသတ်က ဗီစီဒီကိုပဲ တောင်းဆိုနေကြတယ်။ မထွက်သေးဘူးလား။ ကြည့်ချင်လှပြီ အစ်
မကလည်း အစ်မဘက်ကတော့ အားလုံးပြီးသွားပြီးပေါ့။ Perfect ဖြစ်အောင် လုပ်ပြီးသွားပြီ။ 

အစ်မရဲ့ ပရိုဂျူဆာကလည်း Perfect ဖြစ်အောင် ဖြန့်ချိရေးကအစ ပွဲလုပ်မယ့်ရက်ကအစ ပရိသတ်တွေလာ
နိုင်မယ့် နေရာကို ချိန်းနေတဲ့အတွက်ကြောင့် အချိန်လေးတော့ ကြန့်ကြာမှုရှိတာပေါ့။ အခွေက အားလုံးပြီး
သွားပါပြီ။ အခုဆင်ဆာ တင်နေတယ်ပေါ့နော်။ ထွက်မယ့်ရက်ကတော့ ဒီလကုန်လောက် ဖြစ်မယ်ထင်တယ်။

သရုပ်ဆောင်လုပ်ဖို့ရှိတယ်လို့ ပြောဖူးတယ်ဆိုတော့ သရုပ်ဆောင်လုပ်ဖို့ ပြင်ဆင်နေပြီလား။


အဲ့ဒါကတော့အစ်မကိုယ်တိုင်ဇာတ်လမ်းရေးမှပဲ အဆင်ပြေတော့မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အစ်မနဲ
့လိုက်ဖက်မယ့် ကာရိုက်တာက အစ်မပဲသိတယ်။ တော်တော်များများကလည်း မြန်မာပြည်မှာ ၀တ်စားဆင်
ယင်ရတာ သိပ်ပြီးအဆင်မပြေဘူး။ 

အစ်မက ဗမာအ၀တ်အစားနဲ့ မလိုက်တဲ့အခါကျတော့ အဲ့လိုမျိုးဆိုတော့ အခက်အခဲရှိတယ်။ ပြီးတော့ မင်း
သမီးတစ်ယောက်ဖြစ်ဖို့ အရည်အချင်းလည်း မရှိသေးတဲ့အခါကျတော့ အဲ့ဒီအတွက် ကြိုးစားရဦးမှာပေါ့။ အဲ့
ဒီတော့ အဆိုပိုင်းပဲပေါ့။

လတ်တလော ပရိသတ်ကို ပြောချင်တဲ့စကားရှိရင် ... ။ 


အစ်မအခု အခွေလေးတွေ လုပ်နေတယ်ပေါ့နော်။ အခု စုံတွဲအခွေ စီးတီးအက်ဖ်အမ် ၁၀ နှစ်ပြည့်မှာလည်း အစ်မနဲ့ မနေနေ နှစ်ယောက်ဆိုထားတဲ့ သီချင်းလေးလည်းပါတယ်။ အဲ့ဒါလေးလည်း အားပေးပါဦးလို့နောက်

ထပ်ထွက်မယ့် အခွေလေးတွေလည်း ရှိတဲ့အတွက်ကြောင့် ဝေဖန်ပြီး အားပေးပါလို့။


 7Day News

0 comments:

Post a Comment