အကြွေးစနစ်အပြင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်း
Visa ကုမ္ပဏီ ဟာ မြန်
မာနိုင်ငံမှာ ဝင်ရောက်ရင်းနှီးမြှပ်နှံဖို့
စီစဉ်နေပြီလို့ သိရပါတယ်။ လတ်တလောမှာတော့ အင်တာနက် နည်း
ပညာအသုံးပြုပြီး
ငွေအလွှဲအပြောင်း လုပ်ရမယ့် နည်းပညာတွေကို
မြန်မာနိုင်ငံက ဘဏ်ဝန်ထမ်းတွေကို
သင်တန်းတွေ ပေးနေပြီ ဖြစ်ကြောင်း
အစီရင်ခံစာတစ်ခုကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းက ရေးသားပါ
တယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ
လျော့ချပေးလိုက်ပြီးနောက်ပိုင်း နိုင်ငံတကာ ခရီး
သွားတွေ
လည်ပတ်မှုတွေများလာတာကြောင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်းတွေ
ပွင့်လာတယ်လို့ ဆိုပါ
တယ်။
နိုင်ငံခြားသား ခရီးသွားတွေဟာ ခရီးသွားလာရာမှာ ငွေသားချည်းပဲ မသယ်ဆောင်လိုကြပဲ အကြွေးစနစ်
နိုင်ငံခြားသား ခရီးသွားတွေဟာ ခရီးသွားလာရာမှာ ငွေသားချည်းပဲ မသယ်ဆောင်လိုကြပဲ အကြွေးစနစ်
ကဒ် ဘဏ်ကဒ်ပြားတွေကိုသာ သယ်ဆောင်လိုကြတယ်လို့ဆိုပါတယ်။ ဗီဇာကုမ္ပဏီရဲ့
အရှေ့တောင်အာရှ
ဒေသ တာဝန်ခံ Peter Maher က - သူတို့ကုမ္ပဏီအနေနဲ့ လတ်တလော
မြန်မာနိုင်ငံမှာ ငွေထုတ်ယူနိုင်တဲ့ ATM စက်တွေ တပ်ဆင်နိုင်ရေး နဲ့
အင်တာနက်သုံးပြီး ငွေအလွှဲအပြောင်း လုပ်နိုင်မယ့် စနစ်ကို အရင်ဆုံး
အကောင်အထည်ဖေါ်သွားမယ်လို့ ဆိုပါတယ်။
RFA (Burmese)
0 comments:
Post a Comment