Pages

Saturday, August 18, 2012

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဘာသာရေးအဓိကရုဏ်းများ ပေါ်ပေါက်လာစေရန် လူတစ်စုမှ လှုံ့ဆော်လျှက်ရှိနေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်တွင် (၃-၆-၂၀၁၂)နေ့တွင် အပြစ်မဲ့ အစ္စလာမ်ဘာသာဝင် (၁၀)ဦးကို ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခဲ့သည့်အမှုတွင် သံတွဲမှ တောင်ကုတ်သို့ သတ်ဖြတ်ရန် သတင်းပေးသူမှာ သံတွဲမြို့မှ ရဲအောင်လံကားဂိတ်မှူး ဦးထွန်းသန့်ကျော်(ခ)ကျော်ကျော် ဖြစ်သည်ဟု စုံစမ်းသိရှိပါသည်။

(၃၀-၅-၂၀၁၂)နေ့မှစပြီး တောင်ကုတ်မြို့ပေါ်တွင် ဘာသာရေးဆူပူမှုဖြစ်စေရန် လှုံ့ဆော်စာများဖြန့်ခြင်း၊ ကပ်ခြင်းများအား တက်ကြွ
စွာဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များမှ တစ်စုံတစ်ရာ ဟန့်တားခြင်းများ မရှိခဲ့ပါ။

 ယခုအခါတွင်လည်း အဆိုပါနည်းတူပင် “သမ္မတနှင့်လွှတ်တော်ဥက္ကဋ္ဌဆုံးဖြတ်ချက်ကိုကြိုဆိုထောက်ခံကြောင်း” ဟူ၍ ခေါင်းစဉ်
တပ်ကာ သံတွဲမြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များ၏ အိမ်တိုင်းတွင် နိုင်ငံတော်အလံလွှင်ထူရန် စည်းရုံးနေကြောင်း သံတွဲမြို့မှလာသော သတင်းများအရ သိရှိရပါတယ်။

အဆိုပါ စည်းရုံးမှုအား အစ္စလာမ်ဘာသာဝင်များမသိရှိရအောင် လက်သိပ်ထိုး လှုံ့ဆော်နေပြီး မြို့ပေါ်ရှိ မွတ်စလင်မ်များ၏နေအိမ်
များ၊ဆိုင်များ၊ ဗလီများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူများအား ဓာတ်ပုံများ ခိုးရိုက်၍ ရိုဟင်ဂျာများအဖြစ် ပုံမှားရိုက်ကာ ၀ါဒဖြန့်နေကြောင်း၊ ဂျိန္တလီ ဘုန်းတော်ကြီးထံ သွားရောက်၍ သွေးကြွလာအောင် စည်းရုံးခြင်း၊ ကျေးရွာများသို့ သွားရောက်၍ အစ္စ
လာမ်ဘာသာဝင်များအား အကြမ်းဖက်ဖျက်ဆီးကြရန် လှုံ့ဆော်နေခြင်း၊ မြို့ပေါ် သုဿန်ရှိ မီးသင်္ဂြီုဟ်စက်တွင် စက်လည်ပတ်ရန်
 လောင်စာဟု အကြောင်းပြ၍ ကားကျွတ်စများအား မီးကွင်းများ ဖန်တီးနေခြင်း၊ gtc ကျောင်းရှိရာတွင် စာရွက်စာတမ်းများ လိုက်လံ
ဝေငှနေခြင်း၊ ကောလဟလသတင်းများ ထုတ်၍ နယ်မှလာသော ကျောင်းသား များအား သွေးပျက်စေရန် ခြိမ်းခြောက်နေခြင်းများ
အားယခုရက်ပိုင်းအတွင်း ခပ်စိတ်စိတ် ပြုလုပ်လာနေတယ်လို့ ဒေသခံ သံတွဲမြို့ခံများမှ ပြောပြကြပါတယ်။

သံတွဲမြို့တွင် ရိုဟင်ဂျာလူမျိုးများလည်း နေထိုင်ခြင်းမရှိခဲ့သလို ရှေးယခင်ကတည်းက မတူကွဲပြားသည့် ဘာသာများကြား ရင်းနှီး
ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြပြီး၊ မည်သည့်ပြဿနာမျှ ပေါ်ပေါက်ခဲ့ခြင်း မရှိခဲ့သည့် အစဉ်အလာအား ဖျက်ဆီးရန်အတွက် RNDP ပါတီဝင်ဖြစ်သော ဦးဌေးအောင် (ဆိုင်ကယ်ပစ္စည်းရောင်း)၊ ဦးထွန်းသန့်ကျော်(ခ)ကျော်ကျော် (ရဲအောင်လံဂိတ်မှူး)၊ ဦးဝင်းကိုလေး (ဒီဇယ်ဓာတ်ဆီ)၊ ဦးလှဝေ (စက်ချုပ်) အစရှိသူတို့ လေးဦးမှ တောင်ကုတ် သွေးထိုးလှုံ့ဆော်မှုများကဲ့သို့ပင် လွတ်လပ်စွာဖြင့် လိုက်လံဆောင်ရွက်နေသည်ကို သက်ဆိုင်ရာအာဏာပိုင်များမှ ယနေ့အချိန်ထိ ၀င်ရောက် တားမြစ်ခြင်း မရှိသေးကြောင်း၊ ယခုအခါ ၎င်းတို့၏ သွေးထိုးမှုများကြောင့် အချို့နေရာများတွင် တည်ငြိမ်မှုများ ပျက်ပြားလာနေပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့များကဲ့သို့ ပြဿနာများ ကြီးထွားလာမည်ကို ဒေသခံပြည်သူများအကြား စိုးရိမ်မှုများ ကြီးထွားလာနေပြီး သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ ၀င်ရောက်ဟန့်တားစေချင်နေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပေါ်နေသော ပြဿနာရပ်များအား မြန်မာမွတ်စလင်မ်များအနေဖြင့် သဘောထား မှတ်ချက်များ ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း အာဏာပိုင်များဘက်မှ ယခုကဲ့သို့ ပြဿနာများ မပေါ်ပေါက်မီ အချိန်မီ တားဆီးပေးခြင်းမရှိ
ကြောင်းနဲ့၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီတချို့၊ ခေါင်းဆောင်တချို့နှင့် အာဏာပိုင်များသည် ပဋိပက္ခ အစဉ်အလာမရှိခဲ့သော ယခု သံတွဲကဲ့သို့သော မြို့များတွင်ပါ ဘာသာရေးတိုက်ခိုက်မှုမီးစများအား လောင်ကျွမ်းလာစေရန် အားပေးအားမြှောက်ပြု ပုံဖော်နေ
တယ်လို့ ဒေသခံများက သံသယ၀င် စိတ်ပျက်နေကြပါတယ်။

လတ်တလော ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်များတွင် ဗုဒ္ဓဘာသာဝင်အများစုရှိရာ တိုင်းပြည်အတွင်း၌ မတူကွဲပြား
သည့် ဘာသာတရားများအပေါ် အဓိကရုဏ်းဖြစ်ဟန်ပြပြီး အာဏာပိုင်များဘက်မှ စနစ်တကျ ပူးပေါင်းပံ့ပိုးပေးနေတယ်လို့ နိုင်ငံ
တကာ အသိုင်းအ၀ိုင်းမှ အကဲ့ဖြတ်ခံနေရပြီး နိုင်ငံအတွင်းမှာတော့ သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ ထိုအချက်ကို ငြင်းကွယ်
ထားပါတယ်။ 
 
သို့သော် မြန်မာနိုင်ငံရှိ ထင်ရှားသော အာဏာရှင်အုပ်စုဖြစ်သည့် စစ်တပ်အပါအ၀င် အုပ်ချုပ်ရေးယန္တရားများအတွင်း လူနည်းစု
ဘာသာဝင်များ၊ လူနည်းစုတိုင်းရင်းသားများအား  အဆင့်မြင့်ရာထူးများ ပေးအပ်ခြင်းမရှိခဲ့သလို၊ အစိုးရနှင့်မဆိုင်သည့် အဖွဲ့အစည်း
များအတွင်းတွင်လည်း အဆိုပါကဲ့သို့ ခွဲခြားဆက်ဆံမှုများရှိနေတယ်လို့ အကဲခတ်လေ့လာသူများမှ ဝေဖန်  ထောက်ပြပြောဆိုနေ
ပါတယ်။
 
 
muslimtime.wordpress
 
 

0 comments:

Post a Comment