Pages

Tuesday, August 7, 2012

Facebook၊ Gmail ၊Yahoo login Page အတုတွေ နဲ့ မိမိရဲ့ user တွေ ရဲ့ Password ကို Hacker တွေရယူနေ



 


Facebook၊ Gmail ၊Yahoo login Page အတုတွေ ဖန်တီးပြီး  user တွေ ရဲ့ Password ကို ရယူတဲ့နည်းကို Phishing နည်းလို့  ခေါ်ပါတယ်။ အင်တာနက် User တွေ အနေနဲ့ မိမိ ကြည့်လိုတဲ့ website address ကို သေသေ ချာချာ ကြည့်ဖို့ လိုပါတယ်။

တစ်လောက Facebook အတုပေါ်ပြီး နောက် ထပ် Facebook အတု ထပ်ပေါ်လာပါပြီ။ ယခင် တစ်ခေါက်က ပေါ်ပေါက်တဲ့ Facebook အတု ထက်ပို ပိုသားနား သွားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် အတုလို့တောင် ထင်ရက်စရာ မရှိအောင်   ပြင်ဆင် ထားတာ တွေ့ရမှာ ဖြစ်ပါ တယ်။ယခု တ စ်ခါတော့ အတုလို့ မထင်ရအောင် Logo, icon, စာသားတွေက အစ တူအောင် လုပ်ထားပါတယ်။ အဓိက ပိုသွားတာကတော့ ( � ) ဒီ သင်္ကေတ လေးဖြစ်ပါတယ်။ Facebook မှာ အဲဒီလို သင်္ကေတ မပါပါဘူး။ � အများအပြား  ပါဝင်နေတဲ့  အတွက် အတုမှန်း အလွယ် တကူ  ခွဲခြားနိုင်ပါတယ်။


ပြီးတော့ Address Bar မှာ ehberita.allalla.com ဖြစ်နေပါတယ်။ Log in ဝင်လိုက်ရင် အသုံးပြုသူရဲ့ User name နဲ့ Password ဟာ အတုပြုလုပ်သူဆီ တိုက်ရိုက်ရောက်သွားမှာ ဖြစ်ပါတယ်။ Facebook ဆိုရင် facebook.com လို့သာ ပေါ်ရမယ့်အစား အခြား Address များကို မြင်တွေ့နေတရပါတယ်။ 
Personal အကောင့်တွေထက် Fan Page များကို ပိုမို Target ထားပြီး တိုက်ခိုက်နေတဲ့ တိုင်းတစ်ပါးမှ ဟက်ကာများ ဖြစ်ပါ တယ်။ 

Is this your?
ehberita.allalla.com/ <--- Fanpages...

Thanks.

အထက်ပါအတိုင်း စာရောက်လာတာပါ

 ကိုလင်း သလ္လာဝတီ

0 comments:

Post a Comment