အတွက် စိတ်ထဲမှာ ဘာမှထူးထူးခြားခြားသတိပြုမိတာမျိုးမရှိခဲ့။
ဒါပေ မဲ့ အဲဒီနိုင်ငံနဲ့ နှစ် ၂၀-ကျော်ဝေးကွာနေပီး မိုင်ပေါင်း ၅၀၀၀-ကျော် စည်းခြားခံထားရတဲ့အရပ်မှာ အနေကြာလာတဲ့အခါ
မှာတော့ ရှင်လောင်းလှည့်ပွဲဆိုတာဟာ အထူးအဆန်းတခုလို ပြန်ခံစားလာမိပါ တယ်။ "နော်ဝေးမှာလဲ မြန်မာနိုင်ငံမှာလိုမျီုး ရှင်
လောင်းလှည့်ပွဲလုပ်မယ်'' ဆိုပီး သတင်းကြားမိတော့ ကျနော် အထူးစိတ်ဝင်စားမိပါတယ်။
နောက်တခါ တိုက်ဆိုင်မှုလို့ပြောရမလားဘဲ့။ မြန်မာတွေတကယ်လုပ်မဲ့ ရှင်ပြုပွဲတွေမတိုင်မှီ တလခန့်အလိုမှာ ရှင်လောင်းလှည့်ပွဲကို မြန်မာ့ယဉ်ကျေးမှုပြပွဲထည့်မှာထည့်ပေးဖို့ နိုင်ငံတကာ ယဉ် ကျေးမှုပြပွဲစီစဉ်သူတချို့က မေတ္တာရပ်ခံခဲ့တယ်လို့သိရပါတယ်။ အဲဒီပွဲတော်ကို ပြီးခဲ့တဲ့မေလနောက်ဆုံး ပါတ်တုန်းက ဟားမားမြိုမှာကျင်းပခဲ့ပြိး နော်ဝေးလူမျိုးတွေနဲ့ နော်ဝေးအခြေချ တခြားနိုင်ငံသားတွေလဲ အတော်စိတ်ဝင်စားခဲ့တယ်လို့ အဲဒီပွဲမှာ ရှင်လောင်းလှည့်ပွဲသရုပ်ပြခဲ့သူတွေကပြောပါတယ်။
ဆိုလိုတာ ကတော့ မြန်မာ့ရိုးယာရှင်လောင်းလှည့်ပွဲဆိုတာဟာ ဖိရိုးဖလာမြန်မာတဦးရဲ့မျက်စိထဲမှာ သိပ်မထူးဘူး လို့ထင်ရပေမဲ့ မြန်မာမဟုတ်တဲ့လူတွေ။ မြန်မာနိုင်ငံနဲ့ဝေးကွာနေတဲ့လူတွေကြားမှာတော့ အတော့်ကို ထူးခြားတဲ့ ပွဲတခုဖြစ်နေပုံရပါတယ်။
နောက်ထပ် တိုက်ဆိုင်မှုတခုကတော့ အခုချိန်ဟာ ဥရောပနဲ့ မြော က်အမေရိကားတိုက်အတွက် နွေရာသီအားလပ်ရက်တွေဖြစ်
တာကြောင့် အမေရိကန်နဲ့ ကနေဒါရောက် ရဲဘော်ကြီးတွေကလဲ စုပေါင်းရှင်ပြုပွဲတွေ။ ရဟန်းခံပွဲတွေလုပ်နေတဲ့အကြောင်း အီးမေး
နဲ့တသွယ်။ Face Book နဲ့တမျိုးဆက်သွယ်ပီး ဓါတ်ပုံတွေတင်ထားတာနဲ့လဲ အချိန်ကိုက်ဖြစ်နေပါတယ်။ ဒီလိုနဲ့ ၁၀၉။ ၁၁၀- အလုပ်
လက်မဲ့ဖြစ်နေတဲ့ကျနော်ဟာ အဲဒီပွဲတွေကို မပျက်မကွက်သွား ဖြစ်ခဲ့တယ်ဆိုပါတော့။
ဗုဒ္ဒဘာသာဘုန်းတော်ကြီး ၂-ပါး အတွက် ကျောင်းအဖြစ်ပေးထားတာ မျီုးမဟုတ်ဘဲ သာမန်မြန်မာဒုက္ခသည် ၂-ဦးအတွက်ပေး
ထားတဲ့ ခွဲတန်းကျအိမ်ခန်းတခုမျှသာ ဖြစ်ပါတယ်) ရှိရာ ဆိုရာဆမ်မြိုလေးမှာ အခုလ ၂-ရက်နေ့ကကျင်းပခဲ့တဲ့ ကိုအောင်ထူးနဲ့ မအေးဝေေ၀ဦးတို့ရဲ့သား ၂-ဦးဖြစ်သူ မောင်ထက်ဝေအောင်နဲ့ မောင်ကျော်ဝေအောင် တို့ရဲ့ ရှင်ပြုပွဲတွေဖြစ်ပါတယ်။ ဒါဟာ နော်ဝေး
နိုင်ငံက မြန်မာဘုန်းကြီးကျောင်းမှာ ပထမ-ဆုံးကျင်းပတဲ့ မြန်မာကလေးငယ်မျိုးဆက်သစ်တွေရဲ့ ရှင်ပြုပွဲတခုလဲဖြစ်ပါတယ်။
နော်ဝေးမှာလဲ မြင်းစီးပီး လှည်ခွင့်ရသလား
ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ၅၀၀၀-ကျော်ကွာဝေးပီး ယဉ်ကျေးမှုမတူ။ ဘာသာချင်းမတူတဲ့ဒေသမှာ ရှင်လောင်းတွေကမြင်စီးပီး မြန်မာ့ရိုးယာအစဉ်လာအတိုင်း မြိုထဲလှည့်ဖို့ ဆိုတာဖြစ်နိုင်ပါ့မလား။
မြင်းကဘယ်ကရမှာလဲ။ ကျနော်ကိုယ်တိုင်ကတော့ အော်စလိုမှာ ရဲတွေစီးနေ တဲ့မြင်းနဲ့ ပြိုင်ပွဲဝင်ဖို့အသေချာလေ့ကျင့်ပေးနေတဲ့
မြင်းတွေကလွဲရင် မြန်မာနိုင်ငံမှာလို မြင်းလှည်းဆွဲတဲ့ မြင်း။ သို့မဟုတ် ရှင်းလောင်းပွဲအတွက်အငှားလိုက်မဲ့မြင်းမျိုးမတွေ့ဖူးသေး။
နောက်တခါ မနှစ်က ဒိန်း မတ်မှာ ကျနော်ကြုံခဲ့ဖူးတဲ့ပွဲတုန်းကလဲ မြင်းတွေနဲ့အသေချာလှည့်မယ်လို့ပြောထားပေမဲ့ နောက်ဆုံးမှာ တော့ မြင်းငှားလို့မရတဲ့အတွက် မော်တော်ဆိုင်ကယ်နဲ့လှည်ခဲ့ရတာကိုတွေ့ခဲ့ဖူးတာကြောင့် နော်ဝေးမှာ လဲ အဲဒီလိုများဖြစ်သွားမ
လားလို့ထင်ထားခဲ့တာပါ။
ဒါပေမဲ့ ၂-ရက်နေ့မနက် ၁၁-နာရီကျော်ကျော်မှာ ဘုန်းကြီးကျောင်းရှိရာ ဆိုရာဆမ်မြိုလေးဆီ ရ ထားတတန်။ ကားတတန်။ ကုန်းကြောင်းတတန်နဲ့ရောက်သွားတဲ့အခါမှာတော့ ကိုယ်ရင်လောင်း ၂-ဦး တကယ်ဘဲ့မြင်းစီးနေတာကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာလို တဦးကိုတကောင်စီ စီးနိုင် တာမျိုးတော့မဟုတ်။ ဒီမြိုကနော်ဝေးတွေရဲ့ကူညီမှုနဲ့ ခန့်ငြားသန့်ပြန့်လှတဲ့ အလှပြမြင်းပေါ်မှာ ကိုရင် လောင်း ညီအကို ၂-ဦးကိုတင်ပီး မြင်းပိုင်ရှင်က စေတနာနဲ့ကူညီလိုက်ပို့ပေးခြင်းသာဖြစ်ပါတယ်။
ဒီပွဲ ၂-ခုအတွင်း ကျနော်ထူးထူးခြားခြားသတိထားမိတာကတော့ ကိုယ်ရင်ဝတ်ပွဲကို အဓိက စိတ်ဝင်စားသူတွေဟာ မြန်မာနိုင်ငံမှာကြီးပြင်းပီး ၈၈-နောက်ပိုင်းမှ တတိယ-နိုင်ငံတွေကို ရောက်လာ သူတွေမဟုတ်ဘဲ သူတို့ရဲ့မျိုးဆက်သစ်တွေ။ သူတို့ရဲ့နော်ဝေးမိတ်ဆွေတွေဖြစ်နေတာကို တွေ့ရပါတယ်။ နေ့စဉ်ကျောင်းမှာတွေ့နေကြသူငယ်ချင်းတဦးက အခုတော့ ငှက်တောင်ပံလိုလို။ ရှင်ဘုရင်ဝတ်စုံလိုလို။ တောက်တောက်ပြောင်ပြောင် ထူးဆန်းတဲ့ဝတ်စုံကိုဝတ်ထားတဲ့အပြင် ကျောင်းမှာလို နော်ဝေးစကား မပြောတော့ဘဲ "ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ"။ "ဓမ္မံ သရဏံ ဂစ္ဆာမိ"။ "သံဃံ သရဏံ ဂစ္ဆာမိ" ဆိုပီး ပါလိစကား ကို အသံမာမာနဲ့အော်ဆိုနေတာဟာ သူတို့ အတွက် အထူးအဆန်းဖြစ်နေပုံရပါတယ်။
"ဟေး ကလေးတွေ။ ဒီနားအထိတိုးလာကြစမ်း။ ကိုယ်ရင်ဝတ်တယ်ဆိုတာ အဲဒီလို ဆန်ချရ တယ်။ ညစာမစားရဘူး" ဆိုပီး မိဘတဦးက သူ့ကလေး ၃-ဦးကို လက်ဆွဲခေါ်ယူ ပြသနေတာကိုလဲ ကျ နော်မြင်ခဲ့ရပါတယ်။ ဒါဟာ နော်ဝေးမှာ ပထမ-ဆုံးအကြိမ်ကျင်းပတဲ့ ရှင်ပြုပွဲတွေဖြစ်လို့ နော်ဝေးရောက် မြန်မာတွေကြားမှာရော။ မျိုးဆက်သစ်တွေကြားမှာရော။ နော်ဝေးပရိတ်သတ်တွေကြားမှာပါ အထူးအ ဆန်းဖြစ်နေပီး ကိုယ်ရင်လောင်းတွေ ဆန်ချချိန်။ သင်္ကန်းဝတ်ချိန်မှာ ၀ိုင်းအုံကြည့်ရှုနေကြတာကို ကျ နော်သတိထားမိပါတယ်။
ကိုယ်ရင်ဝတ် ရဟန်းဝတ်တာဟာ မြန်မာတွေအတွက် တကယ်အရေးကြီးသလား
ကိုယ်ရင်လောင်း ၂-ဦးဘ၀ကနေ ကိုယ်ရင်အဖြစ် ဆန်ချ။ ကတုံးရိတ်။ သင်္ကန်းတောင်း။ သ င်္ကန်းစည်း။ သိက္ခာယူ စသဖြင့် ၂-နာရီနီးပါးကြာတဲ့ လုပ်ငန်းစဉ်ကို ဗွီဒီယို-မှတ်တန်းရိုက်နေရင်းနဲ့ မြန် မာတွေအဖို့ သူတို့ရဲ့ကလေးငယ်တွေကို ကိုယ်ရင်ဝတ်ပေးရေးဟာ ဘာကြောင့်အရေးကြီးသလဲ။ အ သက် ၂၀-နှစ်ပြည့်ရင်ကော ရဟန်းခံပေးရဦးမလား။ ဘာကြောင့် ဒီလိုလုပ်ဖို့လိုအပ်သလဲ။ မလုပ်ပေး ရင် ဘာဖြစ်မလဲဆိုပီး ကျနော်စဉ်းစားနေမိပါတယ်။ ဒါပေမဲ့ ရှင်ပြုပွဲလုပ်ငန်းအဆင့်ဆင့်နဲ့ တရားဟောပွဲ ကမပြတ်သေးတဲ့အတွက် တရားဟောနေတဲ့ ဆရာတော် ၂-ပါးကို ကျနော်လျောက်ထားမေးမြန်းဖို့ အ ဆင်မပြေသေး။
ဒါဆိုရင် မင်းကိုယ်တိုင်ကော ငယ်ငယ်က ဘာကြောင့် ကိုယ်ရင်ဝတ်ခဲ့သလဲ။ အသက် ၂၀-ကျော်မှာ ရဟန်းမ၀တ်ရခင် ၈-လေးလုံးအရေးတော်ပုံနဲ့တိုးပီး တောခိုလာပေမဲ့ အဲဒီတောထဲမှာ တောင် ရဟန်းဝတ်ခွင့်ရအောင်ကျိုးစားခဲ့တာဟာ ဘာကြောင့်လဲ။ ဒါတွေက မင်းဘ၀အတွက် ဘယ် လောက်များအရေးကြီးလို့လဲဆိုပီး ကိုယ်ဘာသာမေးခွန်းထုတ်မိပါတယ်။
အမှန်တိုင်းဝန်ခံရရင် ကျနော်ကိုယ်တိုင်လဲ ဘာမှအသေချာမသိ။ အသက် ၁၀-နှစ်ဝန်းကျင် တတိယ-တန်းအရွယ်မှာ အဖိုးအဖွားနဲ့အဖေအမေက ကိုယ်ရင်ဝတ်ပေးတဲ့အတွက် ၀တ်လိုက်တာပါဘဲ့။ သူတို့ကလဲ ဘာကြောင့်ဝတ်ဖို့လိုတယ်။ မ၀တ်ရင် ဘာဖြစ်မယ်ဆိုတာကို ရှင်းမပြသလို ကျနော်ကလဲ အဲဒါတွေကိုမေးရကောင်းမှန်းမသိ။
ဖိရိုးဖလာ ဗုဒ္ဒဘာသာဆိုတဲ့အတိုင်း ရှေ့ကလူတွေလုပ်နေတာကိုမြင် ပီးနောက်ကလူတွေက အလိုအလျောက်လိုက်လုပ်နေတာ
ထက်ပိုပီး ဘာမှအသေချာလေ့လာဖြစ်ခဲ့ပုံ မရ။ ကဲ...ထားပါတော့ အသက် ၁၀-နှစ်ဝန်းကျင်ဆိုတော့ ဘာမှမသိတာ သိပ်မထူး
ဆန်း။ ဒါပေမဲ့ အ သက် ၂၀-ကျော်ပီးလို့ တက္ကသိုလ်ကတောင် ဘွဲ့ရခါနီးနေပီ။ ဘ၀တခုလုံးကိုစွန့်လွတ်။
အသက်နဲ့ ရင်းပီးတောခိုလာပီးမှ အဲဒီတောထဲမှာ ရဟန်းဝတ်ဖြစ်အောင်ကျိုးစားတာကရော ဘာကြောင့်လဲ။ သူပုန် ဘ၀မှာ ရဟန်း
ခံရေးက အရေးကြီးနေတုန်းလား။
ဒုတိယံပိ-ထပ်မံဝန်ခံရရင်တော့ အဲဒီကာလတွေတုန်းက ဒီမေးခွန်းမျိုးကိုကျနော်တခါမှမစဉ်း စားမိ။ မြန်မာနိုင်ငံမှာတုန်းက ရဟန်းမ၀တ်ရသေးဘူး။ "အခု တောထဲမှာရဟန်ုးခံပွဲလုပ်မယ်ဆိုရင်တော့ အတော်ဘဲ့။ ငါလဲ ရဟန်းဝတ်ဖူးသည်ရှိအောင် ၀င်ဝတ်လိုက်ဦးမယ်"။ ဆိုပီး စိတ်ကူးမျှနဲ့ ၀တ်လိုက်တာ ပါဘဲ့။
ဘယ်လိုဘဲ့ဖြစ်ဖြစ် သတင်းတပါတ်ကြာရဟန်းဝတ်ပီးတဲ့အခါမှာတော့ အဖေအမေဆီက ကျန်နေ တဲ့တာဝန်တခုကို ကြေပွန်သွား
သလိုလို ကျနော်စိတ်ထဲတော့ ခံစားမိပါတယ်။ ကျန်တဲ့လူတွေလဲ ကျနော်လို့ဘဲ့စဉ်းစားကြမယ်လို့ထင်ပါတယ်။
ဒါပေမဲ့ အခု အမိမြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ၅၀၀၀-ကျော် ကွာဝေးပီး ဘာသာစကားမတူ။ ကိုးကွယ်ယုံပြည်မှုဘာသာရေးမတူ။ ယဉ်ကျေးမှုမတူတဲ့အရပ်မှာ ကြီး ပြင်းလာတဲ့ ကလေးတွေကိုတော့ ကျနော်တို့ငယ်ငယ်တုန်းကလိုမျိုး ရှေ့ကလုပ်လို့ နောက်ကလိုက်လုပ် ရတယ်ဆိုပီး ရွီးလို့မရ။ နောက်တခါ ဒီရှင်ပြုပွဲကို အထူးတလည်စိတ်ဝင်စားနေတဲ့ နော်ဝေးနိုင်ငံသား တွေကို ရှင်ပြုပွဲဆိုတာဘာလဲ။ ဘာကြောင့်လုပ်ဖို့လိုအပ်သလဲဆိုတာကို သူတို့နားလည်အောင် ခင်ဗျား ဘယ်လိုရှင်းပြ မလဲ။
တတိယနိုင်ငံ။ ဒုတိယပြည်သူ။ မျီုးဆက်သစ်နဲ့ လက်တွေ့နိုင်ငံရေး
ရှင်ပြုပွဲနဲ့ ရဟန်းခံပွဲတွေရဲ့အရေးကြီးပုံအကြောင်း လျောက်ထားပီးတဲ့အခါမှာတော့ ဒီလို လျောက်ထားဖြစ်အောင် ကျနော်ကိုတွန်း
အားပေးခဲ့တဲ့ နော်ဝေးမှာကြီးပြင်းလာတဲ့ မျိးဆက်သစ်မြန်မာ ကလေးငယ်တွေနဲ့ ဒေသခံနော်ဝေးပြည်သူတချို့ကို ကျနော်
လှမ်းကြည့်မိပါတယ်။ မျိုးဆက်သစ်တွေက သိပ်မနဲလှ။ တချီု့မိသားစုတွေက ကလေးတဦး။
တချို့က ၂-ဦး ၃-ဦးမွေးထားပီးနေပီ။ တနည်း အားဖြင့်ပြောမယ်ဆိုရင်တော့ နော်ဝေးအပါဝင် တတိယနိုင်ငံတွေဆီအခြေချဖို့ရောက်
လာတဲ့ ၈၈-မျိုး ဆက် အသက် ၄၀-တန်း လူကြီးတွေနေရာမှာ အသက် ၅-နှစ်။ ၁၀-နှစ်။ ၁၅-နှစ်တန်း လူငယ်တွေက မကြာခင်မှာ နေရာယူလာတော့မယ်။ အဲဒီလူငယ်ဦးရေဟာ လက်ရှိလူကြီးဦးရေထက် ပိုများလာနိုင် တယ်။ ဒီအတွက် ၈၈-မျိုးဆက်လူကြီးတွေ ဘာများကြိုတင်ပြင်ဆင်ထားပီးပီလဲ။
သူတို့ကိုယ်တိုင် ဘ၀နဲ့ရင်းပီးပါဝင်လာခဲ့တဲ့ ၈-လေးလုံးအရေးတော်ပုံနဲ့ လက်နက်ကိုင်တော် လှန်းရေးအကြောင်းကို သူတို့ရဲ့ကလေး
ငယ်တွေနားလည်အောင် ဘယ်လောက်အထိရှင်းပြထားပီးပီ လဲ။ လက်ရှိမြန်မာနိုင်ငံမှာနေစဉ်ဖြစ်နေတဲ့ နိုင်ငံရေး။ စီးပွါးရေး။ လူမှုရေးအခြေနေတွေကို ကလေးငယ် တွေနားလည်အောင် ဘယ်လောက်အထိစနစ်တကျ သင်ပြထားပီးပီလဲ။
ကျနော်ဘေးနားရောက်လာ တဲ့ အသက် ၁၀-နှစ်ဝန်းကျင် ကလေးငယ်တဦးကို ကျနော်တီးခေါက်ကြည့်တော့ ဘာကြောင့်သူ နော် ဝေးမှာ နေနေရတယ်ဆိုတာကို အသေချာမသိ။ ဆက်ပီးစကားပြောကြည့်တော့ ဒီကလေးငယ်တွေဟာ မြန်မာစကားကိုလဲ ကောင်းကောင်းမပြောတတ်။ မြန်မာစာဖတ်တတ်ရေးတတ်ဖို့ဆိုတာ ပိုတောင်ဝေးသေး။
"နော်ဝေးမှာနေတာ မြန်မာစာမတတ်လို့ဘာမှမဖြစ်ဘူး။ နော်ဝေးစာနဲ့အင်္ဂလိပ်စာတတ်မှအလုပ် ကောင်းကောင်းရမှာ" ဆိုပီး လူကြီးတချီု့ရဲ့ပြောသံကိုတောင် ကျနော်ကြားခဲ့ဖူးတဲ့အတွက် ကလေးတွေ ကိုတော့ အပြစ်မတင်တော့ပါဘူး။
အဲဒီလိုအပြစ်တင်ရင်လဲ ကလေးတွေက ကျနော်ကိုပြန်မေးပါလိမ့်မယ်။
"သားသားတို့က နော် ဝေးမှာ ၁၀-နှစ်ကြာလို့ မြန်မာစာမရဘဲ နော်ဝေးစာဘဲ့ရနေတာထားပါတော့။ ဦးဦးက နော်ဝေးမှာ ၁၀-နှစ်ကြာနေပီး နော်ဝေးစလဲကောင်းကောင်းမတတ်ဘူး။ နော်ဝေးအသိုင်းဝိုင်းထဲလဲမတိုးနိုင်ဘူး။ မြန်မာ အသိုင်းဝိုင်းကျဉ်းကျဉ်းလေး
ထဲမှာဘဲ့ လုံးခြာလည်နေတယ်" ဆိုရင် ကျနော်ဘယ်လိုဖြေမလဲ။
အကူညီရလိုရငြား နော်ဝေးဧည့်သည်တွေဖက် ကျနော်လှမ်းကြည့်လိုက်တော့ ဒီနေ့ပွဲကိုတက် လာတဲ့ ဒေသခံနော်ဝေးလူထုကသိပ်
မနဲလှ။ နော်ဝေးရိုးယာအမျီုးသားဝတ်စုံကို ၀တ်ဆင်ထားသူတွေ အပါဝင် ၁၅-ဦးလောက်ရှိမယ်လို့ထင်ပါတယ်။ ဒါဟာ မြန်မာတွေ
လုပ်နေကြ ဘာသာရေးအခန်းနားဘဲ့ ဖြစ်ဖြစ်။ လူမှုရေးအခန်းနားဘဲ့ဖြစ်ဖြစ်။ နိုင်ငံရေးအခန်းနားဘဲ့ဖြစ်ဖြစ် ဒေသခံနော်ဝေးလူဦးရေ အများ ဆုံးပါဝင်တဲ့ အခန်းနားတခုအဖြစ် ကျနော်သတိပြုမိပါတယ်။ ဒီအခန်းနားမတိုင်မှီ အော်စလိုမှာကျင်းပ တဲ့ရှင်ပြပွဲမှာဆိုရင် နော်ဝေးတဦးစ နှစ်ဦးစဘဲ့ကျနော်တွေ့မိပါတယ်။
နောက်တခါ အဲဒီမတိုင်မှီက အော် စလိုမှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲတုန်းကလဲ နော်ဝေး ၃-၄-ဦးထက် ပိုမတွေ့မိ။ နော် ဝေးနိုင်ငံသားတွေကို မဖိတ်မိတာလား။ ဖိတ်ရဲ့သားနဲ့မလာတာလား။ ဒါမှမဟုတ် မြန်မာတွေလုပ်တဲ့ ပွဲ ဟာ နော်ဝေးတွေ
နဲ့မဆိုင်ဘူးလို့ ၂-ဖက်စလုံးက နားလည်သတ်မှတ်ထားတာမျိုးလား။ ဘာကြောင့်မှန်း တော့မသိ။ တခုခုတော့လွဲနေသလိုပါဘဲ့။ ဒီလိုလွဲနေရင် ဒုတိယ-ပြည်သူကိုအခြေခံပီး နော်ဝေးလူထု။ နော်ဝေးပါလီမန်ကတဆင့် မြန်မာ့အရေးဆွေးနွေးအဖြေရှာရေးဆိုတာ ဘယ်ဖြစ်လာနိုင်တော့မလဲလို့ ကျနော်တွေးမိပါတယ်။
"ခင်ဗျားကလဲဗျာ။ မိုင်ပေါင်း ၅၀၀၀-ကျော်ဝေးပီး ရေခဲပြင်ဆီအပို့ခံထားရတဲ့ လူလေး ထောင် ဂဏန်းကို အပြစ်တင်မနေနေနဲ့လေ။ မြန်မာတွေသန်းနဲ့ချီရှိတဲ့ ထိုင်း။ အိန္ဒိယ။ ဂျပန်တွေမှာလုပ်တဲ့ပွဲ တွေကိုကြည့်ပါလား။ အားလုံးရွေတွေချည်းဘဲ့'' ဆိုပီးကျနော်သူငယ်
ချင်းတဦးက ဆင်ခြေပေးပါ တယ်။
"ပီးတော့ အခန်းနားမှာမိန့်ခွန်း ပြောတဲ့လူကလဲ ဒီလူဒီလူတွေချည်းဘဲ့။ ဘယ်နိုင်ငံမှာလုပ်တဲ့ အခန်းနားဆိုရင် ဘယ်သူတွေပါမယ်။ ဘယ်သူကမိန့်ခွန်းပြောမယ်လို့ ပုံသေနည်းရှိပီးသားလိုဖြစ်နေပီ။ မျီုးဆက်သစ်ဘယ်နှစ်ယောက်ပါလို့လဲ။ ဒေသခံပြည်သူ ဘယ်နှစ်ယောက်ပါလို့လဲ" ဆိုပီး သူက ကျ နော်ကိုထောက်ပြသွားပါတယ်။ သူပြောမှဘဲ့ ပြည်ပမီဒီယာတွေနဲ့ အင်တာနက်ပေါ်က ရုပ်-သံတွေကို သတိရပီး ကျနော်ပြုံးလိုက်မိပါတယ်။
တကယ်ကတော့ ဒီလိုထောက်ပြတာဟာ သူတဦးတည်းတော့မဟုတ်ပါဘူး။ ထိုင်းကနေ နော်ဝေးကိုခေတ္တလာလည်တဲ့သူငယ်ချင်း
တဦးကဆိုရင် "ခင်ဗျားလဲ ဘာထူးလို့လဲ။ သီးခြားကမ္ဘာထဲမှာ ၁၀-နှစ်ကျော်နေခဲ့ပီး အခုမှ သူများတွေကိုလျောက်ပြောနေတာ" ဆိုပီး ကျနော်ကိုဝေဖန်ခဲ့ပါတယ်။
ဟုတ်ပါတယ်။ နေ့စဉ်အလုပ်တွေနဲ့မအားလို့ပါဆိုပီး အယင်ကဆိုရင် ဒီလိုအခန်းနားမျိုးတွေကို ကျနော် တက်ရောက်လေ့သိပ်မရှိလှ။ နော်ဝေးရောက် မြန်မာကွန်မြူနတီရော။ နော်ဝေးကွန်မြူနတီရောနဲ့ပါ ကျနော်တို့ကသီးခြားစီဖြစ်နေခဲ့တာ ၁၀-နှစ်ဆယ်မိုးတောင်မ
ကတော့ပါဘူး။
"နောက်တခုက အခုကျနော်ရဲ့ဥရောပခရီးစဉ်အတွင်း တွေခဲ့သလောက် ဘော်ဒါအတော်များ များထဲမှာ သူတို့ရောက်နေတဲ့ရေမြေ
အခင်းကျင်း။ ကွန်မြူနတီအနေထားနဲ့ အံဝင်ဂွင်ကျ Integration ဖြစ်သွားသူအတော်နဲသေးတယ်ဗျ။" ဆိုပီး အဲဒီပုဂိုလ်ကမှတ်ချက်
ပေးပါတယ်။
ဒီတော့မှကျနော်လဲ သြော်...တတိယနိုင်ငံရောက် ငါတို့မျိုးဆက်ကလဲ ကိုယ်ဘေးမှာရှိနေတဲ့ ဒုတိယ-ပြည်သူတွေကို စည်းရုံးရမှန်းမ
သိ။ ငါတို့ထက် အင်အားပိုများလာမဲ့ မျိုးဆက်သစ်ကလေးငယ် တွေကို လက်တွဲခေါ်ပီး အကူညီတောင်းရမှန်းမသိ။ မျိုးဆက်သစ်
တွေကို မြန်မာစာမတတ်လို့ဆိုပီး အပြစ်တင်နေမဲ့အစား သူတို့ကိုယ်တိုင် မြန်မာစာသင်ချင်လာအောင် ငါတို့လူကြီးတွေက ဘယ်
လောက် များစည်းရုံးခဲ့လို့လဲ။
မြန်မာစာနဲ့ယဉ်ကျေးမှုသင်နိုင်အောင် နော်ဝေးလူ့အဖွဲ့စည်းဆီ ငါတို့လူကြီးတွေက ဘယ်လောက်များထဲထဲဝင်ဝင်စည်းရုံးဟောပြော
ခဲ့ဖူးလို့လဲဆိုပီး မေးခွန်းထုတ်မိပါတယ်။ တခါလာလဲ "မင်းရယ်။ ငါရယ်။ သူငယ်ချင်းတွေရယ်" ဆိုတာထက်ပိုတဲ့ အင်အားသစ်တွေ
တိုးချဲ့စည်းရုံးမှုမျီုးကို ငါ တို့ မလုပ်နိုင်သေး။ မလုပ်ဖြစ်သေးပါလားဆိုပီး ကျနော် စဉ်းစားနေမိပါတယ်။
(ထက်အောင်ကျော်)
Myanmar News Now
0 comments:
Post a Comment