Pages

Tuesday, August 7, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီ ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီ

Photo


သြဂုတ်လ ၇ ရက်နေ့ မှစတင်ကာ ပြည်သူ့လွှတ်တော်တွင် တရားဥပဒေစိုးမိုးရေး ကော်မတီတစ်ခုကို အသစ်

ဖွဲ့စည်းခဲ့ပြီး တရားဥပဒေစိုးမိုးရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ကော်မတီ ဥက္ကဌအနေဖြင့်တာဝန်

ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။'


ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်

မတီ အသစ်ထပ်မံဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော် မှ သဘောတူညီသည့်အတွက် အတည်ပြုကြောင်း

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ (သြဂုတ်လ ၇ ရက်) နံနက် ၁၀ နာရီ အချိန်တွင်ကြေညာ

ခဲ့သည်။ 


အဆိုပါ ကော်မတီ ဥက္ကဌမှာ ဒေါ်အောင်ဆန်းစုကြည် ၊ အတွင်းရေးမှူးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ

ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စ
ားလှယ် ဦးဝင်းမြင့် ဖြစ်ပြီး၊အဖွဲ့ဝင်၁၅ ဦး ပါဝင်မည်ဖြစ်
ကြောင်း


သိရှိရသည်။ 








အဆိုပါ ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ





ဝန်ထမ်းများ၊ မီဒီယာများကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိစေရန် ကြပ်မတ်ထိန်းကျောင်း ရ





မည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရန် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဒုတိယ





ဥက္ကဌ ဦးနန္ဒကျော်စွာမှ ကြေညာခဲ့သည်။ ထို့ပြင် အဆိုပါ ကော်မတီသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း 





ထပ်မံပြောကြားခဲ့သည်။








ပြည်သူ့လွှတ်တော်၏ သဘောတူညီချက်အရ- ''တရားဥပဒေစိုးမိုးရေးနှင့် 


တည်ငြိမ်းအေးချမ်းရေးကော်မတီ''

သစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့ရာတွင် ကော်မတီကို


(၁) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ- ကော့မှူးမဲဆန္ဒနယ်၊



(၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ အဖွဲ့ဝင်



(၃) ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊ အဖွဲ့ဝင်



(၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊ အဖွဲ့ဝင်



(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊အဖွဲ့ဝင်



(၆) ဒေါက်တာရိုအုပ် မတူပ
ီ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်



(၇) ဦးခင်မောင်မြင့် ဇီးကုန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်



(၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊ အဖွဲ့ဝင်



(၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်



(၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်



(၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊ အဖွဲ့ဝင်



(၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊ အဖွဲ့ဝင်



(၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်



(၁၄) ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ် အဖွဲ့ဝင်



(၁၅) ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊ အတွင်းရေးမှူး တို့ဖြင့် ဖွဲ့စည်းခဲ့သည်။








အမျိုးသားလွှတ်တော် အစည်းအဝေး၌ ထပ်မံတင်သွင်းသည့် အဆိုများမှာ-----

(၁) အစိုးရမဟုတ်သည့် ပြည်တွင်းလူမှုရေး အသင်းအဖွဲ့ NGO အပြင် အမည်မျိုးစုံဖြင့် ဒေသအလိုက် လှုပ်

ရှားနေသော အသင်းအဖွဲ့အချို့က ပြည်သူနှင့် အုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများအကြား ပြသနာကြီးငယ်

ပေါ်ပေါက်ရေးကို ဦးတည်လုပ်ဆောင်နေကြောင်း တွေ့ရှိရပါသဖြင့် အဆိုပါ အဖွဲ့များကို မည်သို့ တရားဝင်

မှတ်ပုံတင်စေပြီး ခွင့်ပြုချက်တင်ပြထားသည့် လုပ်ငန်းမျိ
ုးကိုသာ ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်
သွား

ရေးအတွက် မည်သို့ကြီးကြပ်မည်ကို သိရှိလိုခြင်း စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခြင်း 



(၂) အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာမည့် မြန်မာနိင်ငံ အနောက်ဘက်ကမ်းခြေနှင့် မြစ်ကြောင်းများ လုံခြုံ





ရေးအတွက် မြန်နှုန်းမြင့် သင်္ဘော၊ ဘုတ်များ ပါဝင်သော ရေကြောင်း ရဲတပ်ဖွဲ့ ဖြစ်စေ၊ ကမ်းခြေစောင့် တပ်





ဖွဲ့ ဖြစ်စေ ဖွဲ့စည်းရန် အစီအစဉ် ရှိမရှိနှင့် စပ်လျဉ်းသည့် မေးခွန်း 




အစရှိသည့် မေးခွန်းများအပါအ၀င် မေးခွန်း စုစုပေါင်း (၆)ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်ကြ





မည်ဖြစ်ပြီး 




(၁) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ငွေကြေးသက်သေခံလက်မှတ်များ လဲလှယ်





ရောင်းဝယ်ရေး ဥပဒေကြမ်းကို အဆိုတင်သွင်းခြင်းနှင့် အမျိုးသား လွှတ်တော်၏ သဘောတူညီချက်ရယူခြင်း




(၂) အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၏ အစီအ





ရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း 




(၃) ဖွံ့ဖြိုးမှုနည်းသော တိုင်းရင်းသားများအတွက် တိုးတက်ဖွံ့ဖြိုးရေး စီမံချက်ချ၍ စတင်ဆောင်ရွက်ပေးရန်





အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၉)ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဖွဲ့အစည်းဝင်က ပြန်လည် ဖြေ





ရှင်းဆွေးနွေးခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း 




(၄) အိမ်နီချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံတွင် စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသော နည်းလမ်း





များဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားေ
ရး

တာဝန်အဖြစ် အထူစီမံချက်တစ်ရပ် ချမှတ် ဖေါ်ထုတ် အရေးယူဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုး

အား တိုက်တွန်းကြောင်း အဆိုအား တင်သွင်းခြင်း အစရှိသည့် အစီအစဉ်များကိုလည်း ပြုလုပ်ကြမည် ဖြစ်


ကြောင်း သိရှိရပါသည်။







Eleven Media 

0 comments:

Post a Comment