Pages

Tuesday, August 7, 2012

ဘရတ်ပစ်တ်က သားဖြစ်သူမက်ဒေါ့စ်မွေးနေ့အတွက် ဆိုင်ကယ်လက်ဆောင်ပေး

(ဘရက်ပစ် နှင့်ဂျိုလီတို့ မွေးစားထားသော ကလေးများနှင့်အတူတွေ့ရစဉ်)

ဘရတ်ပစ်တ်သည် ၎င်း၏ သားဖြစ်သူအတွက် မော်တော်ဆိုင်ကယ်လေး တစ်စင်းကို မွေးနေ့လက်ဆောင် ဝယ်ပေးခဲ့ကြောင်း သိရှိရသည်။ ပစ်တ်နှင့် ချစ်သူ ဟောလီးဝုဒ် မင်းသမီး အန်ဂျလီနာ ဂျိုလီတို့ အတူတကွ မွေးစားထားသော မက်ဒေါ့စ်သည် မကြာသေးမီကမှ အသက်(၁၁)နှစ် ပြည့်မြောက်ခဲ့သည်။

ပစ်တ်သည် မော်တော်ဆိုင်ကယ်များကို စွဲလန်း နှစ်သက်သူ တစ်ဦးဖြစ်ပြီး မက်ဒေါ့စ်သည်လည်း ဖခင်ခြေရာကို နင်းမည့် အရိပ်အယောင်မျိုး ပြသခဲ့သည်။ ထို့ကြောင့် The Curious Case of Benjamin Button စတား မင်းသားက သားဖြစ်သူအား Suzuki DRZ-125 အမျိုးအစား ဆိုင်ကယ်လေး တစ်စင်းကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ 



၎င်းတို့ မိသားစုနှင့် နီးစပ်သူ တစ်ဦးက "ပစ်တ်ဟာ အမြဲတမ်း ရက်ရော သဘောကောင်းတဲ့ ဖခင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ မက်ဒေါ့စ်က ဆိုင်ကယ်တွေကို စိတ်ဝင်စားမှန်း သူသိတယ်။ ဒီတော့ ကလေးရဲ့ ဆိုင်ကယ်စီး အတွေ့အကြုံကို ကောင်းကောင်းမွန်မွန် စလာစေချင်တယ်"ဟု The Sunသို့ ပြောကြားခဲ့သည်။ 

"ပစ်တ်က မက်ဒေါ့စ်ကို ကားဂိုဒေါင်ထဲ ခေါ်သွားတယ်။ ပြီးမှ ဝယ်ထားတဲ့ ဆိုင်ကယ်လေးကို ပြလိုက်တာပါ။ ချာတိတ်က လပေါ်
ရောက်သွားသလို ပျော်နေရော။ ချက်ချင်း ဆိုင်ကယ်ပေါ် တက်ခွပြီး ခြံဝင်းထဲမှာ တစ်နေကုန် ပတ်မောင်းနေတော့တာပဲ"ဟုလည်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောဆိုသွားခဲ့သည်။ 

ထို့အပြင် ပစ်တ်သည် သားဖြစ်သူက ၎င်းနှင့် ဝါသနာတူနေခြင်းကို စိတ်လှုပ်ရှား ကျေနပ်နေခဲ့ကြောင်းလည်း သိရှိရသည်။ 

Film-News,Planet Myanmar Media

0 comments:

Post a Comment