Pages

Tuesday, August 7, 2012

ရိုဟင်ဂျာတွေကို သတ်ဖြတ်နေဟု မြန်မာကို ဆော်ဒီအာရေးဗီးယားက စွပ်စွဲပြောကြား

ရခိုင်ပြည်နယ်က မူဆလင် ရိုဟင်ဂျာတွေကို မြန်မာအစိုးရက လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆော်ဒီအာရေး
ဗီးယား အစိုးရက မနေ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။


ဆော်ဒီအစိုးရအဖွဲ့ရဲ့ သဘောထားကို အစိုးရသတင်းဌာန SPA က ပြောဆိုရာမှာ မြန်မာနိုင်ငံက မူလဆင် ရိုဟင်ဂျာတွေကို မြန်မာ
အစိုးရက ရက်စက်စွာ တိုက်ခိုက်မှုတွေ ရှိနေပြီး၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း ၊ ဆော်ဒီအစိုးရ အနေနဲ့ ပြင်း

ထန်စွာ ရှုံ့ချကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေရဲ့ လူနေမှုဘ၀တွေ ကောင်းမွန်လာရေး
သူတို့

တွရဲ့ အသက်အန္တရာယ်ကို အကာအကွယ်ပေးနိုင်ဖို့ ၊ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ မဖြစ်အောင် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်ကြောင်း ဆော်ဒီအာရေးဗီးယား အစိုးရက တိုက်တွန်းလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး အီဂျစ်နိုင်ငံသား တစ်ချို့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အီဂျစ်အစိုးရ အနေနဲ့ မြန်မာအစိုးရ နဲ့ သံတမန် ဆက်ဆံရေး ဖြတ်တောက်ဖို့ ဒါဇင်လောက်ရှိတဲ့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ အလားတူ ဆန္ဒပြပွဲကိုလည်း လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ မြန်မာသံရုံးရှေ့မှာ ထပ်မံကျင်းပသွားမယ်လို့ သိရပါတယ်။

ကမ္ဘာမှာ အစ္စလမ်ဘာသာဝင် အများစု နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလို ယုဟိုရိုနိုကတော့ မြန်မာနိုင်ငံက ရခိုင်တိုင်းရင်းသားတွေ နဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ပဋိပက္ခဟာ ဘာသာရေး ပဋိပက္ခ မဟုတ်ကြောင်း၊ ဒေသတွင်း လူအုပ်စုကြား ဖြစ်ပွားတဲ့ ပဋိပက္ခသာ ဖြစ်ပြီး မြန်မာအစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြောပါတယ်။





RFA (Burmese)

0 comments:

Post a Comment