Pages
Tuesday, August 7, 2012
မန်ယူအသင်းနှင့်အတူ လေ့ကျင့်ကစားလိုကြောင်း ကမ္ဘာ့အမြန်ဆုံး လူသား အိုလံပစ်ရွေတံဆိပ်ဆုရှင် အူစိန်ဘော့တ်က ပြောကြား
မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် အစမ်းလေ့ကျင့်ခွင့် ရမည်ဆိုပါက မိမိအနေဖြင့် ငြင်းဆန်နိုင်မည် မဟုတ်ဟုအူစိန်ဘော့တ်
က ဖွင့်ဟ ပြောကြားလိုက်သည်။ ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် သတ်မှတ်ခံထားရသော ဂျမေကာ တာတိုအပြေး ချန်ပီယံသည် ဘောလုံးကို ရူးသွပ် စွဲလန်းသူ တစ်ဦးဖြစ်ပြီး မန်ယူအသင်း ပရိသတ် တစ်ဦးအဖြစ်လည်း လူသိများသည်။
ဘော့တ်က ပြေးလမ်းများကို စွန့်ခွာပြီး မန်ယူအတွက် မြက်ခင်းစိမ်းများပေါ်တွင် ပြေးလွှားကစားနေရမည် ဆိုပါက အလွန်ဝမ်း
မြောက်မိလိမ့်မည်ဟု ဖွင့်ဟခဲ့သည်။ "အရင်တုန်းက ကျွန်တော် တစ်နေ့နေ့ မန်ယူအတွက် ဘောလုံးကစားပေးချင်တယ်လို့ ပြော
ခဲ့တုန်းက လူတွေက နောက်နေတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ခုနေ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အသင်းမှာ လာလေ့
ကျင့်ပါလို့ ကမ်းလှမ်းလာရင် ကျွန်တော် ချက်ချင်း သွားမှာပဲ"ဟု ဘော့တ်က ပြောကြားခဲ့သည်။
က "ကျွန်တော် မန်ယူမှာ အစမ်းလေ့ကျင့် ကစားပြီး လုံလောက်တဲ့ ကျွမ်းကျင်မှု ရှိတယ်လို့ အသိအမှတ် ပြုခံရရင် ကျွန်တော်ဟာ အသင်းအတွက် အမြန်ဆုံး ကစားသမား ဖြစ်လာမှာပါ။ 
ဒါပေမဲ့ ကျွန်တော်က ဘောလုံးလည်း ကောင်းကောင်း ကန်တတ်ပါတယ်။ ကျွန်တော်က ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုတောင် ပိုပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်လာအောင် ကူညီနိုင်မယ် ထင်တယ်"ဟုလည်း ပြောဆိုသွားသည်။ 
Planet Myanmar Media:
0 comments:
Post a Comment