Pages

Wednesday, April 8, 2015

ရုရှားသင်္ဘောနစ်မှုမှာ ပျောက်ဆုံးနေတဲ့ မြန်မာအများစုရဲ့ အလောင်းတွေကိုပြန်ရ


RangonNewsDaily:: April . 8 .2015
ရှရှားနိုင်ငံ Okhotsh Sea (မုဆိုးပင်လယ်) မှာ Dalny Vostok အမည်ရ ရုရှားငါးဖမ်းသင်္ဘော
နစ်မြုပ်မှုကြေင့် ပျောက်ဆုံးနေတဲ့ မြန်မာ ၁၉ဦးထဲက ၁၅ဦးရဲ့ အလောင်းကို ရရှိထားပြီလို့ ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ကောင်စစ်ဝန်ဦးအောင်ကျော်မိုးက ပြောပါတယ်။သင်္ဘောနစ်မြုပ်
မှု စဖြစ်ချိန်က ရရှိထားတဲ့ အလောင်းတစ်လောင်း အပါအဝင် ဆိုရင် မြန်မာနိုင်ငံသား အလောင်း စုစုပေါင်း ၁၆ လောင်း တွေ့ရှိထားပြီ ဖြစ်ဖြစ်ပါတယ်။ မြန်မာလေးဦး ကိုတော့ ဆက်လက် ရှာဖွေနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
အသက်ရှင် ကျန်ရစ်ခဲ့တဲ့ မြန်မာ ၂၂ ဦးကိုလည်း ရုရှားနိုင်ငံ၊ တောင်ပိုင်း Sakhalin မြို့ရှိ Pacific Plaza hotel မှာ ရောက်ရှိနေပြီဖြစ်ပြီး အဲဒီ ၂၂ ဦးလုံးဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်တယ်လို့ ဦးအောင်ကျော်မိုးက ပြောဆိုပါတယ်။

အသက်ရှင်တဲ့ မြန်မာ ၂၂ဦးကို နေရပ်ပြန်ပို့မယ့် ကိစ္စတွေ၊ သင်္ဘောနစ်မြုပ်မှုမှာ ထိခိုက်နစ်နာခဲတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရပိုင်ခွင့်အတွက် ရုရှား အာဏာပိုင်တွေနဲ့ ဆွေးနွေးသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
::
Dalny Vostok သင်္ဘောဟာ ဧပြီလ ၁ရက်နေ့မှာ နစ်မြုပ်ခဲ့တာ ဖြစ်ပြီး အဲဒီသင်္ဘောမှာ မြန်မာ ၄၂ဦး အပါအဝင် လူပေါင်း ၁၃၂ဦး လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။ သေဆုံးသူ ၅၆ ဦးနဲ့ အသက်ရှင်သူ ၆၃ဦး ဆယ်ယူရရှိထားပြီဖြစ်ပြီး ပျောက်ဆုံးသူ ၁၃ဦး ရှိနေပါသေးတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment