Pages

Wednesday, April 8, 2015

ဒီစတီဖာနို၊ မက်ဆီတို့၏စံချိန်များကို ရှစ်မိနစ်အတွင်း ဟက်ထရက်ရယူနိုင်ခဲ့သည့် စီရော်နယ်ဒို လိုက်မီနိုင်ခဲ့ပြီဖြစ်


RangonNewsDaily:: April . 8 .2015
လက်ရှိကမ္ဘာ့အကောင်းဆုံးက စားသမားဖြစ်သူ ရီးရဲလ်တောင်ပံက စားသမားစီရော်နယ်ဒိုသည် စပိန် လာလီဂါပွဲစဉ် ၂၉အဖြစ် ဂရန်နာဒါ အသင်းနှင့်ပွဲစဉ်တွင် ၉-၁ဂိုးဖြင့် အ နိုင်ရရှိခဲ့သည့်ပွဲစဉ်၌ အသင်းအတွက် ငါးဂိုးအထိသွင်းယူပြီး အချိန် ၈မိနစ် အတွင်း ဟက်ထရစ်ဂိုး ရရှိခဲ့ခြင်း ကြောင့် ရီးရဲလ်ဂန္ထဝင်ကစားသမား ဒီစတီဖာနိုနှင့် ဘာစီလိုနာ တောင်ပံ ကစားသမား မက်ဆီတို့၏စံချိန်ကို လိုက်မီနိုင်ခဲ့ပြီဖြစ်သည်။
ရီးရဲလ်တိုက်စစ်မှူးစီရော်နယ် ဒိုအနေဖြင့် ယင်းကဲ့သို့ ငါးဂိုးသွင်းယူ နိုင်ခဲ့ခြင်းမှာ အသင်းအတွက် ပထမ ဦးဆုံးသွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည့် အပြင် အဆိုပါသွင်းဂိုးများကြောင့် ၄င်းအနေဖြင့် ကစားသမားသွင်းဂိုး ၃ဝဝ လည်းပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ထို့ပြင် စီရော်နယ်ဒိုသည် ရီးရဲလ်အ သင်းအတွက် ၁၉၁ပွဲကစားပေးထား ကာ ၂၁၃ ဂိုးသွင်းယူပေးထားနိုင်ခဲ့ သည့် ထိပ်တန်းတိုက်စစ်ကစားသမား တစ်ဦးအဖြစ် လည်း မှတ်တမ်းဝင် သွားခဲ့ပြီဖြစ်သည်။

လာလီဂါတွင် ရလဒ်များဆိုးရွား နေခြင်းကြောင့် ဝေဖန်မှုများခံနေရ သည့် စီရော်နယ်ဒို၊ ဘင်ဇီမာ၊ ဂါရတ် ဘေးလ်တိုက်စစ်အတွဲသုံးဦးသည် ဂရန်နာဒါ အသင်းအား အနိုင်ရရှိခဲ့ သည့်ပွဲစဉ်တွင် အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့ပြီး သွင်းဂိုးကိုးဂိုးအထိ ရယူ ပေးနိုင်ခဲ့သည်။

ရီးရဲလ်အသင်းအနေ ဖြင့် ၁၉၆၇ခုနှစ်တွင် ဆိုစီဒက်အသင်း အား ယခုကဲ့သို့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး နောက် နှစ်ပေါင်း ၄၈နှစ်အကြာတွင် ယင်းကဲ့သို့ စံချိန် ထပ်မံရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

Democracytoday , 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment