Pages

Wednesday, April 8, 2015

အနေဝေးတဲ့ ချစ်သူတွေ အဆင်မပြေရတဲ့ အကြောင်း

RangonNewsDaily:: April . 8 .2015
အနေဝေးနေရတဲ့ ချစ်ခြင်းတွေက အန္တရာယ်များပါတယ်။ များပြားလှတဲ့ အကြောင်းအရင်းတွေကြောင့် ချစ်သူစုံတွဲတွေဟာ တခါတရံမှာ မတူညီတဲ့နေရာတွေမှာ နေထိုင်ရပြီး ကွဲကွာနေကြရပါတယ်။
ဒီလိုအနေတွေဝေးနေရတာကြောင့် relationship ကို တော်တော်များများက မထိန်းသိမ်းနိုင်ကြပါဘူး။ စိတ်မရှည်တာရော တခြားဦးစားပေးရမှာတွေ များနေတဲ့ ဘဝမှာ လူတွေဟာ မကြာခဏဆိုသလို ချစ်တတ်ပြီး အချစ်တွေလည်း ကုန်ခမ်းသွားတတ်ကြပါတယ်။ အခုဒီဆောင်းပါးလေးမှာတော့ အနေဝေးနေရတဲ့ ချစ်သူတွေ အဆင်မပြေရတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ ယုံကြည်မှုကင်းမဲ့နေခြင်း
အနေဝေးနေကြတဲ့ ချစ်သူတွေမှာ အကြီးမားဆုံး ဟာကွက်လေးကတော့ ယုံကြည်မှုကင်းမဲ့နေခြင်းပါ။ ယုံကြည်မှုဆိုတာ relationship တိုင်းရဲ့အခြေခံ ပါပဲ။ Relationship နဲ့ပတ်သက်တဲ့ အကြံပေးနည်းလမ်းတွေအားလုံးက ကိုယ့်လက်တွဲဖော်ကို စိတ်ပါလက်ပါ ယုံကြည်ဖို့ပဲ တိုက်တွန်းကြပါတယ်။

၂။ စိတ်မချဖြစ်ခြင်း
စိတ်မချဖြစ်နေခြင်းကလည်း ဝေးကွာနေရတဲ့ ချစ်သူတွေ အဆင်မပြေရတဲ့ အကြောင်းတစ်ချက်ပါ။ ကိုယ့်လက်တွဲဖော်အပေါ်မှာ သံသယတွေ ယုံကြည်မှုကင်းမဲ့ခြင်းတွေ ထားရှိတာက မကောင်းပါဘူး။ အဆင်ပြေချောမွေ့တဲ့ relationship ရဖို့အတွက်ဆိုရင် ကိုယ့်လက်တွဲဖော်အပေါ် စိတ်ချလက်ချရှိပြီး ယုံကြည်ပေးပါ။

၃။ အပေါင်းအသင်း အသစ်များ
ချစ်သူနဲ့ ဝေးကွာနေတဲ့အခါ ကိုယ်ကလည်း အပေါင်းအသင်းအသစ်တွေနဲ့ တွေ့မယ်၊ သူတို့နဲ့ အချိန်ကုန်တာများနေပြီး သူတို့ကိုခင်တွယ်လာနိုင်ပါတယ်။ ဒီအကြောင်းအရင်းကလည်း ဝေးကွာနေတဲ့ချစ်သူနဲ့ အဆင်မပြေစေတဲ့ အချက်ပါ။ တခြားအပေါင်းအသင်းသစ်တွေကို မမက်မောမိအောင် ကိုယ့်ချစ်သူနဲ့ အမြဲတမ်း အဆက်မပြတ်စေဖို့ လိုပါတယ်။

၎။ အထီးကျန်စေတဲ့ ခံစားချက်
ချစ်သူက အဝေးမှာဆိုရင် နေ့တိုင်းအနည်းဆုံး တစ်ကြိမ်တော့ စကားပြောသင့်ပါတယ်။ မဟုတ်ရင် အထီးကျန်တဲ့စိတ်ကြီးက ကိုယ့်ကိုဝါးမြိုသွားပါလိမ့်မယ်။ ဒီအချက်ကလည်း ချစ်သူနဲ့အဆင်မပြေစေတဲ့ အကြောင်းတစ်ချက်ပါ။

၅။ အလုပ်များခြင်း
အလုပ်များနေတာက မကောင်းတာတော့မဟုတ်ပါဘူး။ ဒါပမယ့် ကိုယ့်ချစ်သူအတွက်တောင် အချိန်မပေးနိုင်ရင် relationship ကြီးကို ထိခိုက်စေပြီး လုံးဝကို ပျက်စီးသွားစေနိုင်ပါတယ်။

၆။ ဦးစားပေးခြင်း
ဝေးကွာနေရတဲ့ ချစ်ခြင်းကို ပြုစုပျိုးထောင်ပေးဖို့ ဦးစားပေးသင့်ပါတယ်။ Relationship တစ်ခု မပြိုလဲချင်ရင် ကိုယ့်ချစ်သူကို ဦးစားပေးရမှာပါ။

၇။ အာရုံပျံ့လွင့်စရာများ
ချစ်သူက အဝေးမှာဆိုတော့ တခြားအမျိုးသားတွေရဲ့ အာရုံစိုက်ခြင်းကို ခံရနိုင်ပါတယ်။ ဒါက ကိုယ့်ကိုအာရုံလွင့်စေတာပေါ့။ ကိုယ့်အဝေးက ချစ်သူနဲ့ အဆင်မပြေ မဖြစ်ချင်ဘူးဆိုရင် ကိုယ်ဘာလုပ်နေတယ်ဆိုတာကို အမြဲသတိထားပါ။ ကိုယ့်ကိုယ်ကို နေရာတကာ အလိုမလိုက်မိစေပါနဲ့။

၈။ ခံစားချက်ပိုင်းဆိုင်ရာ ထောက်ခံအားပေးမှု
ချစ်သူနှစ်ဦးကြားမှာ အကွာအဝေးလေး ခြားလာပြီဆိုရင်တော့ ခံစားချက်ပိုင်းဆိုင်ရာ ထောက်ခံအားပေးမှုကျဆင်းလာနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းကနေ လျစ်လျူရှုခံနေရသလို၊ ရှောင်ဖယ်ခံနေရသလို ခံစားချက်တွေ ဝင်လာနိုင်ပါတယ်။ တဖြည်းဖြည်း လက်တွဲဖြုတ်လိုက်ရတဲ့ထိ ရလဒ်ထွက်ပေါ်လာစေနိုင်ပါတယ်။

၉။ အမြဲတမ်း စကားများရန်ဖြစ်နေခြင်း
အနေဝေးနေတဲ့ ချစ်သူစုံတွဲအများစုက စကားများတတ်ကြပါတယ်။ ဒီအတွက် အကြံပေးပါဆိုရင် မကြာခဏတွေ့ဆုံပါ၊ ပုံမှန်ဖုန်းဆက်ပါ၊ ပြီးတော့ စကားများ ရန်ဖြစ်တာကို ရှောင်ပါ။

KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment