Pages

Wednesday, April 8, 2015

ဂီတကြယ်ပွင့် ခြောက်ဦး၏ ထာဝရသံစဉ်သီချင်းများ ဂီတဖျော်ဖြေပွဲ ယခုလ ၉ရက်တွင်ကျင်းပမည်


RangonNewsDaily:: April . 8 .2015
ထူးထူးခြားခြား ဂီတဖျော်ဖြေ ပွဲများ တင်ဆက်တတ်သည့်ပွဲစီစဉ် သူကိုပီပေါ်က ယခုတစ်ဖန်ပရိသတ် တွေနှင့် အလှမ်းဝေးကွာလုနီးပါး ရှိနေကြသော ဂီတကြယ်ပွင့်များဖြစ် ကြသည့် အဆိုတော် ဘိုဘိုဟန်၊ ခင်မောင်ထူး၊ ဂျေမောင်မောင်၊ စံလင်း၊မီမီဝင်းဖေ၊ရတနာဦးစသည့် တေးသံရှင်များ၏တေးသီချင်းဖျော် ဖြေမှု ဂီတပွဲတော်ကို ထာဝရသံစဉ် သီချင်းများခေါင်းစဉ်ဖြင့် ယခုလ ၉ရက် ည ၇နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပသွားမည်ဟု ယခုလ ၅ရက် မွန်းလွဲ ၁နာရီက ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ My Granden စားသောက်ဆိုင်၌ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
''ဒီပွဲကတော့ ကျွန်တော်လုပ် နေကျပုံစံပါပဲ။ ဘာမှတော့ ထူးထူး ခြားခြားကြီးသိပ်မရှိပါဘူး။ တစ်ခု ပဲရှိတယ်။ ပရိသတ်တွေ သူတို့အသံ တွေမကြားရတာ အတော်ကြာပြီ လို့ ကျွန်တော်ထင်လို့ပါ။ သီချင်း တွေကရှိနေတယ်ဆိုပေမယ့် သူတို့ နဲ့အနီးကပ် မဖျော်ဖြေရတာလဲ ကြာ ပြီလို့ထင်ပါတယ်။

''ကျွန်တော်က ပွဲစီစဉ်သူဆို တော့ ပိုက်ဆံတစ်ခုပဲကြည့်မယ်လို့ မထင်ပါနဲ့၊ ကိုယ်တိုင်က ဝါသနာ ပါလို့ ရှုံးရှုံးမြတ်မြတ်ဒီအလုပ်ကို လုပ်နေတာပါ''ဟု ပွဲစီစဉ်သူကို ပီပေါ်က ပြောကြားခဲ့သည်။

အဆိုပါပွဲလက်မှတ်ဈေးနှုန်းများ မှာကျပ်နှစ်သောင်း၊ကျပ်တစ်သောင်း ခွဲ၊ ကျပ်တစ်သောင်း၊ ကျပ်ခုနစ် ထောင်ဖြင့် သတ်မှတ်ရောင်းချမည် ဖြစ်ပြီးလက်မှတ်များကိုTaw Win Centre -ဖုန်း၈၆ဝဝ၁၁၁ Ext - ၂၂၂၂ သို့လည်းကောင်း၊ မန်းသီရိ တေးသံသွင်း ဖုန်း-ဝ၁၃၉၂၃၉၁၊ ဝ၁-၂၅၂၉ဝ၃ သို့လည်းကောင်း ချန်ပီယံစတိုး(မြို့မကျောင်းလမ်း)တို့ တွင်ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

The Union Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment