Pages

Wednesday, April 8, 2015

ဘိုကလေးမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် ညီမကို အစ်ကိုက ဓားဖြင့်ခုတ်သတ်

RangonNewsDaily:: April . 8 .2015
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတွင် ဧပြီလ ၃ ရက်နေ့က အသက် ၁၃ နှစ်အရွယ် ညီမဖြစ်သူကို အစ်ကိုဖြစ်သူက ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ဘိုကလေးမြို့မ ရဲစခန်းထံမှ သိရသည်။
ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာအုပ်စု သုခဝတီမြစ်တန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓားဖြင့် ခုတ်သတ်ခဲ့သူ အသက် ၂၅ နှစ်အရွယ်ရှိ ချစ်ကိုသည် အဘိုးဦးသန်းမြင့်၊ အဘွား ဒေါ်သန်းအေး၊ အသက် ၁၃ နှစ်အရွယ်ရှိ ညီမဖြစ်သူ (မိထွေး၏သမီး) မလုံးလုံးတို့ နှင့်အတူ မိန်းမလှကျွန်းသို့ မဒမပင်ခြောက်များကို ထင်းအဖြစ်ခုတ်ယူရန် ရောက်ရှိခဲ့ရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ယင်းရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းနေ့နံနက် ၁၁ ခန့်က အိပ်ပျော်နေစဉ် လူတစ်ဦးက လည်ပင်းညှစ် သတ်နေသည်ကို အိပ်မက်မြင်မက်ရာမှ လန့်နိုးကာ အနီးတွင်ထိုင်နေသည့် ညီမဖြစ်သူကို သတ်မိခြင်းဖြစ်ကြောင်း ချစ်ကိုက ရဲစခန်းတွင် ထွက်ဆိုထားသည်။
::
“အသတ်ခံရတဲ့သူရဲ့ငယ်ထိပ်မှာ ငါးလက်မခန့်ရှိတဲ့ ပေါက်ပြဲဒဏ်ရာ၊ လည်ပင်းမှာလည်း ငါးလက်မခန့်ရှိတဲ့ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ” ဟု ဘိုကလေးမြို့မရဲစခန်းက ဒုရဲမှူးစောစိုးမိုးက ပြောကြားသည်။
လက်ရှိအချိန်၌ ချစ်ကို ကို ပြစ်မှု အမှတ်(ပ)၇၄/၂၀၁၅ ၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိကြောင်း ဘိုကလေး မြို့မရဲစခန်းထံမှ သိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment