Pages

Wednesday, April 8, 2015

ဂီတလောကမှာ (၂၅)နှစ်ပြည့်မြောက်ပြီဖြစ်လို့ ဖျော်ဖြေပွဲ ကျင်းပဖို့ Iron Cross တေးဂီတအဖွဲ့ ပြင်ဆင်နေ


RangonNewsDaily:: April . 8 .2015
Iron Cross တေး ဂီတအဖွဲ့ရဲ့ (၂၅)နှစ်ပြည့် အထိမ်း အမှတ် ဖျော်ဖြေပွဲပြုလုပ်သွားမှာဖြစ် တယ်လို့ Iron Cross တေးဂီတအ ဖွဲ့မှ တေးသံရှင်ဝိုင်ဝိုင်းက ဆိုပါတယ်။
အခုလတ်တလော Iron Cross အဖွဲ့အနေနဲ့ ဧပြီ ၇ ရက်မှ ဧပြီ ၈ ရက်အထိ ကော့သောင်းဖျော်ဖြေပွဲ သွားရောက်မှာဖြစ်ပြီး ၂ဝ၁၅ ခုနှစ် သင်္ကြန်ပွဲတော်မှာတော့ ကန်တော် ကြီး မျှော်စင်ကျွန်း Grand Royal မဏ္ဍပ်မှာ ဖျော်ဖြေသွားဖို့ရှိတယ်လို့ သိရပါတယ်။

''အစ်ကိုတို့ Band ရဲ့ (၂၅) နှစ် ပြည့်ဖျော်ဖြေပွဲကို ဒီနှစ်ထဲမှာလုပ်ဖို့ ရှိတယ်။ စီစဉ်နေတုန်းဆိုတော့ အ စီအစဉ်ကို သေချာပြောလို့တော့မ ရသေးဘူး။ဒီလို (၂၅)နှစ်အထိ အဖွဲ့ ကိုရပ်တည်နိုင်ခဲ့တာကလဲ လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် သဘော ထားကွဲတာ၊ အကြိုက်မတူတာတွေ ရှိပေမယ့် အချင်းချင်းချစ်ခင်ကြတယ်။ 
ခွင့်လွှတ်နားလည်ကြတယ်။ ဒါတွေ ကြောင့်လို့ ကျွန်တော်ထင်တာပဲ'' ဟု ၄င်းက ပြောပါတယ်။

အဆိုတော်ဝိုင်ဝိုင်းရဲ့ တစ်ကိုယ် တော်ဖျော်ဖြေပွဲကျင်းပနိုင်ရန် စီစဉ် နေပြီး တစ်ကိုယ်တော်တေးစီးရီးအ သစ်ကိုလည်း ၂ဝ၁၅ ခုနှစ်အကုန် ၂ဝ၁၆နှစ်ဆန်းပိုင်းမှာ ထွက်ရှိဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

''ကျွန်တော့်ရဲ့ တစ်ကိုယ်တော် တေးစီးရီးအသစ်အတွက်လဲ ပြင်ဆင် နေတယ်။ အစောဆုံး ၂ဝ၁၅ နှစ်ကုန် နဲ့ ၂ဝ၁၆ နှစ်ဦးပိုင်းလောက်ထွက်ဖို့ စီစဉ်ထားတယ်။ အခုလဲ လုပ်နေတုန်း ဆိုတော့ ဂီတအမျိုးအစားကွဲပြားမှု ရှိမလားဆိုတာတော့ ပြောလို့မရသေး ဘူး။ တစ်ကိုယ်တော် Show ကတော့ လုပ်ဖို့အစီအစဉ်ရှိတယ်။ ဒါပေမဲ့ ကြိုး စားတုန်းပဲ'' ဟု ၄င်းက ဆိုပါတယ်။

အဆိုတော်ဝိုင်ဝိုင်းက 'နေဆယ် စင်း'၊ 'လမင်းပင်လယ်'၊ 'အတုံ့အလှည့်' 'ထာဝရ' အမည်ရှိ တစ်ကိုယ်တော် တေးစီးရီး လေးခွေထွက်ရှိထားပြီး ၂ဝဝဝ ခုနှစ်နောက်ပိုင်းမှာ တစ်ကိုယ် တော်ဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။
ဝိုင်ဝိုင်းဟာ Iron Cross တေး ဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်အ ဖြစ် ၂၅ နှစ်တိုင်ဖျော်ဖြေခဲ့ပြီး ရှိုးပွဲ တွေနဲ့ တေးစီးရီးအခွေများစွာမှာ ပါ ဝင်သီဆိုနေတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။

ဒီမိုကရေစီတူဒေး , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment