Pages

Wednesday, April 8, 2015

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီ ဒုက္ခသည်စခန်း မီးလောင်


RangonNewsDaily:: April . 8 .2015
ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မယ်ဟောင်ဆောင်မြို့အနီးက ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ မှာ ဧပြီလ ၇ရက်နေ့ နေ့လယ် ၁၁ နာရီခွဲလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ အိမ်ခြေရာနဲ့ချီ မီးလောင်ကျွမ်းခဲ့လို့ အရေးပေါ် အကူအညီတွေ လိုအပ် နေကြောင်း သိရပါတယ်။
ရပ်ကွက် (၁) မှာရှိတဲ့ ဆေးပေးခန်းအနီးတစ်ဝိုက်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ စခန်းကော်မတီ အတွင်းရေးမှူး ၃ တာဝန်ယူထားတဲ့ ခူးပိုးရယ် က RFA ကို ပြောပါတယ်။

“ရပ်ကွက် ၁ မှာက ကျနော်တို့ မြေပုံညွှန်းအတိုင်း ခန့်မှန်းခြေက ၉၆ အိမ်ပါသွားတယ်၊ နောက်ပြီးတော့ ရပ်ကွက် ၁၂ မှာက ၅၆၊ ဒါပေမယ့် အဲဒါ အတိအကျတော့ မဟုတ်ဘူး၊ စာရင်းအတိအကျ လိုချင်ရင် မနက်ဖြန်မှ ရမယ်နော်၊ ဒဏ်ရာရတာတော့ မကြားသေးဘူးပဲ၊ လူကတော့ ထောင်နဲ့ ချီမယ်၊ အိမ်ခြေက ရပ်ကွက် ၂ ကွက်နဲ့ ပေါင်းလိုက်တော့ ၁၄၈ အိမ်လောက် ခန့်မှန်းခြေတော့ ရှိမယ်၊ မီးတော့ အကုန်လုံးတော့ မငြိမ်းနိုင်သေးဘူး”
မီးဘေးသင့်နေကြတဲ့ ဒုက္ခသည်တွေကို ရုံးတွေ၊ဂိုဒေါင်တွေ၊ စာသင်ကျောင်းတွေမှာ နေရာချပေးထားပြီး၊ စားသောက်စရာနဲ့ နေထိုင်စရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
::
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ကရင်နီ အမှတ် ၁ ဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အဖွားအိုတစ်ဦးသေဆုံးပြီး အိမ်ခြေ ၂၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။
၂၀၁၃ ခုနှစ် မတ်လထဲမှာပဲ ကရင်နီ အမှတ် ၂ ဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အိမ်ခြေ ၄၀၀ ကျော် မီးဘေးသင့်ခဲ့ပြီး ဒုက္ခသည် ၄၀ ကျော်သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

RFA ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment