Pages

Friday, April 10, 2015

မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် ဘုရားဖူးယာဉ်နှင့် ကုန်တင်ယာဉ် ခေါင်းချင်းဆိုင်တိုက် တစ်ဦးသေ၊ ၂၁ ဦးဒဏ်ရာရ


RangonNewsDaily:: April . 10 .2015
ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် ဘုရားဖူးလိုက်ထရပ်ယာဉ်နှင့် ဖရဲ၊ သခွားများတင်ဆောင်လာသော ကုန်တင်ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိရာ မှ ခရီးသည်တစ်ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။
မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၇၆/၄ နှင့် ၇၆/ ၅ ကြားတွင် မန္တလေးဘက်မှ မုံရွာ ဘက်သို့မောင်းနှင်လာသော လိုက်ထရပ်ယာဉ်နှင့် မုံရွာမှ မန္တလေးသို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ်တို့ အရှိန်မထိန်းနိုင် ဘဲ မျက်နှာချင်းဆိုင် တိုက်မိခဲ့ သည်။ လိုက်ထရပ်ယာဉ်ပေါ် လိုက်ပါလာသော ဦးညွန့်မြိုင် (၅၄)နှစ် နတ္တလင်းမြို့နေသူ သည် ဦးခေါင်းနောက်ပေါက်ပြဲ ဒဏ်ရာဖြင့် နေရာတွင်သေဆုံး သွားပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၂၁ ဦးမှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ထားကြောင်း သတင်းရရှိ သည်။

‘‘ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်း ချောင်းဦးမြို့က မြင့်မြတ်သုခ၊ မုဒိတာ စတဲ့လူမှုကူညီရေး အသင်းယာဉ်တွေနဲ့ မီးသတ်ယာဉ် တွေပါ လူနာတွေကိုပို့ပေးပါ တယ်။ လူနာတော်တော်များများ က နတ္တလင်းမြို့က ဘုရားဖူးလာ တဲ့သူတွေများတယ်’’ဟု ချောင်း ဦးမြို့ မြင့်မြတ်သုခလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
::
ယာဉ်နှစ်စီးအရှိန်ပြင်းထန် စွာတိုက်မိရာမှ ဘုရားဖူးယာဉ်မှာ ခေါင်းပိုင်းကြေမွပျက်စီးခဲ့ပြီးယာဉ်မောင်းနှင့် ခေါင်းခန်းမှ လိုက်ပါစီးနင်းသူတို့မှာ အပြင်း အထန်ဒဏ်ရာရရှိခဲ့ကာ ယာဉ် တိုက်မှုဖြစ်ပြီးပြီးချင်း ၎င်းတို့ကို ခက်ခဲစွာဆွဲထုတ်ခဲ့ရကြောင်း အနီးအနားမှ မျက်မြင်တွေ့ရှိသူ များက ပြောသည်။

‘‘လိုက်ထရပ်ယာဉ်က မုံရွာ-မန္တလေးကားလမ်းမပေါ်မှာ ကန့် လန့်အနေအထားနဲ့ ခရီးသည် တွေလည်း ဒဏ်ရာတွေရရှိခဲ့ပါ တယ်။ ကင်တာကုန်တင်ယာဉ်က တော့ လမ်းဘေးမှာ တိမ်းမှောက် သွားတယ်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေကို ချက်ချင်း ဆေးရုံပို့ဆောင်ခဲ့ပြီး လမ်းပိတ်ဆို့ မှုမဖြစ်အောင် ကူညီဆောင်ရွက်ခဲ့ ရပါတယ်’’ဟု ချောင်းဦးမြို့ မြို့မ ရဲတပ်ဖွဲ့စခန်း စခန်းမှူးက ပြော သည်။
::
အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ ချောင်းဦးမြို့ မြို့မရဲတပ် ဖွဲ့စခန်းက ယာဉ်(ပ) ၁၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ (က)/၃၃၇/၃၃၈ အရ အမှုဖွင့်စစ် ဆေးအရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)

7Day Daily ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment