Pages

Friday, April 10, 2015

ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်တွင် နေရပ်ပြန် မြန်မာအလုပ်သမားများ ယာဉ်တိုက်မှုဖြစ်၊ ၄ ဦး သေဆုံး


RangonNewsDaily:: April . 10 .2015
ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ သင်္ကြန်ပိတ်ရက် အိမ်ပြန်မယ့် မြန်မာ အလုပ်သမားတွေ စီးလာတဲ့ကား ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၄ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ သွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဧပြီ ၈ ရက် ဒီနေ့ ဒေသစံတော်ချိန် မနက် ၃ နာရီအချိန် ကမ်ဖိုင်ဖစ်နဲ့ တာ့ခ်ခရိုင်ကြား ခလောင်းဆင်ဝန်းကျေးရွာအနီး အဖြူရောင်မှန်လုံကားတစီလမ်းဘေးမှာ သစ်ပင်တပင်ကို ၀င်တိုက်ပြီးယာဉ်တိုက်မှုကြောင့် မော်တော်ကားရှေ့ခန်း မှန်အကုန်ကွဲပြီး ခေါင်မိုးနဲ့ ကားရှေ့ခေါင်း ချိုင့်ဝင် ပျက်စီးကြောင်း၊ ကားထဲမှာ သေဆုံးနေသူ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၂ ဦးကို တွေ့ရှိပြီး ဒဏ်ရာရသူပေါင်း ၇ ဦးရှိကာ ကမ်ဖိုင်ဖစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ ကားပေါ်ပါလာတဲ့သူတွေအားလုံးဟာ ဘန်ကောက်ကို သွားရောက် အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပြီး သင်္ကြန် အလုပ်ပိတ်ရက် အိမ်ပြန်ဖို့ မြို့တော် ဘန်ကောက်ကနေ ထိုင်းမြန်မာနယ်စပ် မဲဆောက်ထိ ကားစင်းလုံး ငှားလာရာက လမ်းခုလပ်မှာ ခုလို မတော်တဆထိခိုက်မှု ကြုံတွေ့ရတာလို့ ဆိုပါတယ်။
::
အဲဒီလမ်းမပေါ်မှာ အလုပ်သမားတွေ စီးနင်းလာတဲ့ကား မတော်တဆ ထိခိုက်မှု ဖြစ်ပွားတာ ခု ၁ ပတ်အတွင်း ၂ ကြိမ်ရှိသွားပြီလို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြ သွားပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment