Pages

Saturday, January 3, 2015

လက်ပံတောင်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ကြိုးကိုင်နေသည့် အေဘီမြောက်ပိုင်း လူသတ်မှုတရားခံ ဒေါက်တာနိုင်အောင် မန္တလေးတွင် ပထမဆုံးအကြိမ် လူလုံးပြ


RangonNewsDaily:: January . 3 .2015
မန္တလေးမြို့တွင် ဇန်န၀ါရီလ ၁ ရက်နေ့က လုပ်ခဲ့သည့် လက်ပတောင်းတောင် စီမံကိန်း ကန့်ကွက်ဆန္ဒထုတ်ဖေါ်သော တစ်သုံးလုံးဆန္ဒပြလှုပ်ရှားမှုတွင် ၁၉၉၂ ဝန်းကျင်က ABSDF(မြောက်ပိုင်း) ပါဂျောင်စခန်းတွင် လူ ၃၀ ကျော် သတ်ဖြတ် ခံရမှု၌ တာဝန်အရှိဆုံးဖြစ်သူ ဒေါက်တာနိုင်အောင် ပထမဆုံးအကြိမ် လူထုရှေ့ ထွက်ပေါ်လာခဲ့ကြောင်း သတင်း ရရှိသည်။

ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားသည့် ဦးဆောင်သူများတွင် နိုင်အောင်တို့အဖွဲ့ မပါခဲ့ဘဲ ဝတ်စုံအဝါများ ဆင်တူ ဝတ်ဆင်ထားသည့် နိုင်အောင်နှင့် အဖွဲ့ ကားတစ်စီးပေါ်မှ ဆင်းလာပြီး ဆန္ဒပြအဖွဲ့သို့ ဝင်ရောခဲ့ပြီး ဆန္ဒပြမှုကို ဦးဆောင်ခဲ့ကြောင်း သိရသည်။

လက်ပံတောင်းပဋိပက္ခကို အသုံးချ၍ တစ်သုံးလုံးဆန္ဒပြပွဲများကို ရန်ကုန်နှင့် မန္တလေး ပြိုင်တူ ပြုလုပ်ရန် ကြိုတင်စည်းရုံးလှုပ်ရှားမှုများကို အမေရိကန် အခြေစိုက် မိုးသီးဇွန်၊ နိုင်အောင်၊ ခင်ဥမ္မာတို့ နှင့် အတူ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးအခွင့်အရေး အမည်ခံ လှုပ်ရှားသူများ၊ NLD ပါတီဝင် အချို့နှင့် ၈၈ မျိုးဆက် ကျောင်းသားဟောင်းများအချို့က ဦးဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်းတို့၏ လှုပ်ရှားမှုများကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသည့် နိုင်ငံတကာအဖွဲ့အစည်း များမှ ငွေကြေးများ ပံ့ပိုးထောက်ကူပေးထားပြီး လက်ပံတောင်းအခြေစိုက် ကြိုးကိုင်နေသော ဟန်ဝင်းအောင်၊ ရန်ကုန်အခြေစိုက် နော်အုန်းလှ တို့က လက်တွေ့အကောင်အထည် ဖော်ကြ ရကြောင်း သိရှိရသည်။

လက်ပံတောင်းစီမံကိန်းဆန့်ကျင်ရေးကို တရုတ်ဆန့်ကျင်ရေး၊ စစ်တပ်ဆန့်ကျင်ရေး၊ အစိုးရ ဆန့်ကျင်ရေး တို့နှင့် ရောယှက်ကာ လူထုတိုက်ပွဲကြီးတစ်ရပ် ဆင်နွှဲရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

လယ်သမားများကို အခြေခံသည် ဆန္ဒပြလှုပ်ရှားမှုများတွင်စီမံကိန်း ရပ်ဆိုင်ရေး၊ တရုတ်ကုမ္ပဏီ များ နှင်ထုတ်ရေးကို ဦးတည်ထားပြီး လူထုတိုက်ပွဲအရှိန်အဟုန်မြင့်လာချိန်၌ အစိုးရပြုတ်ကျရေးကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။
ဟန်ဝင်းအောင်နှင့် လက်ပံတောင်းလှုပ်ရှားမှုကို နောက်ကွယ်မှ ကြိုးကိုင် နေသော လူသတ်သမား နိုင်အောင်ကို ပါဂျောင်တွင် အသတ်ခံခဲ့ရသည့် ကျောင်းသားတစ်ယောက်၏ မိခင်က လွန်ခဲ့သော တစ်နှစ်ခန့် က မြောက်ဥက္ကလာ ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်ခဲ့သည်။ အဆိုပါ အမှုဖွင့်သည့် အချိန်တွင် လူသတ်တရားခံ နိုင်အောင်မှာ ပြည်ပတွင် ရောက်ရှိနေပြီး ယခု ပြည်တွင်းသို့ မည်သည့်ပုံစံဖြင့် ၀င်ရောက်လာခြင်း ဖြစ်သည်ကို မသိရှိရသေးပေ။

လက်ပံတောင်းဆန့်ကျင်ရေး လှုပ်ရှားမှုများကို နောက်ကွယ်မှ အချက်ကျကျ စီစဉ် ကြိုင်းကိုင်နေသူ ဖြစ်ပြီး လူသတ်မှုဖြင့် အမှုဖွင့်ခြင်းခံထားရသည့် တရားခံပြေးတစ်ဦး အနေဖြင့် ယခုကဲ့သို့ ဆန္ဒပြ လှုပ်ရှားမှုများကို ကိုယ်တိုင် ကိုယ်ကျ ဦးစီးပါဝင်လာခြင်းအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း သိရှိရသည်။

“ဒီကောင်တွေပဲ။ ကျောင်းသားလေးတွေကို ထောက်လှမ်းရေးဆိုပြီး သတ်တဲ့ လူသတ်သမားတွေ။ လက်ပံတောင်းမှာလည်း ဂန်ဒူးလိုလို အခြောက်လိုလို ဟန်ဝင်းအောင်ကို နောက်ကွယ်ကနေ ညွှန်ကြားနေတာ လူသတ်သမား နိုင်အောင်၊ သူ့မိန်းမ ခင်ဥမ္မာ၊ မိုးသီးဇွန်နဲ့ women league က အမျိုးသမီးတွေ၊ ငွေကြေး ထောက်ပံ့ပေးရုံသာမက ဘာပြီး ဘာလုပ်ဆိုတာ ဟန်ဝင်းအောင်က တစ်ဆင့် ခိုင်းနေတာ။ တစ်သုံးလုံးဆိုပြီး ရှစ်လေးလုံးပုံစံ သွင်းနေတာ ဒီကောင်တွေပဲ။ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတဲ့ ဒီကောင်တွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု မြောက်ပိုင်းတွင် အသတ်ခံခဲ့ရသူ ကျောင်းသားတစ်ဦး၏ အစ်ကိုဖြစ်သူက ပြောဆိုသည်။

လူသတ်မှုဖြင့် အမှုဖွင့်ခြင်း ခံထားရသည့် အေဘီခေါင်းဆောင်ဟောင်း နိုင်အောင်သည် လက်ပံတောင်း အခြေခံသည့် လူထုအုံကြွမှုကို ဦးစီးကွပ်ကဲရန် ပြည်တွင်းသို့ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း ၄င်းက ဆိုသည်။

ပြည်သူ့အာဏာ , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment