Pages

Saturday, January 3, 2015

ဇန်န၀ါရီ ၁ ရက်ကို ရက်ယူမွေးသူ များပြားလာ


RangonNewsDaily:: January . 3 .2015
ဇန်န၀ါရီ ၁ ရက် နှစ် သစ်၏ ပထမဆုံးနေ့ကို မိဘများ ကြိုက်နှစ်သက်သဖြင့် ယင်းနေ့ တွင် ရက်ယူမွေးသည့် ကလေးမွေးဖွားမှုမှာ အခြားရက်များထက် အ နည်းငယ်ပိုများကြောင်း ရန်ကုန် မြို့ရှိ ဆေးရုံများမှ သတင်းရရှိသည်။
ဇန်န၀ါရီ ၁ ရက်၌ ရွှေဂုံ တိုင်(SSC) ဆေးရုံတွင် လေးဦး၊ Woman Centre တွင် သုံးဦး၊ ဆာကူရာဆေးရုံတွင် ရှစ်ဦး၊ ပန်းလှိုင် ဆေးရုံတွင် တစ်ဦး မွေးဖွားခဲ့ သည်။

‘‘ဒေါက်တာက ဒီဇင်ဘာလ ကုန်လောက်ခွဲမွေးရင် အဆင်ပြေ တယ်ပြောတော့ ဒီနေ့ကို တခြား ရက်တွေထက် ပိုသဘောကျလို့ ရွေးလိုက်တာ။ သားဦးလေးပါ။ ကြာသတေးနေ့ဖြစ်တော့ နာမည် တောင်မြတ်မင်းဘုန်းပြည့်လို့ ကြို ပေးထားပြီးပြီ။ နှစ်တစ်နှစ်ရဲ့ အစ ရက်ဆိုတော့ မင်္ဂလာလည်း ရှိ တယ်။ ထူးခြားတဲ့ရက်လေးလည်း ဖြစ်လို့ပါ’’ဟု ဇန်န၀ါရီ ၁ ရက် တွင် ရွှေဂုံတိုင်ဆေးရုံ၌ သားဦး လေးမွေးဖွားထားသူ မခင်မိမိခိုင် ကပြောသည်။

မွေးဖွားရက်မစေ့ဘဲ နှစ်သစ် တွင် တိုက်ဆိုင်စွာ သမီးဦးလေး မွေးဖွားခဲ့သူ လှည်းကူးမြို့နယ်မှ မယဉ်ငြိမ်းအေးကလည်း ‘‘မွေး မယ့်ရက်က တစ်ပတ်လောက်လို သေးတယ်။ မနေ့က ချက်ချင်း ဗိုက်နာလာလို့ ဆေးရုံလာပေ မယ့်လည်း မမွေးဘူး။ ဒီနေ့မှ မွေး သွားတယ်။ ကျွန်မက သောကြာ သမီးလေးလိုချင်တာလေ။ ဒါပေ မဲ့လည်း နှစ်ဆန်းရက်လေးမှာ မွေးဖြစ်လိုက်တော့ ထူးခြားပြီး ကံကောင်းမယ့် ကလေးလို့ ထင် တယ်’’ဟု ၎င်း၏ ခံစားချက်ကို ပြောသည်။

နှစ်ဆန်းရက်တွင် ကလေး မွေးဖွားရန် ကြိုက်နှစ်သက်သူ များထဲမှ တောင်ကြီးမြို့နေ မဖြူ မီဇော်ကလည်း ‘‘သမီးလေးကို ဒီနေ့မှာ မွေးဖွားချင်လို့ ဆရာဝန် နဲ့ တိုင်ပင်ပြီး ဒိတ်ယူခဲ့တာ။ တခြားရက်တွေထက် ဒီရက်မှာ မွေးရင် ပိုပြီး အမှတ်တရ ဖြစ်သွားတာ ပေါ့။ မှတ်လို့လည်း လွယ်တဲ့နေ့ ရက်လေးလည်းဖြစ်တယ်လေ’’ ဟု ပြောသည်။

မိဘများအတွက် နှစ်တစ်နှစ်၏ ပထမဆုံးရက်တွင် ကလေး မွေးဖွားခြင်းသည် ထူးထူးခြားခြား အမှတ်တရများဖြစ်သော်လည်း မွေးဖွားပေးရသူ ဆရာဝန်များ အတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း ဗဟိုအမျိုးသမီးဆေးရုံ(ရန်ကုန်)မှ ဆေးရုံအုပ်ကြီးဒေါက်တာ ဦးကျော်ရွှေကပြောသည်။

‘‘မွေးမယ့်ရက်က ဒီဇင်ဘာ ၂၉ ရက်ပါ။ ရိုးရိုးမွေးဖို့ပဲပြောထား တာပါ။ ဒါပေမဲ့ အဲဒီနေ့က မမွေးဖြစ်ဘဲ ဒီနေ့မှ သားလေးကို မွေးဖြစ်တာ။ သားဦးလေးပါ။ ကိုယ်ကလည်း နှစ်သစ်မှာ မွေးချင်တဲ့ ဆန္ဒရှိတယ်။ တိုက်တိုက်ဆိုင် ဆိုင်မွေးလာတော့ အရမ်းဝမ်း သာတယ်’’ဟု ရန်ကင်းမြို့နယ်နေ မဖြူဖြူဇင်ဦးကပြောသည်။

ယခုနှစ်အတွင်း ပုဂ္ဂလိကဆေးရုံများတွင် ရိုးရိုးမွေးဖွားသူများထက် ခွဲစိတ်မွေးဖွားသူများ ပို များကြောင်း ဒေါက်တာခိုင်သင် ဇာမောင်က ဆိုသည်။

နှစ်သစ်၏ ပထမဆုံးနေ့ တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၌လည်း ကလေးဦးရေ သုံးဆယ်ကျော် မွေးဖွားခဲ့ကြသည်။
နှစ်တစ်နှစ်၏ အစနေ့ရက် တွင် သားသမီးမွေးဖွားလာရခြင်း သည် မိဘများအတွက် မင်္ဂလာရှိ သော အမှတ်တရ ဖြစ်သည်ဟု ဇန်န၀ါရီ ၁ ရက်တွင် ကလေးမွေး ဖွားသူ မိခင်များကဆိုသည်။

ပုဂ္ဂလိက ဆေးရုံများတွင် ပုံမှန်ကလေးမွေးဖွားနှုန်းအတိအ ကျမရှိသော်လည်း ဇန်န၀ါရီ ၁ ရက်တွင် ခွဲမွေးသူအရေအတွက် မှာ ရိုးရိုးမွေးဖွားသူများထက်မြင့် တက်နေကြောင်း ပုဂ္ဂလိကဆေး ရုံအချို့မှ သိရသည်။

ဇန်န၀ါရီ ၁ ရက်တွင် မွေးဖွားသူတစ်ဦးနှင့် ရင်သွေးငယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ− ဖြူဖွေးသန့်)

7Day Daily , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment