Pages

Saturday, January 3, 2015

မဟာတမန်တော်မွေးနေ့ ယူအေအီးနိုင်ငံတွင် နိုင်ငံတော်ရုံးပိတ်ရက်အဖြစ်ကြေငြာ


RangonNewsDaily:: January . 3 .2015
Arab စ်ာဘွားများ ပြည်ထောင်စု ယူအေအီးနိုင်ငံသည် ဇန်န၀ါရီလ (၁၂) ရက်တွင် ကျရောက်မည့် မဟာတမန်တော်မြတ်ကြီး မိုဟာမက် ( Peace Be Upon Him) ဆွလ္လလာဟုအလိုင်းဟီဝစလမ် သခင် ၏ မွေးနေ့ရက်တော်အား နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် ကြေငြာလိုက်ကြောင်းသတင်းရရှိသည်။
ဇန်န၀ါ၇ီလ (၁၂) ရက်သည် တနင်္ဂနွေနေ့တွင် ကျရောက်ပြီး အစိုးရ ၀န်ကြီးငှာနများနှင့် ပြည်ထောင်စုရေးရာ ငှာနဆိုင်ရာများအားလုံးအတွက် ရုံးပိတ်ရက်ဖြစ်မည်ဖြစ်ပြီး သောက်ကြာနေ့နှင့်စနေ အပတ်စဉ် ရုံးပိတ်ရက်ဖြစ်သောကြောင့် ၀န်ထမ်းများအနေဖြင့် ပိတ်ရက်ရှည် ရရှိမည်ဖြစ်ကြောင်းသိရသည်။

အစိုးရမဟုတ်သော ပြင်ပလုပ်ငန်းခွင်များ အခြားလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသူများအနေဖြင့် သောက်ကြာနေ့တစ်ရက်သာ အပတ်စဉ်ပိတ်ရက်ရရှိပါကလည်း ယခုအပတ်တွင်မှု စနေနေ့ အပါအ၀င် သောက်ကြာနေ့မှာ တနင်္ဂနွေနေ့အထိလစာအပြည့် အားလပ်ရက် ခံစားရရှိမည်ဖြစ်ကြောင်း၊ ထိုအတွက် သက်ဆိုင်ရာအားလုံးကိုညွန်ကြားထားပြီးဖြစ်ကြောင်း အလုပ်သမားရေးရာဝန်ကြီး Saqr bin Ghobash nSaeed Ghobash ကသတင်းထုတ်ပြန်ထားသည်။

မွတ်စလင်နိုင်ငံအများစုတွင် မဟာတမန်တော်မြတ်ကြီး ( Peace Be Upon Him) ဆွလ္လလာဟုအလိုင်းဟီဝစလမ် သခင် ၏မွေးရက်တော်အား ခမ်းနားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး ရုံးပိတ်ရက်အဖြစ်လည်း သတ်မှတ်ထားကြသည်။
မဟာတမန်တော်မြတ်ကြီး( Peace Be Upon Him) ဆွလ္လလာဟုအလိုင်းဟီဝစလမ် သခင်   အား အများသုံးပြက္ခဒိန် သက္ကရဇ် (၅၇၀) တွင် မွေးဖွားတော်မွေးဖွားခဲ့ပြီး မွတ်စလင် ဟစ်ဂျ၇ီ ပြက္ခဒိန်လ၏ တတိယမြောက်လဖြစ်သော ရဗီအွတ်လ်အောင်ဝလ်လ ၁၂ရက်နေ့တွင် မွေးဖွားတော်မှုခဲ့သည်။

တောင်အာရှရှိ မွတ်စလင်နိုင်ငံကြီးများဖြစ်သော ပါကစ္စတန် နှင့် ဘင်္ဂလာဒဒေ့၇ှ် နိုင်ငံတို့တွင်လည်း မဟာတမန်တော်မွေးနေ့ ရုံးပိတ်ရက်များ သတ်မှတ်ထားပြီး အခမ်းအနားများကျင်းပကြသည်။ အရှေ့တောင်အာရှရှိ အင်ဒိုနီးရှား မလေးရှား ဘရုနိုင်းတို့တွင်လည်း နိုင်ငံတော်ရုံးပိတ်ရက်များအဖြစ်သတ်မှတ်ထားကြောင်းသိရသည်။

မွတ်စလင်နိုင်ငံမဟုတ်သော အိန္ဒိယနိုင်ငံတွင်ပင် မဟာတမန်တော်မွေးနေတွင် ရုံးပတ်ရက်ဖြစ်ပြီး အာဖ၇ီကတိုက်ရှိမွတ်စလင်အနည်းစုသာ ကင်ညာနှင့်တန်ဇေးနီးယား နိုင်ငံတို့တွင်လည်း ထင်ရှားသော အခမ်းအနားအဖြစ်သတ်မှတ်ကြကြောင်းသိရှိရသည်။ 

ကိုးကား  AB , myanmar muslim voice, KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment