Pages

Saturday, January 3, 2015

အကယ်ဒမီ ဆု ၆ ဆုပဲပေးတယ်ဆိုတာ နောင်နှစ်အတွက် သက်သာချောင်ချိအောင် သိမ်းပေးထားတယ်လို့ မြင်မိပါတယ်လို့ပြောလာတဲ့ ခန့်စည်သူ


RangonNewsDaily:: January . 3 .2015
၂၀၁၃ အကယ်ဒမီပေးပွဲကို အဆင်မပြေလို့ မတက်ရောက်ဖြစ်သလို ဆေးခန်းသွားပြနေတဲ့အတွက် တီဗီကနေတောင် စောင့်မကြည့်ဖြစ်ဘူးလို့ ပြောပြလာတဲ့ ကိုခန့်ကို အနုပညာအကြောင်းအရာများနဲ့ ရုပ်ရှင်လောကအပေါ်သူ့အမြင်အယူအဆကို တီးခေါက်ကြည့်မိတဲ့ခါ “၂၀၁၃ အကယ်ဒမီကတော့ ကိုယ်ပွဲမတက်ဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ အဆင်မပြေလို့ပါ။ ကိုယ့်အထာနဲ့ကိုယ်က ဆန်ကာတင်တော့ ပါတယ်။
ဒါပေမဲ့ စကောတင်ဖြစ်သွားတယ်။ ဘာမှ မပါတော့ဘူး။ ဆု ၆ ဆုပဲပေးတယ် ဆိုတာက ဒါနောင်နှစ်တွက်ကြိုပြီးတော့ သက်သာချောင်ချိအောင် သိမ်းပေးထားတယ်လို့ပဲ ထင်ပါတယ်။ နောင်နှစ်ကျတော့ ဆုသိပ်မလုပ်ရဘူးပေါ့။ 

ကျန်တဲ့ဆုတွေကို မပေးတာကတော့ ဒါ တတ်သိနားလည်တဲ့ အနုပညာသမား ၊ အတတ်ပညာသမားတွေက မပေးသင့် မပေးထိုက်ဘူးထင်လို့ မပေးတာလို့ပဲ မြင်မိပါတယ်။ ကိုယ်က ပညာရှင်မဟုတ်တဲ့အတွက် မဝေဖန်တတ်ဘူး။ ဒီလောက်ပဲနားလည်ပါတယ်”လို့ သူက ပြောပြသွားပါတယ်။

ခုလက်ရှိရုပ်ရှင်လောကပေါ် သူ့အမြင်ကိုလဲ သူက “ပရုတ်လုံးလိုဖြစ်နေတာပေါ့။ လေထိလေ သေးသေးသွားလေ ဖြစ်နေတယ်။ ဖြေဆေးထိုးဖို့လိုတာပေါ့။ သူကဖြေဆေးထိုးဖို့အတွက် အဆိပ်အရင် တက်ရတယ်။ အဆိပ်ကိုတော့ သောက်ထားပြီးသွားပြီ။ ဒါပေမဲ့ အဲ့ဒီအဆိပ်ကို ဖြေဖို့တွက် ဖြေဆေးလိုက်ရှာနေတာပေါ့။ အဆိပ်ကတော့ သောက်ထားပြီးပါပြီ”တဲ့။

ခန့်စည်သူဟာ လက်ရှိမှာ 4 Sister United ဆိုတဲ့ ကားလေးမှာ ညီအစ်မ ၄ ယောက်ရဲ့ အစ်ကို့အနေနဲ့သရုပ်ဆောင်ထားပြီး ၂၀၁၅ ထဲမှာ ရုပ်ရှင်ကားကြီး ၃ ကား ရိုက်ဖို့ရှိကြောင်း ပြောပြခဲ့ပါတယ်။

Trend Myanmar, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment