Pages

Saturday, January 3, 2015

Father Land ဥက္ကဋ္ဌကို အိမ်ရာအမှု နောက်တစ်ခုဖြင့် လူပုဂ္ဂိုလ်ကိုးဦးက တရားစွဲဆိုရန် ပြင်ဆင်နေ

RangonNewsDaily:: January . 3 .2015
လိမ်လည်မှု၊ စာချုပ်စာ တမ်းအတုပြုလုပ်မှုတို့ဖြင့် တရား စွဲဆိုခံထားရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်ကို လူပုဂ္ဂိုလ်ကိုးဦးက စုစည်း၍ ထပ်မံတရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သတင်းရရှိ သည်။

Father Land ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်ကို သင်္ဃန်းကျွန်းမြို့ နယ် ပြည်တော်သာလမ်းရှိ ၂၄ ခန်းတွဲ ခြောက်ထပ်ခွဲ အဆောက် အအုံကို စာချုပ်ချုပ်ဆိုသည့်နေ့မှ ယနေ့အထိ ၂ နှစ်ကြာ အကောင် အထည်ဖော် တည်ဆောက်ခြင်းမ ရှိသဖြင့် တရားစွဲဆိုရန် ပြင်ဆင် နေပြီဟု ဇန်န၀ါရီ ၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေ ညာချက် ထုတ်ပြန်ထားသည်။

ဦးကျော်မြင့်အား လက်ရှိ တ ရားစွဲဆိုထားသည့် အမှုတစ်ခု အ ပါအ၀င် ယခုဖြစ်စဉ်မှာ တတိယ မြောက် တရားစွဲဆိုမှုဖြစ်သည်။

ဒီဇင်ဘာ လလယ်ကလည်း ဦးကျော်မြင့်ကို ဗဟန်းမြို့နယ် ရွှေ တောင်ကြားရပ်ကွက်ရှိ မြေတစ် ဧကခွဲ၌ အဆောက်အအုံ တည် ဆောက်ရာတွင် လိမ်လည်ရောင်း ချသည်ဆိုကာ လူခုနစ်ဦးက စု စည်း၍ တရားစွဲဆိုရန် ပြင်ဆင်မှု တစ်ခုလည်း ပြုလုပ်ထားသည်ဟု သိရသည်။

ထို့ကြောင့် ဦးကျော်မြင့် သည် လက်ရှိ တရားစွဲခံထားရ သည့် ပန်းဆိုးတန်း အလယ်ဘ လောက် MEI Business Tower ဆောက်လုပ်ရာတွင် တရားစွဲဆို ခံထားရခြင်း၊ ဗဟန်းရွှေတောင် ကြားရပ်ကွက် မြေတစ်ဧကခွဲ ပြဿနာအပါအ၀င် ယခု သင်္ဃန်း ကျွန်း ခြောက်ထပ်ခွဲ အဆောက် အအုံတည်ဆောက်မှုတို့ တရားစွဲ ဆိုမှုများဖြင့် ဆက်တိုက်ရင်ဆိုင်ရ တော့မည်ဖြစ်သည်။

‘‘ဦးကျော်မြင့် ပြည်ပအထိ ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ သတင်းကြားထားတယ်’’ ဟု ဗဟန်းမြို့နယ်ရှိ မြေတစ်ဧကခွဲ တွင် အခန်းဝယ်ယူထားပြီး တရား စွဲဆိုရန် ပြင်ဆင်နေသည့် သစ် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တရားစွဲဆိုမှုများ ဆက်တိုက် ရင်ဆိုင်ရဖွယ်ရှိသည့် ဦးကျော်မြင့် သည် လက်ရှိတွင် ပန်းဆိုးတန်း အလယ်ဘလောက်ရှိ MEI Busi-ness Tower ဆောက်လုပ်ရာနှင့် ပတ်သက်ပြီး ပထမဆုံး တရားစွဲ ဆိုခံရစဉ် တတိယရုံးချိန်း၌ တရား ရုံးသို့ လာရောက် အမှုရင်ဆိုင်ခြင်း မရှိ၍ ကျောက်တံတားမြို့နယ် တ ရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။

ကျောက်တံတားတရားရုံးမှ ဖမ်းဝရမ်းထုတ်ခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်မှ စတင်ပြီး ၁၇ ရက်အ တွင်း ယနေ့အထိ ရဲတပ်ဖွဲ့က ဦး ကျော်မြင့်ကို လက်ရဖမ်းဆီးနိုင် ခြင်းမရှိခဲ့ပေ။

‘‘ကျော်မြင့်ကို ဖမ်းဖို့ ၀ရမ်း တော့ရထားပြီး သူ့ကို အာမခံတဲ့ နှစ်ယောက်ကတော့ အာမခံငွေ ဒဏ်ရိုက်ခံရမယ်။ အာမခံနှစ် ယောက် ဒဏ်ငွေဆောင်၊ မဆောင် လည်း မသိသေးဘူး။ သူတို့ နှစ် ယောက်ကို ဖမ်းဖို့ ၀ရမ်းလည်း ထုတ်တာ မရှိသေးဘူး။ ဒါတွေက တရားရုံးက လုပ်ရမှာ’’ ဟု ကျောက်တံတား မြို့မစခန်းမှူး ဒုရဲမှူးတင်လှက ပြောသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ Father Land ကုမ္ပ ဏီသို့ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားပေးမည့်သူ မရှိဟုသာ ပြောသည်။

Father Land မှ လက်ရှိ ဆောက်လုပ်နေသည့် အခန်းအ ရေအတွက်နှင့် လုပ်ငန်းဆောင် ရွက်ချက်များကို သိရှိစေရန် ၎င်း ၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ၀င်ရောက်ကြည့်ရှုသော်လည်း ၀က်ဘ်ဆိုက်သက်တမ်းပြည့်သွား သဖြင့် ပိတ်သိမ်းခံထားရသည်။

Father Land မှပိုင်ဆိုင် သည့် တိုက်ခန်းများ ရောင်းချငှား ရမ်းမှုကို လက်ခံထားသည့် အိမ် ခြံမြေအကျိုးဆောင်များကလည်း ဆက်လက်ပြီး လက်ခံဆောင်ရွက် ပေးတော့မည်မဟုတ်ကြောင်း ဆို ကြသည်။

‘‘ဆောက်လုပ်ရေးလုပ်ငန်း တွေက ငွေမလည်ရင် ရပ်တည်ဖို့ အရမ်းခက်ခဲသွားနိုင်တယ်။ Father Land လည်း ငွေမလည် လို့ ကမောက်ကမတွေ ဖြစ်ကုန် တာလို့ထင်တယ်’’ ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ခန့် မှန်းပြောကြားသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment