Pages

Friday, January 2, 2015

ဇန်န၀ါရီ လအတွက် အခမဲ့ ဖျော်ဖြေပွဲတွေ ရှိတဲ့နေရာ

RangonNewsDaily:: January . 2 .2015
အားလပ်ရက်မှာ အပန်းဖြေဥယျာဉ်တွေသွားပြီး အပန်းဖြေလိုသူတွေအတွက် အခမဲ့ဖျော်ဖြေရေးအစီအစဉ်တွေရှိတဲ့နေရာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကန်တော်ကြီးကရ၀ိက်ဥယျာဉ်ကမ္ဘာ Mini Zoo မှာ ညနေတိုင်းပြုလုပ်နေကျ Hollow Show ကိုလည်း စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံးမှာ တင်ဆက်ပေး မှာဖြစ်ပါတယ်။ လွတ်လပ်ရေး နေ့ (ဇန်န၀ါရီ ၄ ရက်)ညနေမှာတော့Mentos Candy ရဲ့ ပရိုမိုးရှင်းအစီအစဉ်ကို မျှော်စင်ကျွန်းထဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ပရိုမိုးရှင်း အစီအစဉ်နဲ့အတူ ဖျော်ဖြေရေးအစီအစဉ်လည်း ပါဝင်မှာဖြစ်ပြီး အဆိုတော်တွေကတော့ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုးနဲ့ နီနီခင်ဇော်တို့ဖြစ်ပါတယ်။ ပြည်သူ့ဥယျာဉ်မှာတော့ လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲတွေနဲ့ ပရိုမိုးရှင်းပွဲတွေ ပြုလုပ်ပေးဖို့ ရှိပါတယ်။ 

ဇန်န၀ါရီ ၄ ရက် တစ်ရက်လုံးဖျော်ဖြေရေးကွင်း (၂) မှာ မြန်မာ့ရိုးရာအားကစားပြိုင်ပွဲတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ နေ့လယ်မှာတော့ ပြည်သူ့ရင်ပြင်ထဲမှာရှိတဲ့ စမ်းချောင်းသာ စတိတ်မှာ အဆိုတော်အိုင်းရင်းဇင်မာမြင့်ရဲ့ တေးစီးရီးပရိုမိုးရှင်းပွဲပြုလုပ်ပေးမှာဖြစ်ပြီး ဦးဝိစာရစတိတ်မှာတော့ အဆိုတော် ခန့်ညီသစ်ရဲ့ တေးစီးရီး ပရိုမိုးရှင်းပွဲကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ကန်တော်မင်္ဂလာပန်းခြံ၊ Happy World ကလေးကစားကွင်းမှာတော့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ မျက်လှည့်တင်ဆက်မှုတွေ၊ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နေ့လယ် ၁၁ နာရီကနေစပြီး အခမဲ့ဖျော်ဖြေပေးမှာပါ။

စိမ်းလန်းစိုပြည်မှာတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးဆေးရောင်ခြယ်ပြိုင်ပွဲကို ဇန်န၀ါရီ ၄ ရက် နံနက် ၉နာရီကနေ နေ့လယ် ၁၂ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံကြီးသားပီသဖို့ စည်းကမ်းရှိကြစို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းချီပြိုင်ပွဲကို နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

အပန်းဖြေဥယျာဉ်တွေကို မသွားဘဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့ သူတွေအတွက်လည်း ပရိုမိုးရှင်းပွဲလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Junction Square ရဲ့ Aqua Hall မှာတော့ စနေနေ့မှာ အဆိုတော် ဉာဏ်လင်းအောင်ရဲ့ တေးစီးရီးပရိုးမိုးရှင်းပွဲပြုလုပ်ပေးမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ မာစီဒီးကုမ္ပဏီက ပြုလုပ်တဲ့ Job Fair ကိုပြုလုပ်မှာ ဖြစ်ပါတယ်။

Junction Square ရဲ့ Marine Hall မှာတော့ စနေနေ့မှာ MMAC ရဲ့ ပညာရေးဆွေးနွေးပွဲကို ပြုလုပ်ပေးမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ Jumper Kids ကလေးအသုံးအဆောင်ပစ္စည်း အထူးဈေးရောင်းပွဲကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

Junction Mawtin မှာတော့ စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Scharzkops အလှကုန်ပစ္စည်း အထူးဈေးရောင်းပွဲကိုပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ။

KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment