Pages

Friday, January 2, 2015

ပြည်သူ့ ရင်ပြင်နှင့် ဥယျာဉ် ဇန်န၀ါရီ ၃ ရက် ပိတ်မည်


RangonNewsDaily:: January . 2 .2015
ပြည်သူ့ ရင်ပြင်နှင့် ဥယျာဉ်၌ လွတ်လပ်ရေးနေ့အ ခမ်းအနား ပြုလုပ်မည်ဖြစ်သော ကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဇန်န၀ါရီ ၃ ရက် တစ်ရက်လုံး ပိတ်ထားမည်ဖြစ် ကြောင်း Natural World ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

‘‘ဇန်န၀ါရီ ၃ ရက်တစ်ရက် လုံး ပိတ်ထားဖို့နဲ့ ဇန်န၀ါရီ ၄ ရက် အခမ်းအနားပြီးတဲ့အချိန်အထိ ပိတ်ထားဖို့ YCDC က ညွှန်ကြား ထားပါတယ်’’ ဟု ၎င်းက ပြော သည်။

ထို့ကြောင့် ပြည်သူ့ရင်ပြင် နှင့် ပြည်သူ့ဥယျာဉ်ကို ဇန်န၀ါရီ ၄ ရက် နံနက် ၉ နာရီခန့်တွင် ပြန် လည်ဖွင့်လှစ်ကာ ဇန်န၀ါရီ ၄ ရက်တွင်မူ ပုံမှန်လည်ပတ်သွားမည်ဟု ၎င်းက ဆိုသည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်တွင် လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ် ပြုလုပ် လေ့ရှိပြီး ယခင်နှစ်များ၌ ဇန်န ၀ါရီ ၂ ရက်ကတည်းက ပိတ်ထား လေ့ရှိသည်ဟု ၎င်းက ဆိုသည်။

KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment