Pages

Sunday, November 23, 2014

ဆူဇူကီးဖလားပြိုင်ပွဲ ပွဲစဉ်များအားလုံး Sky Net အရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်


RangonNewsDaily:: November . 22 .2014
ဆူဇူကီး ဖလားပြိုင်ပွဲတွင် မြန်မာအသင်းယှဉ် ပြိုင်မည့်ပွဲစဉ်များကို (MRTV)၊ (Sky Net)နှင့် Fox sport ရုပ်သံလိုင်း များမှ တိုက်ရိုက်ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
မလေးရှား-မြန်မာပွဲစဉ်ကို နိုဝင် ဘာ ၂၃ရက် မြန်မာစံတော်ချိန် ညနေ ၃နာရီခွဲတွင် စင်ကာပူနိုင်ငံ ဂျလန်ဘီဆာကွင်း၌ ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး နိုဝင်ဘာ ၂၆ရက်တွင် အိမ်ရှင် စင်ကာပူအသင်းနှင့် မြန်မာ စံတော်ချိန် ညနေ ၆နာရီခွဲတွင် အမျိုးသားအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ နိုဝင် ဘာ ၂၉ရက်တွင် ထိုင်းအသင်းနှင့် မြန်မာစံတော်ချိန် ညနေ ၃နာရီခွဲ တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သို့ဖြစ်ရာ ဆူဇူကီးဖလားပြိုင်ပွဲ ပွဲစဉ်များနှင့်ပတ်သက်၍ Sky Net ရုပ်သံလိုင်းမှ တာဝန်ရှိသူက ''ဆူဇူ ကီးဖလားပြိုင်ပွဲအုပ်စု(က)၊ (ခ)ပွဲစဉ် တွေကို Sky Net ရုပ်သံလိုင်းဖြစ်တဲ့ Fox sport -1 ကနေ တိုက်ရိုက်ထုတ် လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်''ဟု ဆိုသည်။


ဆူဇူကီးဖလားပြိုင်ပွဲအုပ်စု(က) ပွဲစဉ်များကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည်ဖြစ်ရာ အိမ်ရှင်ဗီယက် နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စု(ခ)ပွဲစဉ်များကို စင်ကာပူနိုင်ငံ တွင် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်စင် ကာပူ၊ မလေးရှား၊ ထိုင်း၊ မြန်မာအ သင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ် ကာ နိုဝင်ဘာ ၂၂ရက်တွင် အုပ်စု (က)ပွဲစဉ်များဖြစ်သည့် ဖိလစ်ပိုင်- လာအို၊ ဗီယက်နမ်-အင်ဒိုနီးရှားပွဲစဉ် များ စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။


မြန်မာအသင်းသည် ဆူဇူကီး ဖလားပြိုင်ပွဲ(ယခင်တိုက်ဂါးဖလား) ၂ဝဝ၄ခုနှစ်တွင် အမြင့်ဆုံးအဆင့်အ ဖြစ် စတုတ္ထနေရာရရှိခဲ့ဖူးပြီး နောက် ဆုံးယှဉ်ပြိုင်ခဲ့သည့် ၂ဝ၁၂ဆူဇူကီး ဖလားပြိုင်ပွဲတွင်မူ ထိုင်း၊ ဖိလစ်ပိုင် အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီး ဗီယက်နမ် အသင်းကို သရေကစားနိုင်ခဲ့ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။


NTL , Democracytoday , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment