Pages

Sunday, November 23, 2014

အင်ဂျင်နီယာနှင့်ကန်ထရိုက်တာများ၏ လိုင်စင်မှတ်ပုံတင်ကြေးကို တိုးမြှင့်ကောက်ခံမည်

RangonNewsDaily:: November . 23 .2014
ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မ တီမှ လိုင်စင်ကန်ထရိုက်တာများနှင့် လိုင်စင်အင်ဂျင်နီယာများ၏ လိုင် စင်မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေး နှုန်းထားများကို ၂ဝ၁၅ ခုနှစ်မှ စတင်၍ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီ အင်ဂျင် နီယာဌာန (အဆောက်အအုံ) မှ သိရသည်။
''အခုလိုမျိုး တိုးမြှင့်ကောက်ခံ လိုက်တာက လက်မှတ်ထိုးစားတဲ့ သူ တွေမရှိတော့ဘဲ အမှန်တကယ်လုပ် ကိုင်တဲ့ သူတွေပဲရှိအောင် ယခုလို တိုးမြှင့် ကောက်ခံရတာပါ။ ရှစ်ထပ် အဆောက်အအုံတစ်လုံးကို လိုင်စင် အင်ဂျင်နီယာက လက်မှတ်ထိုးရင် အနည်းဆုံး ၄ သိန်းကနေ ၁ဝသိန်း ကြားမှာရတယ်။ သူကိုယ်တိုင်ကြီး ကြပ်ရင် ၁ဝ သိန်းရတယ်။
တကယ် လိုင်စင်ယူထားပြီး တကယ်အလုပ် လုပ်တဲ့သူပဲ ရှိစေချင်လို့ လိုင်စင် မှတ်ပုံကြေးနဲ့ နှစ်စဉ်ကြေးနှုန်းထား တွေကို တိုးမြှင့်ကောက်ခံသွားမှာပါ''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အ ဆောက်အအုံ)မှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။
::
လိုင်စင်အင်ဂျင်နီယာများ အ နေဖြင့် လိုင်စင်မှတ်ပုံတင်ကြေးများကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ နေ့ ထိ လာရောက် ပေးသွင်းရမည်ဖြစ်ပြီး လိုင်စင်ကန် ထရိုက်တာများအနေဖြင့် လိုင်စင်မှတ် ပုံတင်ကြေးများကို ၂ဝ၁၅ ခုနှစ် ဧပြီလ ၁ ရက် မှ မေ ၃၁ အထိ လာ ရောက် ပေးသွင်းရမည်ဖြစ်ပြီး သတ် မှတ်ရက် နှစ်လအတွင်း လာရောက် ပေးမသွင်းသော သူများကို ပယ်ဖျက် သွားမည်ဖြစ်ကြောင်း သိရသည်။

အကြီးတန်း ကန်ထရိုက်တာ များအနေဖြင့် မှတ်ပုံတင်ကြေး ၁ဝ သိန်းနှင့် နှစ်စဉ်ကြေး ၅ သိန်း စုစု ပေါင်း ၁၅ သိန်း၊ အငယ်တန်း ကန်ထ ရိုက်တာများအနေဖြင့် မှတ်ပုံတင် ကြေး ၅ သိန်းနှင့် နှစ်စဉ်ကြေး ၃ သိန်း စုစုပေါင်း ၈ သိန်း တိုးမြှင့်ပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။
::
အဆောက်အအုံ လိုင်စင်အင် ဂျင်နီယာ (SEC) များအနေဖြင့် မှတ် ပုံတင်ကြေး ၅ သိန်းနှင့် နှစ်စဉ် ကြေး ၃ သိန်း စုစုပေါင်း ၈ သိန်း၊ အ ကြီးတန်းလိုင်စင် အင်ဂျင်နီယာများ အနေဖြင့် မှတ်ပုံတင်ကြေး ၄ သိန်း နှင့် နှစ်စဉ်ကြေး ၂ သိန်း စုစုပေါင်း ၆ သိန်း၊ အငယ်တန်း လိုင်စင်အင်ဂျင် နီယာများ အနေဖြင့် မှတ်ပုံတင်ကြေး ၃ သိန်းနှင့် နှစ်စဉ်ကြေး ၁ သိန်း စုစု ပေါင်း ၄ သိန်း တိုးမြှင့် ပေးဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။

အငယ်တန်း လိုင်စင်အင်ဂျင် နီယာတစ်ဦးဖြစ်သူက ''အရင် တုန်း လိုင်စင်အင်ဂျင်နီယာတွေကို တစ်နှစ်ကို တိုက်ဘယ်နှစ်လုံးပဲ လက် မှတ်ထိုးရမယ်ဆိုပြီး ကန့်သတ်ထား တာရှိတယ်။ အခုလို တိုးမြှင့်လိုက်တဲ့ အတွက် လိုင်စင်အင်ဂျင်နီယာတွေ အနေနဲ့ တိုက်တစ်လုံးကို လက်မှတ် ထိုးပေးတဲ့အခါ ယခင်ဈေးနှုန်းထက် ပိုကြီးသွားနိုင်တယ်''ဟုပြောသည်။
::
ကန်ထရိုက်တာ တစ်ဦးဖြစ်သူ က လိုင်စင်မှတ်ပုံတင်ကြေးနှင့် နှစ် စဉ်ကြေး နှုန်းထားများ တိုးမြှင့် ကောက်ခံမှုနှင့်ပတ်သက်၍ ''ယခု လိုမျိုး စည်ပင်သာယာဌာနကနေ လိုင်စင်ကန်ထရိုက်တာများနှင့် လိုင်စင် အင်ဂျင်နီယာတွေရဲ့ လိုင်စင်မှတ်ပုံ တင်ကြေးနှင့် နှစ်စဉ်ကြေးနှုန်းထား များတိုးမြှင့် ကောက်ခံလိုက်တဲ့အ တွက် ဦးအမြင်ကို ပြောရရင် တိုက် ခန်းတွေရဲ့ ဈေးနှုန်းတွေက မြင့် တက်လာနိုင်ပါတယ်''ဟု သုံးသပ်ပြော ကြားသည်။

YMG ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment