Pages

Sunday, November 23, 2014

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၄/၆-၇)ကြားတွင် အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်သဖြင့် ဒဏ်ရာရ


RangonNewsDaily:: November . 22 .2014
၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး
မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၄/၆-၇)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းရရှိသည်။
သတင်းအရအုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွား
ရောက်စစ်ဆေးချက်အရ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြ
သာစည်မြို့နယ်နေ အောင်တိုး(၅၆)နှစ်မောင်းနှင်လာသော 2F/**** TOYOTA KLUGER အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်၌နှစ်ပတ်ခန့်လိမ့်ကာ တိမ်းမှောက် ခဲ့ပြီးနောက် လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိရပ်တန့်သွားကြောင်းသိရှိရသည်။
::
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ချမ်းမြသာစည်မြို့နယ်နေ ဒေါ်အေးအေးချို(၅၅)နှစ်တွင် နဖူးပွန်းပဲ့ဒဏ်ရာရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်တိုးအား အုတ်ရှစ်ကုန်း
အမြန်လမ်းရဲစခန်းယာဉ်(ပ)၂၄/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment