Pages

Sunday, November 23, 2014

" ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအနေနှင့် နိုင်ငံသားတစ်ဦးအနေဖြင့်နိုင်ငံရေးတွင် ပါ ၀င်နေသေးကြောင်း ပြည်ခိုင်ဖြိုး ဒုတိယဥက္ကဌပြော "


RangonNewsDaily:: November . 23 .2014
ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအနေနှင့် နိုင်ငံသားတစ်ဦးအနေဖြင့်
နိုင်ငံရေးတွင် ပါဝင်နေသေးကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက ပြောသည်။
သို့သော် နိုင်ငံရေးတွင် ပါဝင်နေသော်လည်း လွှမ်းမိုးမှုနှင့် ဦးဆောင်မှု လုံးဝမရှိတော့ကြောင်း ဦးဌေးဦး က ထပ်မံပြောသည်။“နိုင်ငံသားတစ်ဦးအနေနဲ့ နိုင်ငံရေးမှာတော့ ပါဝင်နေတယ် ဒါပေမဲ့ လွှမ်းမိုးမှု ဦးဆောင်မှု
က တော့လုံးဝမရှိတော့ဘူး သက်ဆိုင်ရာ ခေါင်းဆောင်တွေကို လွဲပြီးသွားပြီလေ”ဟု ၄င်းက
ထပ်မံ သုံးသပ်သည်။
::
ပြည်ထောင်စုလွှတ်တော် ခတ္တနားနေစဉ်တွင် သတင်းသမားများနှင့် ဦးဌေးဦးတို့တွေ့ဆုံ မေးမြန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုချိန်ထိ လွှတ်တော်ထဲတွင် ဆွေးနွေးနေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲတွင် ပါဝင်ပြီး တပ်မတော်မှ လက်ရှိချိန်ထိ ပြင်ဆင်ရန်ငြင်းဆန်လျှက်ရှိသောပုဒ်မ ၄၃၆ နှင့်ပတ်သတ်ပြီး လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း၏ သဘောဆန္ဒ လုံးဝမပါဝင်နိုင်ကြောင်း ဦးဌေးဦးက ထပ်မံမှတ်ချက်ပြုသည်။
::
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ်တွင် နအဖ ဥက္ကဌအဖြစ်မှအနားယူသွားပြီး ၎င်းဦးဆောင်၍ပြောင်းလဲ
ခဲ့သော မြန်မာ့ဒီမိုကရေစီအပြောင်းအလဲသည် ယခုအချိန်တွင်အခြေခံဥပဒေပြင်ဆင်ရေးအကျပ်အတည်း ၊ ငြိမ်းချမ်းရေး
အကျပ်အတည်းတို့နှင့် တွေ့ကြုံနေရသည်ဟု ပြည်တွင်း ၊ ပြည်ပမီဒီယာများတွင် ဖော်ပြလျှက်ရှိသည်။ ယင်းကိစ္စအပေါ် နေပြည်တော်ရှိ သာမာန်ပြည်သူများကိုမေးမြန်းကြည့်ရာ မှတ်ချက်မပေးလိုကြောင်း သိရှိရသည်။

Popular Myanmar ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment