Pages

Sunday, November 23, 2014

မုံရွာကန်သာယာကျွန်း လွတ်လပ်ရေးကျောက်တိုင် ခြင်္သေ့ရုပ်များ ဖျက်ဆီးခံရ


RangonNewsDaily:: November . 22 .2014
မုံရွာမြို့၏ ဘေးမဲ့ကန်ကြီး ဖြစ်သည့်ကန်သာယာကျွန်း လွတ်လပ်ရေးကျောက်တိုင် ပတ်လည်ရှိ ခြင်္သေ့ရုပ်များ 
ဖျက်ဆီးခံထားရကြောင်း ကန်သာယာတွင် နေ့စဉ်ကျန်းမားရေး လေ့ကျင့်ခန်း ပြုလုပ်နေသူများထံမှ သိရသည်။
“ခြင်္သေ့ရုပ်ငါးရုပ်လုံး ဖျက်ဆီးခံထားရတာ။ လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင် ဖြစ်တာကြောင့် ဒီလိုမျိုး မလုပ်သင့်ဘူး။ အခုတော့ ရှိသမျှ အရုပ်အားလုံး ဖျက်ဆီးထားတယ်” ဟု ချမ်းမြသာစည် ရပ်ကွက်တွင် နေထိုင်ပြီး ကန်သာယာတွင် နေ့စဉ် ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်သည့် အသက် ၄၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းကျွန်းပေါ်ရှိ ကျောက်တိုင်ပတ်လည်တွင် ဘီယာဘူးနှင့် အရက်ပုလင်း အခွန်များကို နေ့စဉ် တွေ့ရသောကြောင့် ညပိုင်းတွင် လူငယ်များ ဝိုင်းဖွဲ့၍ လာရောက်သည်ဟု ယူဆရကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
::
အဆိုပါ ခြင်္သေ့ရုပ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ အမှုဖွင့်တိုင်ကြားထားခြင်း မရှိကြောင်း၊ ညနက်ပိုင်းအချိန်များ၌ ကျွန်းပေါ်သို့ လာရောက်သည့် အရက်သေစာ သောက်စားထားသူများ ဖျက်ဆီးခဲ့ခြင်း ဖြစ်နိုင်ကြောင်း မုံရွာမြို့မ ရဲစခန်းမှူး ဦးကျော်ကျော်ညွန့်က ပြောကြားသည်။
::
လွတ်လပ်ရေးကျောက်တိုင် တည်ရှိရာ ကန်သာယာကျွန်းတွင် ယခုနှစ် သီတင်းကျွတ်လပြည့်နေ့မှစ၍ မီးရှူးမီးပန်းနှင့် ဗျောက်အိုးများကို လွတ်လပ်စွာ ဖောက်နိုင်သည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း ယင်းကဲ့သို့ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း မုံရွာမြို့ခံများက ပြောဆိုသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment