Pages

Sunday, November 23, 2014

မာဒါဂါစကာတွင် ပလိပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် လူ(၄၀)ကျော်သေဆုံး


RangonNewsDaily:: November . 22 .2014
မာဒါဂါစကာ နိုင်ငံတွင် ပလိပ်ရောဂါတစ်ရပ် ပျံ့နှံ့ဖြစ်ပွားခဲ့ရာ လူပေါင်း(၈၀)ကျော် ကူးစက်ခံရပြီး (၄၀)မျှ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အာဖရိကတိုက် အရှေ့တောင်ဘက်ရှိ ကျွန်းနိုင်ငံလေး၏ မြို့တော် အန်တာနာနာရီဗို အနီးတဝိုက်တွင် ပလိပ်ရောဂါ ပျံ့နှံ့မှု လျင်လျင်မြန်မြန် ဆက်လက် ဖြစ်ပွားနေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ပလိပ်ရောဂါ ရှိနေသည့် ကြွက်များတွင် ခိုအောင်းနေသော လှေးပိုးကောင်များ ကိုက်ခဲခြင်းကို ခံရပါက လူသားများထံ ရောဂါကူးစက်နိုင်သည်။ အန်တာနာနာရီဗိုတွင် လှေးပိုးများ ပျံ့နှံ့မှု ထူထပ်စွာ ရှိနေခြင်းကြောင့် အခြေအနေ ပိုမိုဆိုးရွားလာမည့် အလားအလာသို့ ဦးတည်နေခြင်း ဖြစ်သည်။

ရောဂါကူးစက်မှု အစောပိုင်းအဆင့်တွင် တွေ့ရှိပါက ပိုးသတ်ဆေးများဖြင့် ကြပ်မတ် ကုသနိုင်သည်။ သို့သော်လည်း ချောင်းဆိုးရာမှ လူအချင်းချင်း ကူးစက်နိုင်သည့် ယင်းရောဂါကို ထိန်းချုပ်ရာတွင် မာဒါဂါစကာ လူ့အသိုက်အဝန်း၌ အားနည်းချက်များ ရှိနေကြောင်း သိရသည်။

ပညာရှင်များက ဩဂုတ်လကုန်ပိုင်းတွင် မြို့တော်အနောက်ဘက် ကီလိုမီတာ (၂၀၀)ကျော်မှ ကျေးရွာလေးတစ်ခုတွင် လူတစ်ဦး ပလိပ်ရောဂါဖြင့် သေဆုံးခြင်းမှာ ယခုကူးစက်မှုတွင် ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့သည့် အခြေအနေဟု ဆိုသည်။ “အခုတော့ ထင်ထားတာထက် ပိုပြီးတော့ ကူးစက်မှုနှုန်းက မြန်နေတာကို စိုးရိမ်လာရပါပြီ။ အန်တာနာနာရီဗိုမှာ လူနေသိပ်သည်းတယ်။ ဒါပေမဲ့ ကျန်းမာရေး အသိအမြင်ကျတော့ နည်းလွန်းတယ်လေ”ဟု WHO မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယခုအခါ WHO သည် ကျန်းမာရေး ပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ခုကို စေလွှတ်ကာ ရောဂါထိန်းချုပ်မှုကို လုပ်ဆောင်ရန် စတင်ကြိုးစားနေပြီ ဖြစ်သည်။ မာဒါဂါစကာရှိ အကျဉ်းထောင်များတွင် သန့်ရှင်းမှု အားနည်းပြီး ကြွက်များ ထူထပ်ပေါများစွာ ကျက်စားနေခြင်းက ရောဂါကူးစက်မှု အခြေအနေကို ပိုမို ဆိုးရွားစေနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။

_Ref: BBC , 7Day , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment