Pages

Sunday, November 23, 2014

ဆက်တိုက်မြင့်တက်နေသော အမေရိကန်ဒေါ်လာဈေးနှုန်း နှစ်ရက်ဆက်တိုက်ပြန်လည်ကျဆင်းလာ


RangonNewsDaily:: November . 22 .2014
နိုဝင်ဘာ လအတွင်း ဆက်တိုက်မြင့်တက်နေ သော အမေရိကန်ဒေါ်လာဈေးနှုန်း နှစ်ရက်ဆက်တိုက် ပြန်လည်ကျ ဆင်းလာကြောင်း ငွေကြေးဈေးကွက် လေ့လာသူများထံမှ သိရသည်။
နိုဝင်ဘာလ ၁၉ ရက်က အ မေရိကန်တစ်ဒေါ်လာလျှင် မြန်မာ ငွေဝယ်ဈေး ၁ဝ၈ဝ ကျပ်၊ ရောင်း ဈေး ၁ဝ၉ဝ ကျပ်နီးပါးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း လက်ရှိ နိုဝင်ဘာ ၂၁ရက်တွင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာလျှင် မြန် မာငွေဝယ်ဈေး ၁ဝ၄၉ကျပ်၊ ရောင်း ဈေး ၁ဝ၅၂ ကျပ်နှင့် နိုဝင်ဘာ ၂၁ ရက်တွင် ဝယ်ဈေး ၁ဝ၄ဝ ကျပ်ရောင်း ဈေး ၁ဝ၄၈ကျပ် နီးပါးဖြင့် ပြည် တွင်းဘဏ်အချို့တွင် အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

စီးပွားရေးပညာရှင် ဦးလှ မောင်က ''ဒေါ်လာဈေး ပြန်ကျလာ တာကတော့ ဗဟိုဘဏ်ကနေ ဈေး မကစားဖို့ သတိပေးတာရယ်၊ လိုအပ် တဲ့ဒေါ်လာကို ဖြည့်ဆည်းပေးတဲ့ အတွက်နည်းနည်း ပြန်ကျလာတာ ပါ။ ကမ္ဘာ့ငွေကြေးဈေးကွက်အခြေ အနေနဲ့ ပြည်တွင်းသွင်းကုန် လုပ် ငန်းရှင်တွေရဲ့ ဒေါ်လာလိုအပ်ချက် လည်းရှိနေသေးတော့ အများကြီး တော့အပြောင်းအလဲ မဖြစ်နိုင်ဘူး။ နဂိုဈေးနှုန်းဖြစ်တဲ့ ၉ဝဝ ကျပ် ပတ် ဝန်းကျင်လောက် ပြန်ကျဖို့တော့ မဖြစ်နိုင်ဘူး''ဟု ဆိုသည်။


ပြည်တွင်းဘဏ်များသို့ ဗဟို ဘဏ်မှ ဒေါ်လာများရောင်းချပေး ရာတွင် ပြည်တွင်းဘဏ်များက သတ် မှတ်နှုန်းထားထက် ပိုမရောင်းရန် စည်းကမ်းချက်များ သတ်မှတ်ထား သော်လည်း ပိုမိုရောင်းချမှုများရှိခဲ့ ကြောင်း သိရသည်။


ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ ဦးရဲမင်းဦးက'' အစကတည်းကငွေ လဲနှုန်းက ၁ဝ၅ဝ ကျပ်ပတ်ဝန်းကျင် လောက်ပဲ ပုံမှန်ဈေးနှုန်းကဖြစ်သင့် တာ၊ ဒါပေမဲ့အကြောင်းကြောင်း ကြောင့် မြင့်သွားပေမယ့်အခုတော့ ပြန်ကျလာတဲ့ သဘောပါပဲ၊ ဒီရက် မှာ ဒေါ်လာဈေးနှုန်း ပြန်ကျနေပေ မယ့် တစ်ဒေါ်လာကို တစ်ထောင် အောက်တော့ ပြန်ကျမှာ မဟုတ် ဘူး''ဟု ဆိုသည်။


နိုဝင်ဘာလ ၁၉ ရက် ဗဟို ဘဏ်မှ ငွေလဲနှုန်းကို အမေရိကန် တစ်ဒေါ်လာလျှင် ၁ဝ၄၈ ကျပ်မှ နိုဝင်ဘာ ၂ဝရက်တွင် ၁ဝ၄၄ကျပ် နှင့် နိုဝင်ဘာ ၂၁ရက်တွင် ၁ဝ၄ဝ ကျပ်သို့ လျှော့ချပေးခဲ့သဖြင့် ယင်း ကဲ့သို့ ငွေလဲနှုန်းများ လျော့ကျလာ ခြင်းဖြစ်ကြောင်း ပြည်တွင်းငွေကြေး ဈေးကွက်လေ့လာသူများထံမှသိရ သည်။


စီးပွားရေး လုပ်ငန်းရှင် ဦးသိန်း နိုင်က'' ဒေါ်လာဈေး မြင့်တက်လာ တဲ့ အိတ်စပို့နဲ့ ပတ်သက်တဲ့ကုန် စည်တွေ မြင့်တက်လာတယ်၊ အဲဒီ အတွက် ဗဟိုဘဏ်အနေနဲ့ ဒေါ်လာ ဈေးကို ကျဆင်းအောင် ပြန်ပြီးထိန်း ညှိပေးတဲ့ သဘောရှိတယ်''ဟု ဆိုသည်။


လက်ရှိ ပြည်တွင်းကုန်စည်ဈေး ကွက်အတွင်း ဒေါ်လာဈေးနှုန်းမြင့် တက်လာမှုအပေါ် ပြည်ပမှတင်သွင်း သည့် ကုန်စည်များဈေးနှုန်းမြင့် တက်လာသည့်အပြင် အခြေခံစား သောက်ကုန်များပါ လိုက်ပါဈေး နှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


မြန်မာကျပ်ငွေ တန်ဖိုးသည် ယခုနှစ် ဇန်နဝါရီလအတွင်း ၁ဝ ရာခိုင် နှုန်းနီးပါး ကျဆင်းသွားပြီး ထိုင်း ငွေတန်ဖိုးမှာ ၈ ရာခိုင်နှုန်း၊ အိန္ဒိယ ငွေတန်ဖိုးမှာ ၁၅ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှား ငွေတန်ဖိုးမှာ ၂၆ ရာ ခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း သိရ သည်။


Democracytoday, 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment