Pages

Saturday, November 22, 2014

ဦးမြငါးစင် သမ္ဗန်ဆိပ် MEC က သံဆန်ခါဖြင့် ကာရံ၍ ကျောင်းသားငယ်များ အပါအ၀င် ပြည်သူများအခက်တွေ့

RangonNewsDaily:: November . 22 .2014
အလုံမြို့နယ်၊ ဦးမြငါး စင်သမ္ဗန်ဆိပ်တွင် မြန်မာစီးပွား ရေးကော်ပိုရေးရှင်း(MEC) က သံဆန်ခါကာရံပိတ်ဆို့ထားသော ကြောင့် ကြည့်မြင်တိုင်တစ်ဖက် ကမ်းနေ ကျောင်းသားများ အပါ အ၀င် ပြည်သူခြောက်ထောင်ခန့် နေ့စဉ်သွားလာရန် အခက်အခဲ ကြုံတွေ့နေကြောင်း ဒေသခံများ ကပြောသည်။
ဦးမြငါးစင်သမ္ဗန်ဆိပ်တွင် လုပ်ကိုင်နေသော သမ္ဗန်ယာဉ် ၆၀ ခန့်ရှိပြီး လူတစ်ဦးလျှင် ၂၀၀ကျပ် ဖြင့် လှိုင်မြစ်ကို ဖြတ်၍ ရန် ကုန်မြို့တွင်းသို့ သွားလာရာတွင် အဓိကသုံးနေသော သမ္ဗန်ဆိပ် တစ်ခုဖြစ်ကာ ကျောင်းသား များအပါအ၀င် လုပ်သားပြည်သူ ၆၀၀၀ ခန့် နေ့စဉ်ဖြတ်သန်းနေ သည်။

‘‘ကျောင်းသားတွေက ကြည့်မြင်တိုင်ဟိုဘက်ကမ်းမှာနေကြ တာ။ အလုံမြို့နယ်ဘက်က ကျောင်းကိုတက်ဖို့ နေ့တိုင်းသွား နေရတာ။ ခုမြစ်ကိုကူးပြီးတော့မှ အလုံဘက်ခြမ်းကို သွားလို့မရ အောင် သံဆန်ခါကာပြီး ပိတ် လိုက်တာ’’ဟု ကူညီပေးနေသူ ကြည့်မြင်တိုင်မြို့နယ်နေ မပုလဲ အောင်ကပြောသည်။

သမ္ဗန်ဆိပ်ကို သံဆန်ခါကာ ရံပြီး အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် ဒေသခံများ သွားလာရေးပိုဝေးကွာသွားပြီး ငွေကြေးအကုန်အကျ ပိုမို များပြားလာနိုင်သဖြင့် ဦးမြငါးစင်သမ္ဗန် ဆိပ်တွင် ကျောင်းသားကလေး ငယ် ၈၀ ခန့်နှင့် ၎င်းတို့မိဘများ၊ သမ္ဗန်လုပ်သားများက နိုဝင်ဘာ၁၇ ရက်မှစကာ နိုဝင်ဘာ ၂၀ ရက်အထိ နေ့စဉ်ဆန္ဒပြနေသည်။

‘‘ဒီလမ်းကသွားရင် ငါးမိနစ် ပဲကြာတယ်။ ခုလမ်းကြောင်းသစ် က သမ္ဗန်ကို မိနစ် ၄၀ လောက် စီးရတယ်။ ကလေးတွေကျောင်း ရှိတဲ့ နေရာရောက်ဖို့ ဆိုက်ကား စီးရမယ်။ ကားထပ်စီးရမယ်ဆို တော့ သွားရေးလာရေးခက်ခဲ တယ်’’ဟု ကလေးမိဘတစ်ဦးက ရှင်းပြသည်။

ကြည့်မြင်တိုင်တစ်ဖက် ကမ်းတွင် အမက (၁၈) သာရှိပြီး ဆရာ မလုံလောက်ခြင်းကြောင့် အထကကျောင်းတစ်ခု ပေါ် ပေါက်ရန်လည်း ဒေသခံများက လိုလားနေကြသည်။

အဆိုပါသမ္ဗန်ဆိပ်ကို အ သုံးပြုနေသည်မှာ ၂ နှစ်ကျော် ပြီဖြစ်ပြီး ယခုကဲ့သို့ သမ္ဗန်ဆိပ် များကို အဆင့်ဆင့်နေရာပြောင်း ခိုင်းသည်မှာ ၁၀ နှစ်အတွင်း ခြောက်ကြိမ်မြောက် ရှိပြီဖြစ် ကြောင်း ဒေသခံများက ပြော သည်။

‘‘ကျွန်တော်တို့ဘက်မှာက စက်ရုံတွေ ဘာတွေမရှိဘူး။ ရန် ကုန်ဘက်တက်ပြီး အခြေခံလူ တန်းစားတွေအလုပ်လုပ်ကြရ တာ။ ကျန်းမာရေးဆိုလည်း ဒီ လမ်းကနေပဲ အရေးပေါ်သွားနေ ရတာ။ အဆင့်မြင့်ဆေးရုံလည်း ရှိတာမဟုတ်ဘူးလေ။ ကျေး လက်ဆေးခန်းလေးတောင် နေ့ ဘက်ပဲဖွင့်တာ’’ဟု သမ္ဗန်သမား တစ်ဦးကပြောသည်။

ဦးမြငါးစင် သမ္ဗန်ဆိပ်နေ ရာအတွက် မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်က လေ့လာစိစစ်ခဲ့ရာ သမ္ဗန်ဆိပ်သည် မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း(MEC)မှ တည်ဆောက်လျက်ရှိသော နောင်တိုစီမံကိန်းနှင့် အရုဏ်ဦးကုမ္ပဏီ တည်ဆောက်နေသော ဆိပ်ခံတံ တားကြားအနီးတွင်တည်ရှိနေဟု ဆိုသည်။

နောင်တိုစီမံကိန်းနှင့် အရုဏ်ဦးကုမ္ပဏီကြားတွင် အကျယ် ၂၀ အရှည် ၁၈၀၀ ပေခန့်ရှိ လူသွား လမ်းရှိပြီး လမ်းတစ်ဘက်တစ် ချက်စီတွင် အမြင့် ကိုးပေခန့်ရှိ အုတ်ခြံစည်းရိုးကာရံထားပါသ ဖြင့် ပေ ၂၀ အကျယ်လမ်းမှာ သီးခြားဖြစ်နေပါသည်။ လက်ရှိ အနေအထားမှာ အရုဏ်ဦးကုမ္ပဏီက တည်ဆောက်နေသည့် ကွန်က ရစ်ဆိပ်ခံတံတားနှင့် နီးကပ် ပေ ၂၀ အရှည် ၁၈၀၀ ရှိလူသွားလမ်း တည့်တည့်သို့ ပြောင်းရွှေ့ဆိုက် ကပ်ပါက သင်္ဘောကြီးများနှင့် လွတ်ကင်းမှုရှိနိုင်ပါသဖြင့် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ကန့်ကွက်ရန်မရှိပါကြောင်း ရည်ညွှန်းစာဖြင့်ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံတင် ပြထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း အလုံမြို့ နယ်တစ်ဖက်ကမ်းရှိ ဦးမြငါးစင်၊ ချောင်ဝိုင်းကြီး၊ ချောင်းဝိုင်းလေး ကျေးရွာများရှိ လုပ်သားပြည်သူ များ၊ ကျောင်းသား၊ ကျောင်းသူ များတောင်းခံသည့် အဆိုပြုလမ်း အကျယ် ပေ၂၀၊ အရှည် ၁၈၀၀ ပေ နှင့် အဆိုပါလူသွားလမ်းနေရာ သို့ သမ္ဗန်ဆိပ်ပြောင်းရွှေ့မှုကိုခွင့်ပြုကြောင်း ၀န်ကြီးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ၂၀၁၄ မေလ ၆ ရက်က ထုတ်ပြန်ပေးထားသည်။

‘‘ဆိပ်ကမ်းအာဏာပိုင်နဲ့ မဆိုင်ဘူး။ MEC ဆိပ်ကမ်းကို ခု နေရာကို တာဝန်ပေးထားတာ။ ရုံးချုပ်ကိုတော့ ခုကျောင်းသားတွေ ဆန္ဒပြတဲ့ကိစ္စတက်မလာသေး ဘူး’’ဟု မြန်မာ့စီးပွားရေးကော်ပို ရေးရှင်(MEC) ရုံးချုပ်၏ အုပ်ချုပ် ရေးရုံးပိုင်းမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။

သံဆန်ခါကာရံပိတ်ဆိုခဲ့သော အလုံမြို့နယ်ရှိ ဦးမြငါးစင်ကူးတို့ ဆိပ်ကို ပြန်လည်ဖွင့်လှစ်ရန် မူလ တန်းမှစ၍ တက္ကသိုလ်ဝင်တန်း အထိ တက်နေသော ကျောင်းသားများနှင့် မိဘများက လမ်းမဖွင့် ပေးမချင်းဆက်လက်ဆန္ဒပြမည် ဟုဆိုသည်။

ကြည့်မြင်တိုင် တစ်ဖက် ကမ်းမှ ကျောင်းသားများသည် အလုံမြို့နယ် အမှတ် (၇) အခြေခံ ပညာအထက်တန်းကျောင်းသို့ လာရောက်ပညာသင်ကြားနေ သော ကျောင်းသားများဖြစ်သည်။

‘‘နိုင်ငံတော်ခွင့်မပြုဘဲ လုပ် လို့မရဘူး။ တရားဝင်ရထားတဲ့ နေရာဖြစ်လို့ပေါ့။ ဒေသခံတွေ သွားရေး၊ လာရေးခက်ခဲရင်တော့ တိုင်းဒေသကြီးအစိုးရကို စာတင် ပေါ့။ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးတွေက ခွင့်ပြုရင်တော့ အောက်ခြေအဆင့်တွေကို ညှိရမယ်ထင် တယ်’’ဟု ပို့ဆောင်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက အ ကြံပြုပြောဆိုသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment