Pages

Saturday, November 22, 2014

" မယ်ကမ္ဘာပြိုင်ပွဲဝင်မယ့် ဟွန်းဒူးရပ်(စ်) အလှမယ် သဝန်တိုတတ်တဲ့ချစ်သူ ကြောင့် သေဆုံး


RangonNewsDaily:: November . 22 .2014
ခြောက်ရက်ကြာပျောက်ဆုံးခဲ့တဲ့ ပူပူနွေးနွေး ဟူဒူးရပ်(စ်)အလှမယ် မာရီယာနှင့် အစ်မဖြစ်သူဆိုဖီယာရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ ရှိခဲ့ ကြောင်း အေပီနဲ့ ဘီဘီစီသတင်း ဌာနဖော်ပြထားပါတယ်။
အသက် ၁၉နှစ်အရွယ် အလှမယ် မာရီယာက မယ်ကမ္ဘာပြိုင်ပွဲအတွက် လန်ဒန်ကို မထွက်ခွာမီ ပျောက်ဆုံးနေခဲ့ တာဖြစ်ပါတယ်။

သူတို့ညီအစ်မနှစ်ဦးရဲ့ ရုပ်အလောင်းကို ဆန်တာဘာ အရာမြို့မြောက်ပိုင်းရှိ မြစ်ကမ်း အနီးမှာရှာဖွေတွေ့ရှိခဲ့ ကြောင်း
 ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၉ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့ညီအစ်မနှစ်ဦးကို အစ်မဖြစ်သူဆိုဖီယာရဲ့ ချစ်သူပလူတာကိုက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီညီအစ်မနှစ်ယောက်က မပျောက်ဆုံး ခင် ပလူတာကိုရဲ့ မွေးနေ့ ပါတီကိုတက်ရောက် ခဲ့ကာအစ်မဖြစ်သူဆိုဖီယာက တခြားအမျိုးသား တစ်ဦးနဲ့ တွဲကခဲ့တာကြောင့်သဝန်တိုပြီးခေါင်းကို သေနတ်နဲ့ပစ်သတ်ခဲ့ခြင်းဖြစ်ပါတယ်။ 


မာရီ ယာဟာထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင် မြင်ခဲ့ဘဲ ဦးခေါင်းကိုသေနတ်ဖြင့်နှစ်ချက်ပစ်ခံခဲ့ ရပြီးသေဆုံး
ခဲ့ပါတယ်။ဟူဒူးရတ်(စ်)နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ လူသတ်မှုကျူးလွန်မှုအများဆုံး နိုင်ငံဖြစ် ပြီးလူတစ်သိန်းနှင့် ၉ဝ.၄ ဦးနှုန်း
အသက်ခံခဲ့ ရကြောင်း ဧပြီလအတွင်း ကုလ သမဂ္ဂကသတင်းထုတ် ပြန်ခဲ့ပါတယ်။ 

Ref;Yahoo , Popular Journal , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment