Pages

Saturday, November 22, 2014

ပန်းဘဲတန်းမြို့နယ်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လူငယ်(၂)ဦးပေါ်သို့ မြေကြီးသိုလှောင်ကန် ပြိုကျကာမြေပိမိမှုဖြစ်ပွား


RangonNewsDaily:: November . 22 .2014
၂၀.၁၁.၂၀၁၄ ရက်နေ့ ၁၆၅၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရွှေတိဂုံ ဘုရားလမ်းနှင့်(၂၇)လမ်းကြားရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လူငယ်(၂)ဦးမြေပိမိမှုဖြစ်
ပွားခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေကြီးများသိုလှောင်ရာ၌အသုံးပြုသည့်
ပေ(၄၀)ပတ်လည်၊အမြင့်ပေ(၂၀)ခန့်ရှိ သံဖြင့်ပြုလုပ်ထားသောကန်၏ (၂၇)လမ်းဘက်အခြမ်းရှိ သံကိုယ်ထည်မှာ ရွံမြေကြီးများ၏အလေးချိန်ကြောင့် ပြိုကျသွားခဲ့ကြောင်း၊ ထိုသို့ပြိုကျခဲ့သဖြင့် အနီးတွင်ရှိနေသည့် မြေသယ်ယာဉ် ယာဉ်နောက်လိုက်ဖြစ်သော ကိုသူ(ခ)သူရိန်လှိုင်
ဝင်းနှင့် ကိုပြည့်ဖြိုးအောင်တို့ (၂)ဦး အပေါ်သို့ မြေကြီးများပိသွားခဲ့ကြောင်း သိရှိရပါသည်။
::
ထိုသို့မြေပိမိသူ (၂)ဦးအား မီးသတ်ဦးစီးဌာနမှကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ၁၇၀၀ အချိန်တွင် ကိုသူ(ခ)သူရိန်လှိုင်ဝင်းအား ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ၁၇၃၀ အချိန်တွင် ကိုပြည့်ဖြိုးအောင်
အား ကယ်ထုတ်နိုင်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းသတင်းရရှိ
ပါသည်။

KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment